နှစ်တိုင်းမလွဲတဲ့ နာမည်ကျော် မျက်မမြင်မှော်ဆရာမရဲ့ ၂၀၂၂ ခုနှစ် ဟောကိန်းများ

နှစ်တိုင်းမလွဲတဲ့ နာမည်ကျော် မျက်မမြင်မှော်ဆရာမရဲ့ ၂၀၂၂ ခုနှစ် ဟောကိန်းများ

ဆူနာမီ ဂြိုလ်သားတွေနဲ့ ကပ်ရောဂါတွေ ကျရောက်ဦးမယ်ဆိုတဲ့ နာမည်ကျော် မျက်မမြင်မှော်ဆရာမရဲ့ ၂၀၂၂ ခုနှစ် ဟောကိန်းများ

၉/၁၁ ဖြစ်ရပ်နဲ့ Brexit ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တယ်လို့ မှတ်ယူခံထားရတဲ့ မျက်မမြင်ဆရာမတဦးရဲ့ ဟောကိန်းကို အားလုံးမှတ်မိကြမယ်ထင်ပါတယ် ။

ဘူလ်ဂေးရီးယားနိုင်ငံကဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှာ အမြင်အာရုံဆုံးရှုံးခဲ့တဲ့ Baba Vanga ဆိုတဲ့အမျိုးသမီးက အနာဂတ်ဟောကိန်းတွေကို ကြိုတင်တွက်ချက်ကာ ပြောဆိုခဲ့တာဖြစ်ပြီး ချာနိုဘိုင်းနူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမှု၊ မင်းသမီးဒိုင်ယာနာသေဆုံးမယ့်အကြောင်းတွေကိုပါ တိကျစွာ ခန့်မှန်းခဲ့သူဖြစ်ပါတယ်။

အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက်လည်း သူမက ကြောက်မက်ဖွယ်ရာကောင်းတဲ့ ခန့်မှန်းချက်တွေကို ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။ မျက်စိကွယ် ခဲ့ပြီးနောက် သူမကို ဘုရားသခင်က အနာဂတ် ကိုမြင်စေနိုင်မယ့် လက်ဆောင်တစ်ခုပေးခဲ့တယ်လို့လည်း ဘူလ်ဂေးရီးယား မှော်ဆရာမက ပြောဆိုခဲ့ပြီး Nostrada mus of the Balkans လို့ နာမည်ပြောင်ရထားတဲ့ သူမဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မှန်ကန်တဲ့ ဟောချက်တွေကို ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွက် သူမရဲ့ဟောကိန်းတွေထဲက သွေးထွက်အောင်မှန်မယ့်အချက်ကတော့ လူတွေဟာဖန်သားပြင်ရှေ့မှာ အရင်ကထက်ပိုပြီး အချိန်ပိုကြာအောင် နေထိုင်ကြမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ဖုန်း၊ ကွန်ပျူတာတွေရှေ့မှာ လူတွေပိုအချိန်ပေးကာ virtual world တခုကို ပိုမိုတည်ဆောက်ဖို့ကလည်း အမှန်တကယ် ရှိနေခဲ့တာဖြစ်ပါတယ်။

နောက်တချက်ကတော့ သူမက ကပ်ရောဂါတခုဖြစ်ပွားမယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် အေးခဲနေတဲ့ ရေခဲစိုင်တွေအတွင်း ပိတ်မိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကမ္ဘာပေါ်ကိုပျံ့နှံ့လာဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဆိုက်ဘေးရီးယားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကိုရိုနာကပ်ရောဂါ မပျောက်ကွယ်သေးခင်မှာပဲ နောက်ထပ်ကပ်ရောဂါကို လူသားတွေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအများအပြားဟာ အခြားရွေးချယ်စရာတွေကို မဖြစ်မနေရှာဖွေနေရတာကြောင့် နိုင်ငံရေးအကျိုးဆက်တွေနဲ့အတူ မြို့အများအပြားမှာ ရေပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်ရမယ်လို့လည်း သူမက ခန့်မှန်းထားပါတယ်။

နောက်တခုကတော့ ဂြိုလ်သားတွေက ကမ္ဘာမြေပေါ်ကျူးကျော်ဝင်ရောက်လာပြီး ကမ္ဘာပေါ်ကသက်ရှိတွေကို ရှာဖွေဖို့ ဂြိုလ်သိမ်တခု စေလွှတ်လိုက်မယ်ဆိုတာဖြစ်ပါတယ်။

ငါးခုမြောက်ဟောကိန်းကတော့ အိန္ဒိယမှာအပူချိန် ၅၀ ဒီဂရီ အထိ မြင့်တက်လာပြီး ကျိုင်းကောင်တွေက ကောက်ပဲသီးနှံတွေကို တိုက်ခိုက်မှာဖြစ်လို့အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ခြောက်ခုမြောက်ဟောကိန်းမှာတော့ ငလျင်နဲ့ ဆူနာမီလှိုင်းတွေ ပိုမိုဖြစ်ပွားလာဖို့ ရှိနေတယ်လို့ဆိုပါတယ်။

သူမကတော့ ၁၉၉၆ ခုနှစ်မှာ ကွယ်လွန် သွားပြီဖြစ်ခဲ့ပေမယ့် သူမရဲ့ ဟောကိန်းတွေက မှန်ကန်ခဲ့တာကြောင့် ဒီတကြိမ်မှာလည်း ဘယ်လောက်ထိမှန်ကန်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

crd

ႏွစ္တုိင္းမလြဲတဲ့ နာမည္ေက်ာ္ မ်က္မျမင္ေမွာ္ဆရာမရဲ့ ၂၀၂၂ ခုႏွစ္ ေဟာကိန္းမ်ား

ဆူနာမီ ၿဂိဳလ္သားေတြနဲ႔ ကပ္ေရာဂါေတြ က်ေရာက္ဦးမယ္ဆိုတဲ့ နာမည္ေက်ာ္ မ်က္မျမင္ေမွာ္ဆရာမရဲ့ ၂၀၂၂ ခုႏွစ္ ေဟာကိန္းမ်ား

၉/၁၁ ျဖစ္ရပ္နဲ႔ Brexit ျဖစ္ရပ္ေတြကို ႀကိဳတင္ေဟာကိန္းထုတ္နိုင္ခဲ့တယ္လို႔ မွတ္ယူခံထားရတဲ့ မ်က္မျမင္ဆရာမတဦးရဲ့ ေဟာကိန္းကို အားလုံးမွတ္မိၾကမယ္ထင္ပါတယ္ ။

ဘူလ္ေဂးရီးယားနိုင္ငံကျဖစ္ၿပီး အသက္ ၁၂ ႏွစ္အရြယ္မွာ အျမင္အာ႐ုံဆုံးရႈံးခဲ့တဲ့ Baba Vanga ဆိုတဲ့အမ်ိဳးသမီးက အနာဂတ္ေဟာကိန္းေတြကို ႀကိဳတင္တြက္ခ်က္ကာ ေျပာဆိုခဲ့တာျဖစ္ၿပီး ခ်ာနိုဘိုင္းႏူကလီးယားဓာတ္ေပါင္းဖိုေပါက္ကြဲမႈ၊ မင္းသမီးဒိုင္ယာနာေသဆုံးမယ့္အေၾကာင္းေတြကိုပါ တိက်စြာ ခန႔္မွန္းခဲ့သူျဖစ္ပါတယ္။

အခုလာမယ့္ ၂၀၂၂ ခုႏွစ္အတြက္လည္း သူမက ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့ ခန႔္မွန္းခ်က္ေတြကို ေျပာဆိုထားခဲ့ၿပီးျဖစ္ပါတယ္။ မ်က္စိကြယ္ ခဲ့ၿပီးေနာက္ သူမကို ဘုရားသခင္က အနာဂတ္ ကိုျမင္ေစနိုင္မယ့္ လက္ေဆာင္တစ္ခုေပးခဲ့တယ္လို႔လည္း ဘူလ္ေဂးရီးယား ေမွာ္ဆရာမက ေျပာဆိုခဲ့ၿပီး Nostrada mus of the Balkans လို႔ နာမည္ေျပာင္ရထားတဲ့ သူမဟာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ မွန္ကန္တဲ့ ေဟာခ်က္ေတြကို ေျပာဆိုခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္အတြက္ သူမရဲ့ေဟာကိန္းေတြထဲက ေသြးထြက္ေအာင္မွန္မယ့္အခ်က္ကေတာ့ လူေတြဟာဖန္သားျပင္ေရွ႕မွာ အရင္ကထက္ပိုၿပီး အခ်ိန္ပိုၾကာေအာင္ ေနထိုင္ၾကမယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။

ဆိုလိုတာကေတာ့ ဖုန္း၊ ကြန္ပ်ဴတာေတြေရွ႕မွာ လူေတြပိုအခ်ိန္ေပးကာ virtual world တခုကို ပိုမိုတည္ေဆာက္ဖို႔ကလည္း အမွန္တကယ္ ရွိေနခဲ့တာျဖစ္ပါတယ္။

ေနာက္တခ်က္ကေတာ့ သူမက ကပ္ေရာဂါတခုျဖစ္ပြားမယ္လို႔ ေျပာဆိုခဲ့ၿပီး လက္ရွိမွာ ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ ေအးခဲေနတဲ့ ေရခဲစိုင္ေတြအတြင္း ပိတ္မိေနတဲ့ ဗိုင္းရပ္စ္ပိုးေတြ ကမၻာေပၚကိုပ်ံ႕ႏွံ့လာဖို႔ နီးစပ္ေနတာျဖစ္ပါတယ္။

ဆိုက္ေဘးရီးယားမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ကိုရိုနာကပ္ေရာဂါ မေပ်ာက္ကြယ္ေသးခင္မွာပဲ ေနာက္ထပ္ကပ္ေရာဂါကို လူသားေတြ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

တခ်ိန္တည္းမွာပဲ နိုင္ငံအမ်ားအျပားဟာ အျခားေရြးခ်ယ္စရာေတြကို မျဖစ္မေနရွာေဖြေနရတာေၾကာင့္ နိုင္ငံေရးအက်ိဳးဆက္ေတြနဲ႔အတူ ၿမိဳ႕အမ်ားအျပားမွာ ေရျပတ္လပ္မႈဒဏ္ကို ရင္ဆိုင္ရမယ္လို႔လည္း သူမက ခန႔္မွန္းထားပါတယ္။

ေနာက္တခုကေတာ့ ၿဂိဳလ္သားေတြက ကမၻာေျမေပၚက်ဴးေက်ာ္ဝင္ေရာက္လာၿပီး ကမၻာေပၚကသက္ရွိေတြကို ရွာေဖြဖို႔ ၿဂိဳလ္သိမ္တခု ေစလႊတ္လိုက္မယ္ဆိုတာျဖစ္ပါတယ္။

ငါးခုေျမာက္ေဟာကိန္းကေတာ့ အိႏၵိယမွာအပူခ်ိန္ ၅၀ ဒီဂရီ အထိ ျမင့္တက္လာၿပီး က်ိဳင္းေကာင္ေတြက ေကာက္ပဲသီးႏွံေတြကို တိုက္ခိုက္မွာျဖစ္လို႔အငတ္ေဘးနဲ႔ ရင္ဆိုင္ရမယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။

ေျခာက္ခုေျမာက္ေဟာကိန္းမွာေတာ့ ငလ်င္နဲ႔ ဆူနာမီလွိုင္းေတြ ပိုမိုျဖစ္ပြားလာဖို႔ ရွိေနတယ္လို႔ဆိုပါတယ္။

သူမကေတာ့ ၁၉၉၆ ခုႏွစ္မွာ ကြယ္လြန္ သြားၿပီျဖစ္ခဲ့ေပမယ့္ သူမရဲ့ ေဟာကိန္းေတြက မွန္ကန္ခဲ့တာေၾကာင့္ ဒီတႀကိမ္မွာလည္း ဘယ္ေလာက္ထိမွန္ကန္မလဲဆိုတာကို အားလုံးက စိတ္ဝင္စားေနၾကပါတယ္။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*