တနင်္လာသားသမီးများ၏ ထူးခြားချက်များနှင့် ဘဝတစ်သက်တာ ကံကြမ္မာကာလအပိုင်းအခြားများ (ဗေဒင်)

တနင်္လာသားသမီးများ၏ ထူးခြားချက်များနှင့် ဘဝတစ်သက်တာ ကံကြမ္မာကာလအပိုင်းအခြားများ (ဗေဒင်)

တနင်္လာသား သမီးများဟာ….

အများအားဖြင့် အသားမဖြူလွန်း မညိုလွန်း အသား ခပ်လတ်လတ်နှင့် အရေပြားပါးလွှာကာ အသားအရေနု၍လှနေတက်ခြင်း၊

အရပ်မနိမ့် မမြင့် ရှိသူတို့မှာ လှပသော ကိုယ်ခန္ဓာအချိုးအဆစ်တို့ကိုပိုင်ဆိုင်ထားခြင်းနှင့် သေးသွယ်သော မျက်ခုံးလှပသောနှုတ်ခမ်းနှင့် ကြည့်ရင်း ကြည့်ရင်ပို၍လှနေတက်သောအလှပိုင်ရှင်များဖြစ်ပါတယ်..

ထူးခြားတဲ့ အားသာချက်ကတော့ အပြစ်ကင်းစင်လွန်းတဲ့အပြုံးကြောင့် လူအများရဲ့ချစ်ခင်မှုကို ရရှိနေတက်ပါတယ်။

အများအားဖြင့် သွက်သွက်လက်လက်နှင့်စကားပြောကောင်းသူများဖြစ်ပြီး အရာရာကိုအနာဂါတ်အတွတ်ကြိုတင်မျော်တွေးကာ တစိုက်မတ်မတ်လုပ်ကိုင်နေတက်ပြီး ဇွဲကောင်းတယ်။

ထိုးထွင်းကြံဆနိုင်မှုကောင်း၍ ထက်မြတ်သောသူများဖြစ်ပါတယ်။ လူအများအပေါ်တွင် ယုံကြည်မှုအပြည့်အဝပေးတက်သူဖြစ်ပြီး မိမိ

ယုံကြည်မှုမရှိတော့ပါကလည်း ဘယ်တော့အခါမှ ပြန်လှည့် မကြည့်တတ်တော့တဲ့လူများဖြစ်တယ်။

အပေါင်းအသင်းအရမ်းမက်ပြီးကိုယ်ကသာ အရာရာ အနစ်နာခံ၍ ပေးဆပ်တက်သောစေတနာပိုင်ရှင်များဖြစ်ပါတယ်။ ပျော်ပျော်နေတက်ပြီး အပျော်အပါးကိုစိတ်ဝင်စားသူများလည်းဖြစ်ကြပါတယ်။

မဟုတ်မခံ အမှန်တရားအတွက်ဘာမဆိုလုပ်ရဲတဲ့သူ ၊မိမိမှားတဲ့အခါ ရဲ့ရဲ့ဝံ့ဝံ့ ဝန်ခံတက်သူ ၊ အားနွဲ့သူ အားငယ်သူများအား ကူညီလိုသူ၊ တခါတရံ စိတ်အလိုမကျက ဘုကလန့်ပြောဆိုလုပ်ကိုင်တက်သူတို့ ဖြစ်ပါတယ်။

စိတ်ဆိုး စိတ်တို ဒေါသထွက်လွယ်ပြီး တခဏအတွင်းစိတ်ပြေခွင့်လွတ် နားလည်ပေးတက်သူမျိူးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ခွင့်လွတ်တက်သော်လည်း အမှတ်ကြီးသူမျိုးဖြစ်ပါတယ်။

သို့သော် အားနာတက်တဲ့အားနည်းချက်က မိမိကိုမကြာခဏ စိတ်ညစ်နေရတက်ပါတယ်။

အချစ်ရေးမှာတော့ အရမ်းကိုအစွဲအလမ်းကြီးတယ်လို့ဆိုရပါမယ်။ အချစ်ရေးကံကောင်းနေရင်တောင် အမြဲခံစားချက်တွေတော့ရှိနေတက်သူပါ ။

အရာရာမှာ သတ္တိရှိသလောက် အချစ်ရေးမှာတော့ မသိစိတ်က သိမ်ငယ်နေရတက်ပါတယ်။

တကယ်ချစ်မိပြီဆိုရင် ချစ်သူအတွက်ကို ဘယ်အရာနဲ့မဆိုလဲနိုင်သူ ၊ဖွင့်ဟပြောပြဖို့ထက်မျိုသိပ်ပြီး ချစ်နေတက်သူ၊ သဝန်တိုပါတယ်လို့ပြောရမှာရှက်ပြီး လူမသိသူမသိ အရမ်းသဝန်တိုနေတက်သူ ၊

သူများတွေနဲ့ တခါမှစိတ်မကောင်ရင်တောင် ချစ်တဲ့သူအပေါ်မှာတော့ မကြာခဏစိတ်ကောက်နေတက်မျိူးဖြစ်ပါတယ်။

တနင်္လာသား သမီးတွေရဲ့ အချစ် ၊ ခံစားချက် နှင့် မျက်ရည်တွေကို ဗေဒင်ဆရာတွေထက် သူတို့အုံးနေကျ ခေါင်းအုံးတွေက ပိုပြီးသိနေပါလိမ့်မယ်. ……..။

တနင်္လာသား သမီးများဟာ….

တနင်္လာ နေ့သားသမီးများသည် အသက်၁၅နှစ်အတွင်း ရောဂါကင်းရှင်း ချမ်းသာခြင်းကိုရရှိတက်ပြီး မိဘများအတွက်စိတ်ချမ်းသာမှု အများဆုံးပေးနိုင်သောသူများဖြစ်ကြပါသည်။

လူအများရဲ့ အထင်ကြီ လေးစားချင်းကို ခံရသည့်အပြင် မိဘများကမြောက်စား ခြင်းကိုလည်းခံရတက်ပါသည်။ ထို့ကြောင့် တနင်္လာ သားသမီးများမှာ အသက်၁၅ နစ်အတွင်း ကံကောင်းတက်ပါတယ်။

အသက် ၁၅ နှစ်မွ ၂၃ အညံ့ပိုင်းဖြစ်ပြိး အနောက်တောင်အရပ်ခရိးသွားခြင်းရှောင်ကျဉ်ရပါမယ် အချစ်ရေးကံမကောင်းတက်ပါဘူး ချစ်သူခင်သူများနှင့်ခွဲခွာနေရတက်ပါတယ်။

ချစ်သူရ အိပ်ထောင်ကျပါကလည်း ခပ်ဆိုးဆိုး မိန်းမ ယွကျားများနှင့်တွေ့ဆုံရတက်ပါတယ်။

အသက် ၂၄ နှစ်မှစ၍အသက်၄၀နှစ်အထိ အလွန်ကောင်းပါသည် အချစ်ရေး ကံကောင်းပြီး မိန်းမလှ ယောကျား လှများကိုရရှိတက်ပြိး အားကိုးအားထားရတက်ပါတယ်။

အသက်၄၁ နှစ်မှ ၅၁ နှစ်အတွင်းအညံ့ပိုင်းကာလဖြစ်သည်ဆွေမျိူးများနှင့် စကားများရတက်တယ် ငွေကြေးလျော်ရမှုများဖြစ်သည်အထိစကားများရန်ဖြစ်ရတက်၍သထိထားနေထိုင် ရမည့်ကာလဖြစ်ပါသည်။

အသက် ၅၂နှစ်မှစ၍၆၉နှစ်အထိကောင်းစားမည့်ကာလအပိုင်းအခြားများဖြစ်ပါသည်။ထိုကာလများတွင် ဘုရား တန်ဆောင်း ကျောင်းများ ဆောက်လုပ်လှုဒါန်းနိုင်မည့် အချိန်ဖြစ်ပါသည်။

အသက် ၇၀ နှစ် မှ ၈၁နှစ်အတွင် အညံ့ပိုင်းကာလဖြစ်ပြီး လေနာရောဂါ လေဖြတ်ရောဂါ ကိုခံစားရတက်ပါသည် ထိုမှကျော်လွန်သော် အသက် ရာကျော်နေနိုက်ရတက်ပါသည်။

တနင်္လာ သားသမီးများအားလုံး …

ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ…..

သီးသန့် ဗေဒင်မေးမြန်းလိုပါက cb သို့ ph 09428121824 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ဆရာဦးဘိုနိုင်( ဗေဒင်)

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*