ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခံခဲ့ရတဲ့ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ပိုပို၊ ရဲတိုက်၊ ပိုပိုနဲ့ စောဖိုးခွား

ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဓမ္မဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တွေများစွာရှိခဲ့သလို အချို့သောအနုပညာရှင်တွေကတော့ ကြားနေအဖြစ်သာ နေစိမ့်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း အချို့သောအနုပညာရှင်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ဖမ်းဆီးအကျဉ်းချခံခဲ့ရသလို အချို့ကလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ နိုင်ငံကျော်သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ဟာ (၅၀၅) က ရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရသလို ဒီကနေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာလည်း နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ပိုပို၊ ရဲတိုက်၊ ပိုပိုနဲ့ စောဖိုးခွားတို့ဟာလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်စီ အသီးသီးချမှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။

အဆိုပါသတင်းအတွက် အနုပညာရှင်တွေရဲ့ မိသားစုဝင်တွေဟာ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြသလို အနုပညာရှင်တွေကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုလိုမတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.