အလှူရှင်တွေစုပေါင်းလှူထားတဲ့ ဂေဟာသစ်ကြီးဆီ သားတွေသမီးတွေကို ပျော်ပျော်ပါးပါးရွှေ့ပြောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး မိခင်ရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

စေတနာကောင်းသူပီပီ သူမရဲ့ဂေဟာအတွက် အလှူငွေတွေအများကြီးလက်ခံရရှိခဲ့တဲ့ ခိုင်နှင်းဝေက တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတဲ့ ကလေးတွေအတွက် ကျယ်ဝန်းသပ်ရပ်တဲ့ ဂေဟာသစ်တစ်ခုကိုလည်း (၇) ရက်သားသမီး အလှူရှင်တွေကြောင့် ဆောက်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာတော့ ခိုင်နှင်းဝေက ဂေဟာသစ်ကြီးဆီ သားတွေသမီးတွေကို ရွှေ့ပြောင်းပေးခဲ့ပြီဆိုတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးထားပါတယ်။

ခိုင်နှင်းဝေကတော့ သားသမီးတွေအတွက် သူမအချိန်အတော်ကြာမက်ခဲ့ရတဲ့ အိပ်မက်တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့ပြီမို့ ဝမ်းသာနေသလို ကလေးတွေကလည်း နေရာသစ်ကြီးဆီရောက်လို့ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

Source: Khine Hnin Wai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.