အစိုးရိမ်လွန်ပြီး သတိပေးတဲ့စကားတွေဟာ ကာတွန်းရုပ်ပြောင်ထဲမှာတောင်ပါလာခဲ့ကြောင်း ပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုရရှိနေတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာဝမ်းစာပြည့်ဝသလို အမှန်တရားကိုလည်း ချစ်မြတ်နိုးတဲ့ မင်းမော်ကွန်းဟာ လက်ရှိစစ်အာဏာသိမ်းထားစဉ်ကာလမှာလည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပြည်သူတွေနဲ့ တသားတည်းရပ်တည်နေသူတစ်ယောက်ပါ။ ယခုအချိန်ထိတိုင် လွတ်မြောက်နယ်မြေမှာ နေထိုင်ဖြတ်သန်းနေတဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာတော့ သူ့အကြောင်းရေးဆွဲထားတဲ့ ရုပ်ပြောင်ကာတွန်းလေးနဲ့ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။

မင်းမော်ကွန်းက အစိုးရိမ်လွန်ပြီး သတိပေးရာကနေ ဆူသလိုဖြစ်သွားမိခဲ့တာတွေအတွက် ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ စနောက်ကြသလို ကာတွန်းဆရာတွေကလည်း သူတို့ရဲ့ တစ်ကွက်ကာတွန်းတွေမှာ ထည့်သွင်းဖော်ပြကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မင်းမော်ကွန်းက ကာတွန်းနာနတ်သီးရေးဆွဲထားတဲ့ တစ်ကွက်ကာတွန်းလေးကိုဖော်ပြပြီး “မဆူပါဘူးဗျာစိုးရိမ်လို့သတိပေးတာပါ” ဆိုပြီး ချစ်စရာကောင်းစွာ ပြန်ပြောခဲ့ပါတယ်။

မင်းမော်ကွန်းကတော့ ဘယ်လောက်ပဲဆူဆူ ပရိသတ်တွေကတော့ မင်းမော်ကွန်းကို ရင်ထဲကနေ လေးစားပြီးသားဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။

Soutce: Kyaw Kyaw Htay Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.