တိုင်းရင်းသားများ ၇ လကြာ လေ့ကျင့်ပေးထားတသည့် PDF များ၏ စွမ်းရည်ကို သိလိုလျှင် စကစ၏ နေ့စဥ◌်ကျဆုံးမှုကိုကြည့်နိုင်ဟု NUG ဝန်ကြီးချုပ် ပြောဆို
စစ်ကောင်စီတပ် နေ့စဉ်…ေ..သ…ဆုံ…း…မှုစာရင်းကြည့်လျှင် သိနိုင်ဟု NUG ဝန်ကြီးချုပ် ပြောဆို တိုင်းရင်းသားများ လေ့ကျင့်ပေးထားသည့် ၇ လသက်တမ်းသာရှိသော PDF တပ်များ၏တိုက်ခိုက်မှု
စွမ်းရည်ကို စစ်ကောင်စီတပ်မှ စစ်သားနေ့စဉ်သေဆုံးမှုစာရင်းကြည့်လျှင် သိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ NUG ဝန်ကြီးအစည်းအဝေးတွင်
ပြော ဆိုလိုက်သည်။ စစ်ရေးကဏ္ဍများဆိုလျှင် လျှို့ဝှက်စွာလုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်ပြီး Chain of command ကလည်း အရေးကြီးပါကြောင်း၊ PDF များသည် ၇ လခန့်သာ လေ့ကျင့်ချိန်ရှိသော်လည်း
တိုင်းရင်းသားလက်နက်ကိုင်များ၏ ကူညီပံ့ပိုးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နှစ် ၇၀ သက်တမ်းရှိသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိ စွမ်းရည်တိုးတက်လာသည်ကို
နေ့စဉ်အကြမ်းဖက် စစ်ကောင်စီတပ်၏ ]ေ…သ…ဆုံ..းစာရင်းကို ကြည့်လျှင်သိနိုင်ပါကြောင်း ၎င်းကဆိုသည်။ သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီ အယောက်၂၀ ေ….သ……ဆုံး….သည့်တိုင် တိုင်းရင်းသား EAO နှင့်
PDF ၁ ဦး ကျဆုံးတာမျိုး အဖြစ်မခံနိုင်ကြောင်း၊ ပြည်သူများ၏ အသက် အင်မတန်တန်ဖိုးရှိကြောင်း၊ထို့ကြောင့် တော်လှန်ရေးကို အတူတကွဆင်နွှဲနေသည့် မဟာမိတ် EAO များ၊ PDF များ အကျအဆုံးနည်းစေရန်
ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များနှင့် အတူတကွညှိနှိုင်း၍ စနစ် တကျစီမံပေးရန် တိုက်တွန်းလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က မှတ်ချက်ပေး ပြောဆိုထားသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*