နှစ်သစ်ကူးညမှာ ပျော်ရွှင်စားသောက်နေတဲ့ပုံတွေကိုမတင်ဖို့ မေတ္တာရပ်ခံလာတဲ့ ဖွေးဖွေး

သရုပ်ဆောင် ဖွေးဖွေးကတော့ ယခု (၂၀၂၁) ခုနှစ်မှာ သူမဘဝရဲ့ အမှောင်မိုက်ဆုံးဆိုတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ (၅၀၅) က နဲ့ အမှုဖွင့်ခံခဲ့ရသလို အချစ်ရဆုံး ကျေးဇူးရှင် ဖခင်ကိုလည်း ဆုံးရှုံးခဲ့ရတာမို့ ဖွေးဖွေးဟာ အဆိုးဆုံးဆိုတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးက အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်သေးပဲ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပီပီ ပြည်သူတွေဒုက္ခရောက်နေချိန်မှာ မပျော်ရွှင်နိုင်သေးတဲ့ ဖွေးဖွေးဟာ ဒီကနေ့မှာလည်း နှစ်သစ်ကူးညမှာ စစ်ဘေးရှောင်မိသားစုတွေနဲ့ PDF လူငယ်လေးတွေကို ငဲ့ညှာသောအားဖြင့် အပျော်ပုံတွေမတင်ဖို့ကို “ပျော်ပါ … Just Have Fun in Private.. Pls Don’t Post… ပုံလေးတွေမတင်နဲ့ လွတ်လပ်ရေးရမှတင်ဖို့သိမ်းထားပေးပါနော်….Help by not acting like This is Normal…ပုံမတင်ရလို့ဘာမှမဖစ်သွားပါဘူး ….PLEASE … 🥺” ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဖွေးဖွေးက သူမကိုယ်တိုင်လည်း (၂၀၂၁) ခုနှစ်မှာ အနုပညာအလုပ်တွေကိုလုံးဝမလုပ်ခဲ့သလို ပြည်သူတွေဆင်းရဲဒုက္ခရောက်နေချိန်မှာလည်း ဘာဆိုဘာမှမတင်ပဲ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ခဲ့သူလေးတစ်ယောက်ဖြစ်ပါတယ်။

Source: Phway Phway’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.