နေ့ပြန်တိုးကော အရင်းကောပြန်ဆပ်လို့ရပြီ သားရယ်ဆိုပီး ဆုတွေပေးနေရှာတဲ့ အသက်(၈၃)နှစ်အရွယ်အဖွား
|နေ့ပြန်တိုးကော အရင်းကောပြန်ဆပ်လို့ရပြီ သားရယ်ဆိုပီး ဆုတွေပေးနေရှာတဲ့ အသက်(၈၃)နှစ်အရွယ်အဖွား
နေ့ပြန်တိုးကော အရင်းကော…ပြန်ဆပ်လို့ရပြီ သားရယ်
အဖွား အသက်(၈၃)နှစ်…တောင်ဥက္ကလာထဲ ဆေးမြစ်စုံ သနပ်ခါးလေးတွေ ပတ်ရောင်းတယ်တဲ့…ချွေးမအိမ်မှာ ကပ်နေရပါတယ် တဲ့(ပတ်ဝန်းကျင်က ပြောတဲ့စကားတွေတော့ မပြောတော့ပါဘူးနော်
)အဖွားက ကိုယ့်ဘာသာပဲ ရုန်းကန်ရှာဖွေစားသောက်ရတာပါ သားရယ်
အဖွားက ဆေးမြစ်စုံ သနပ်ခါးလေးတွေ အကြွေးနဲ့ ပြန်ယူရောင်းတယ်…(၃)ရက်ကို တသောင်း ဆိုင်ကို ပြန်ပေးရပါတယ်တဲ့…တနေ့ ၁၅၀၀လောက် အဖွားအတွက် အမြတ်ရပါတယ် အဖွားမှာ အကြွေးတွေ ဘာတွေ ရှိလာမေးကြည့်တော့…..
ရှိတယ် သားလေး….ရပ်ကွက်ထဲ (၁၅,၀၀၀)ကျပ် ရှိတယ်…တနေ့ တထောင်နဲ့ အတိုးပေးရပါတယ် သား…အဖွား အကြွေးဆပ်ချင်လား မေးလိုက်တော့…ဆပ်ချင်တာပေါ့ သားလေးရယ်…အဖွား အသက်က ကြီးနေပါပြီ အကြွေးတွေလဲ ကင်းချင်ပါပြီ သားရယ်
ရော့ အဖွား…. 50,000 Ks နော်…အဖွား လိုရာ သုံးဖို့ပါ ဝမ်းသာလိုက်တာ…အဖွား နေ့ပြန်တိုးကော အရင်းကော ပြန်ဆပ်လို့ရပြီ သားရယ်ကျေးဇူးတင်ပါတယ်ဆိုပြီ…ဆုတွေ တောင်းပေးရှာတယ်
ရပါတယ် အဖွားရယ်…အဖွား လိုအပ်တာ သုံးပါနော်
အဖွား ပိုတာလေးကို စားဖို့ သောက်ဖို့လေး ဝယ်သွားမယ် ဟုတ်…အဖွားကို သား ဆိုက်ကားငှါးပေးလိုက်မယ်နော်…ဖြေးဖြေးပြန်ပါနော်
ဆိုက်ကား ဆရာကြီးနဲ့ သေချာ အပ်ပေးပြီ ပြန်ပို့ပေးလိုက်ပါတယ်
ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ
)
•အော…မိဘ အသက်ရှိတုန်း…လုပ်ကျွေးခွင့်ရတုန်း လုပ်ကျွေးကြပါဗျာ…သေမှ နောင်တမရကြပါနဲ့ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက#ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
Zawgyi
နေ့ပြန်တိုးကော အရင်းကော…ပြန်ဆပ်လို့ရပြီ သားရယ် မနက်စောစော…အမ တယောက်မှ ဖုန်းဆက်လာတယ်…သူတို့နား အဖွားလာရောင်းနေတာ တွေ့တယ်တဲ့…
)
09-5408437