သူမအိမ်က ပစ္စည်းတွေ အကုန်ပြောင်အောင် အခိုးခံလိုက်ရတဲ့အချိန် ခိုင်နှင်းဝေရဲ့ လေးစားစရာ စိတ်ထားလေးကို ပြောပြလာတဲ့ ဖူးပွင့်သခင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဖူးပွင့်သခင်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က သူမရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်အိမ်လုံးကို စိတ်ကြိုက် မွှေနှောက်ယူဆောင်သွားခံ ခဲ့ရတဲ့အတွက်

ဖူးပွင့်သခင်တစ်ယောက် အတော်လေးကို စိတ်ထိခိုက် ခဲ့ရတာ ဖြစ်ပါတယ် မကြာသေးခင် ကပဲ တရားခံတွေကို ဖမ်းဆီးခဲ့ပြီဖြစ်ပြီး ပစ္စည်းများအားလုံး ခိုးသွားခဲ့တဲ့အပြင် ရစရာမရှိအောင် ပြောဆိုပြီး

ခြိမ်းခြောက်ခံခဲ့ရတဲ့ သူမရဲ့အဖြစ်ဆိုးကို ဖူးပွင့်သခင်မှ အခုလို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ” ဖူးကိုစိတ်ပူပြီး မေးမြန်းနေကြသော မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများကို ထက်မံအသိပေးစရာလေး ရှိလို့ပါ

ဖူး ကိုခြိမ်းခြောက်ဆဲဆိုပီး ပစ္စည်းများခိုးယူသယ်ဆောင်ရာတွင် ပါဝင်သေ ာမေမြတ်နိုး၏ သားဖြစ်သူငြိမ်းချမ်းအောင် (ခေါ်)သီဟကို 24.12.2021 နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တွင် ထက်မံ ဖမ်းစီးရမိခဲ့ပါတယ်။

တန်ဖိုးရှိတဲ့ ပစ္စည်းများကတော့ အကုန်လုံးပြန်လည်မရရှိသေးပဲ ဆက်လက် စစ်ဆေးနေဆဲပါ။ ဝိုင်းဝန်းကူညီရှာဖွေ ဖမ်းစီးပေးကြသေ ာသက်ဆိုင်ရာလူကြီးများအား အထူးပင်ေ
ကျးဇူးတင်ရှိပါတယ်ရှင်

ပီတော့ ပစ္စည်းများခိုးခံခဲ့ရချိန် ငွေကြေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ အိမ်ထိ ကိုယ်တိုင်လာရောက် ငွေကြေး ကူညီပေးတဲ့ မကြီးခိုင်နှ င်းဝေ Khine Hnin Waiကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိမိတို့ကိုယ်တိုင် သတိထားနိုင်ကြပါစေနော်

Zawgyi







Add a Comment

Your email address will not be published.