သရုပ်ဆောင်များဖြစ်ကြတဲ့ လူမင်းနဲ့ ရဲတိုက်တို့ကို ထောင်ဒါဏ် ၃ နှစ်စီ ချမှတ်လိုက်ပြီ

ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်လူမင်းကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်ထားနိုင်သူဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ရဲရဲရင့်ရင့်နဲ့

ပါဝင်ဆင်နွှဲခဲ့တဲ့ လူမင်းကတော့ ၅၀၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသူဖြစ်ပါတယ်။ အကယ်ဒမီလူမင်းလိုပဲ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ နာမည်ကြီး အနုပညာရှင်အချို့ဟာလည်း

ဖမ်းဆီးခံထားရပါတယ်။ ပရိတ်သတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်ရဲတိုက် ဆိုရင်လည်း ဇာတ်ကားပေါင်းများစွာ ရိုတ်ကူးခဲ့ပြီး အောင်မြင်ခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ မင်းသားတစ်လက်လည်း ဖြစ် ပါတယ်။ သရုပ်ဆောင် ရဲတိုက်ကတော့ မူးယစ်ဆေးဝါးသုံးဆွဲ မှုနဲ့ ထောင်ထဲလည်း ရောက်ခဲ့ဖူးသူ တစ်ယောက်ပါ။

သို့ပေမ ယ့် ရဲတိုက်ကတော့ လူထုလှုပ်ရှားမှုမှာ ရှေ့ဆုံးက ဒိုင်းအဖွဲ့ကနေ ပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တာ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဖမ်းဝရမ်းထုတ်ခံရပြီး ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာတော့ သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက်တို့ကို ထောင်တွင်းတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အာဏာသိမ်း

ဆန့်ကျင်မှုမှာပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အင်းစိန်ထောင်တွင်း တရားရုံးတွေမှာ တရားရင်ဆိုင်နေခဲ့ရသူတွေ ဖြစ်ပါတယ်။ အခုချမှတ်ခံရတဲ့ ထောင်ဒဏ်တွေဟာ စွပ်စွဲခံရတဲ့ပုဒ်မမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။

Zawgyi

ယေန႔အခ်ိန္ထိ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ သ႐ုပ္ေဆာင္လူမင္းကေတာ့ အႏုပညာေလာကမွာ အခ်ိန္အေတာ္ၾကာ ရပ္တည္ထားႏိုင္သူျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရးတိုက္ပြဲမွာ ရဲရဲရင့္ရင့္နဲ႔

ပါဝင္ဆင္ႏႊဲခဲ့တဲ့ လူမင္းကေတာ့ ၅၀၅(က)နဲ႔ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရသူျဖစ္ပါတယ္။ အကယ္ဒမီလူမင္းလိုပဲ ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ နာမည္ႀကီး အႏုပညာရွင္အခ်ိဳ႕ဟာလည္း

ဖမ္းဆီးခံထားရပါတယ္။ ပရိတ္သတ္ေတြ ခ်စ္ခင္အားေပးရတဲ့ သ႐ုပ္ေဆာင္ရဲတိုက္ ဆိုရင္လည္း ဇာတ္ကားေပါင္းမ်ားစြာ ႐ိုတ္ကူးခဲ့ၿပီး ေအာင္ျမင္ခဲ့တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

က်ရာဇာတ္႐ုပ္မွာ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ၿပီး သဘာဝက်တဲ့ မင္းသားတစ္လက္လည္း ျဖစ္ ပါတယ္။ သ႐ုပ္ေဆာင္ ရဲတိုက္ကေတာ့ မူးယစ္ေဆးဝါးသုံးဆြဲ မႈနဲ႔ ေထာင္ထဲလည္း ေရာက္ခဲ့ဖူးသူ တစ္ေယာက္ပါ။

သို႔ေပမ ယ့္ ရဲတိုက္ကေတာ့ လူထုလႈပ္ရွားမႈမွာ ေရွ႕ဆုံးက ဒိုင္းအဖြဲ႕ကေန ပါဝင္ခဲ့ၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ေပးခဲ့တာ လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ ဖမ္းဝရမ္းထုတ္ခံရၿပီး ဖမ္းဆီးခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီေန႔ ဒီဇင္ဘာလ ၃၀ ရက္မွာေတာ့ သ႐ုပ္ေဆာင္ လူမင္းနဲ႔ ရဲတိုက္တို႔ကို ေထာင္တြင္းတရား႐ုံးကေန အလုပ္ၾကမ္းနဲ႔ေထာင္ ၃ ႏွစ္စီ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ ႏွစ္ဦးစလုံးဟာ အာဏာသိမ္း

ဆန႔္က်င္မႈမွာပါဝင္ခဲ့တာေၾကာင့္ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ကနဲ႔ အင္းစိန္ေထာင္တြင္း တရား႐ုံးေတြမွာ တရားရင္ဆိုင္ေနခဲ့ရသူေတြ ျဖစ္ပါတယ္။ အခုခ်မွတ္ခံရတဲ့ ေထာင္ဒဏ္ေတြဟာ စြပ္စြဲခံရတဲ့ပုဒ္မမွာ အျမင့္ဆုံးျပစ္ဒဏ္ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*