မတရားအကျဉ်းချခံရတဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေမျက်နှာကိုမြင်ယောင်ပြီး ဝမ်းနည်းရတယ်ဆိုတဲ့ ခိုင်သင်းကြည်

မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စစ်တပ်အမှုထမ်းဖခင်ကဆင်းသက်လာသူတစ်ယောက်ဖြစ်ပေမယ့် ဓမ္မဘက်ကနေ ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေကို ချစ်သလို အနုပညာမောင်နှမတွေရဲ့ အပျော်တွေ ဝမ်းနည်းမှုတွေကို မျှဝေခံစားတတ်တဲ့ ခိုင်သင်းကြည်ဟာ ဒီတစ်ခေါက်မှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ မတရားထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်က မတရားအကျဉ်းချခံရတဲ့ အနုပညာရှင်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ကလေးလေးတွေကိုမြင်ယောင်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းကို “အားလုံးအတွက်စိတ်မကောင်းများစွာဖြစ်ရပါတယ်😢ခလေးလေးတွေရဲ့မျက်နှာလေးတွေမြင်ယောင်မိပြီးပိုဝမ်းနည်းရတယ်💔” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ခိုင်သင်းကြည်ကတော့ သူမကိုယ်တိုင်လည်း သားသမီးရှိတဲ့ မိခင်တစ်ယောက်ပီပီ သားသမီးတွေရှိနေတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေရဲ့ သတင်းဆိုးကိုကြားရတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ ဝမ်းနည်းပူဆွေးရကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

Source: KHINE THIN KYI’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.