တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း 30.12.2022 မှ 5.1.2022 ထိ

30.Dec..2021 မှ 5.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်းနေရာထိုင်ခင်းအပြောင်းအလဲတွေ၊အလုပ်အပြောင်းအလဲတွေ၊ရာထူးအပြောင်းအလဲတွေ ဖြစ်ရတတ်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်များအထွက်များဖြစ်နေနိုင်တာကိုတွေ့ရပါတယ်။ မိမိ ဆွေမျိုးတွေထဲက အမှုအခင်းကိစ္စတွေဖြစ်ရင်တတ်နိုင်သမျှငွေအားနဲ့သာကူညီလိုက်ပါ။ သက်သေလိုက်တာ၊အာမခံ တာတွေကတော့ မပါဝင်စေချင်ပါဘူး။

ဒီကာလအတွင်းကျန်းမာရေး အထူးဂရုစိုက်စေချင်တယ်အနေအထိုင်မှားတာ အစားမှားတာနဲ့ ရောဂါဝင်တတ်လို့ပါ။ အလုပ်ထဲမှာ ဝန်ပိနေတတ်တဲ့အချိန်ပါ။ မနိုင်ဝန်ထမ်းနေရတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေရတတ်ပါတယ်။ မိသားစုအတွင်းသတင်းကောင်းကြားရတတ်ပါတယ်။ မိမိကူညီခဲ့ဖူးသူ တစ်ယောက်ရဲ့ ကျေးဇူးတုန့်ပြန်ခြင်းကို ခံရမဲ့အချိန်ပါပဲ။

လူမျိုးခြားတွေဆီက အကူအညီကောင်းတွေရတတ်တယ်။ အမွေကိစ္စ မြေကိစ္စကြောင့် စိတ်ညစ် စိတ်ရှုပ်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းလာပါလိမ့်မယ်။

ချစ်သူ အချင်း ချင်း နားလည်မှုတွေ ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်။ ပညာရေးမှာ ကျန်းမာရေးကြောင့် ထင်တိုင်းမပေါက်ဖြစ်ရ တတ်ပါတယ်။ကိုယ်ပိုင်စီးပွားများ တအိအိနဲ့တိုးတတ်လာနိုင်တာကိုတွေ့ရပါတယ်။စိတ်ကူး ကောင်းတွေ၊အယူအဆ ကောင်း တွေက မိမိဆီကထက် မိမိချစ်ရသူတွေဆီကရတတ်ပါတယ်။ စပ်တူကိစ္စများ၊ရှယ် ယာကိစ္စများ ကောင်းစွာ အဆင်ပြလာ
နိုင်ပါတယ်။ သတိထားရမှာကကျန်းမာရေးပါ။ ဒီအပတ်ထဲမှာသိသာစွာကျန်း မာရေးအားနည်းယုတ် လျော့ လာနိုင်တာကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း ၃/၂/၆

အထူးဟော အလုပ်များနေတတ်တယ်။

ယတြာ ရွှေဆိုင်း၊ရွှေသင်္ကန်းကပ်လှူပါ

#တနင်္လာ

စိတ်ချမ်းသာစရာတွေပြည့်နှက်နေတာကိုတွေ့ရပါတယ်။ လက်ဆောင်ကောင်းတွေလဲရလာတတ်ပါတယ်။ အလှကုန်၊ရေထွက်ကုန်၊အချိုရည် အဖျော်ယမကာလုပ်ငန်းလုပ်သူများ သိသာစွာတိုးတတ်လာနိုင်တဲ့ကာလတစ်ခုပါ ပဲ။မိမိလှူချင်နေတဲ့အလှူအတန်းတွေ လှူ

ခွင့်တန်းခွင့်ရလာနိုင်ပါတယ်။ စိတ်အပန်းဖြေစရာခရီးလေးတွေထွက်ဖြစ်နေ လိမ့်မယ်။ အေးချမ်းတိတ်ဆိတ်တဲ့နေရာတစ်ခုမှာခဏတာနေထိုင်အပန်းဖြေခြင်းကလဲ ကောင်းတဲ့အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်တာကိုတွေ့ရပါတယ်။

အကူအညီကောင်း အထောက်အပံ့ကောင်းတွေကြောင့် လက်ရှိအခြေအနေ ထက် ပိုမြင့်မားသွားတတ်သည်။ဆွေမျိုးမဟုတ် တစိမ်းမိတ်ဆွေတွေရဲ့ အကူအညီရတတ်သည်။ မမျှော်လင့်ဘဲ ကံ ကောင်းခြင်းတွေ ဆုထူးဆုလာဘ်ရခြင်းမျိုးတွေ ကြုံတွေ့ရတတ်သည်။

အထားမှားတဲ့ပစ္စည်းတွေ ပြန်တွေ့တတ် သည်။ ရည်မှန်းထားတာတွေစိတ်ကူးထားတာတွေအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ခရီးတိုလေးတွေ သွားရ တတ် တယ်။ စက်ပစ္စည်း လျှပ်စစ်ပစ္စည်းတွေ ဝင်ကိန်းရှိပါတယ်။

အချစ်ရေး ကံကောင်းနေမှာပါ။ ပညာရေးကတော့ စိတ်မပါသလိုဖြစ်နေတတ်တယ်။အလုပ်ထဲမှာနာမည်ကောင်းရပါလိမ့်မယ်လူအများရဲ့အားကိုးခြင်း၊အကူအညီတောင်းခံခြင်းတွေကြုံရတတ်ပါတယ်။ လုပ်ငန်းမှာရာထူးမတိုးရင်တောင် လစာတိုးလာတာမျိုး၊လုပ်ပိုင်ခွင့်တိုးတတ် လာ တာ မျိုးတွေကြုံရနိုင်ပါတယ
်။

အကျိုးပေးဂဏန်း ၃/၅/၀

အထူးဟော ကံမြင့်နေချိန်ပါပဲ။

ယတြာ နှင်းဆီ ၇ပွင့် ဘုရားကပ်လှူပါ

#အင်္ဂါ

အထူးအားသာချက်က ငွေအထူးဝင်နိုင်ပါတယ်။ အခြေချဖို့အတွက် နေရာပြောင်းခြင်း၊အိမ်ပြောင်းခြင်း၊ ဆိုင်ပြောင်းခြင်း၊အခန့်ဖွဲ့ခြင်း၊မြေခြံအိမ် ဝယ်ခြင်းများဒီကာလာမှာအလေးပေး ဆောင်ရွက်လိုက်ပါ။ အောက်လက် ငယ်သား တွေထဲမှာ တော်သူတွေကိုနေရာပေး

ပါ။ အလုပ်ရာထူးတိုးပေးပါ။မကောင်းသူတွေကို မကောင်းသလို စီရင်ပါ။ ကောင်းသူတွေကိုကောင်းသလို စီမံလိုက်ပါ။

ကံအလွန်မြင့်နေချိန်ပါပဲ။ ရည်မှန်းထားတာ မျှော်လင့်ထား တာတွေပြည့်ဝမဲ့အချိန်ပါ။ကုန်သွယ်မှုကိစ္စ ၊ ရေကြောင်းကိစ္စ ၊ ဘဏ်ကိစ္စတွေမှာ အထူးအောင်မြင်မဲ့အချိန်ပါပဲ။ ကောင်းသော ခရီးတွေလဲ သွားရတတ်ပါတယ်အနီးကပ်လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီ တွေရပါလိမ့်မယ်။

အရင်က မိမိကို မလိုမုန်းထားသူတွေလဲ ဒီကာလမှာအမြင်ကြည်လာပါလိမ့်မယ်။ မိသားစုအတွင်း မကြေလည်စရာ ကိစ္စလေးတွေကတော့ ရှိနေအုန်းမှာပါပဲ။ အချစ်ရေးကံကတော့ အကောင်းအဆိုး ဒွန်နေပါတယ်။ ပညာရေးကတော့ မိမိကြိုးစားတာထက်ပိုပြီး

ထွန်းပေါက်မဲ့အချိန်ပ့ါ။စီးပွားရေး အလွန်ကောင်းနေမဲ့အချိန်ပါ။ လူချစ်လူခင်များနေတဲ့ ကာလပါပဲ။ ရပ်ဝေးကမိတ်ဆွေ၊

တပည့်လက်သားတွေဆီက လက်ဆောင်ပစ္စည်းတွေရလာ တတ်ပါတယ်။ စက် ပစ္စည်း နဲ့ ဆက်စပ်သောအလုပ်များ၊မီးနဲ့ဆက်စပ်သောအလုပ်များ တိုးတတ်နိုင်လာလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၃/၆

အထူးဟော ကံမြင့်နေချိန်ပါ

ယတြာ သစ်သီး၆မျိုးဘုရားလှူပါ

#ဗုဒ္ဓဟူး/ရာဟု

တတ်နိုင်သမျှနောက်လိုက်သဘောနေတာအကောင်းဆုံးကာလပါပဲ။ မိမိဦးဆောင်လိုက်ရင် တလွဲဆိုတာမျိုး တွေဖြစ်နေတတ်ပါ

တယ်။တတ်နိုင်သမျှနောက်ကွယ်ကနေပဲဖြည့်ဆည်းပေးလိုက်ပါ။အရွယ်ရောက်နေတဲ့ သားသမီး တွေဆိုဆုံးမရခက်နေတတ်ပါတယ်။ စကားနည်းတာအကောင်းဆုံးကာလပါ။ စကားပြောပြီး အသက်မွေးရသူများ၊ ပွဲစားအလုပ်များ အဆင်မပြေဖြစ်တတ်ပါတယ်။

ဒီကာလဟာ ရေရှည်စီမံကိန်းတွေ planတွေစတင်ချ မှတ်ဖို့ အလွန် ကောင်းတဲ့အချိန်ပါပဲ။ အများနဲ့တစ်ယောက်ဆိုသလို အတိုက်အခံလုပ်ပြီးမှ အဆင်ပြေမဲ့အချိန်ပါပဲ။

ငွေကံကတော့ ညံ့နေတတ်ပါတယ်။ ဝင်သလောက်အဖတ်မတင် ပြန်ကုန်သွားတတ်ပါတယ်။ ငွေချေးလိုက်မိရင်လဲ ဆုံးတတ်ပါ တယ်။ အများနဲ့စပ်တူလုပ်ငန်းလုပ်သူဆို ဒီကာလအတွင်း ရှယ်ယာဝင်တစ်ယောက် နှုတ်ထွက်တာမျိုးကြုံ ရတတ်ပါ တယ်။ အချစ်ထက်အရေးကြီးတာတွေကို မြင်တွေ့ပြီး အချစ်ကိုမေ့နေတတ်တဲ့ကာလပါပဲ။ ပညာရေးကံ ကောင်း ပေမဲ့ မိမိနဲ့မအပ်စပ်တဲ့ ဆရာတွေကြောင့် နားမလည်နိုင်တာမျိုးကြုံရတတ်ပါတယ်။

စီးပွားအသစ်တွေ ကြံစည်ခြင်း၊ စတင်ခြင်းများအထူးရှောင်လိုက် စေချင်ပါတယ်။ လောင်းကစားကြောင့် အထိနာနိုင်တဲ့ကာလဖြစ် တယ်လို့ ဖော်ပြ နေတာမို့ တတ်နိုင်သ၍လောင်းက စားမလုပ်ပါနဲ့။ ကျန်းမာရေး ကောင်းနေပေမဲ့ထိခိုက်ရှနာဖြစ်လွယ်တဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း ၂/၈/၆

အထူးဟော အိမ်မှာမနေချင် ဖြစ်နေပါလိမ့်မည်။

ယတြာ ဆိတ်သားဟင်းအကျန်ကို ထမင်းနဲ့ရောနယ်ပြီး လမ်းဘေးခွေးတွေကိုချကျွေးလိုက်ပါ။

#ကြာသပတေး

ဒီကာလအတွင်းမှာ အကြပ်အတည်းအခက်အခဲတွေကြားက ထွက်ပေါက်တွေရလာနိုင်ပါတယ်။ ပင်ပန်းမှု တွေကြားက အိုအေစစ်လေးတွေရှိနေတတ်ပါတယ်။ငွေကြေးအချေးအငှားတွေသတိပြုပါ။ကြီးကျယ်တဲ့ ရင်းနှီးမြုပ် နှံမှု တွေမစသင့်သေး ပါဘူး။

အရက်သေစာမသောက်စားသင့်ပါ။ ဘာလို့လဲ ဆိုတော့ အစာအိမ်၊အူလမ်း ကြောင်း အားနည်းချိန်မို့ပါ။ ဒီကာလဟာ အထိုင်စီးပွားရေးသမားတွေမနေနဲ့လွန်စွာ အကျိုးပေးမဲ့အချိန်ပါပဲ။

ကုန်သည်တွေ အနေနဲ့ ကတော့ ရောင်းမှားဝယ်မှားဖြစ်တတ်ပါတယ်။ ဆုံးဖြတ်ချက်တွေ စိတ်ကူးတွေမှားနေတဲ့အချိန်ပါပဲ။ ရွှေထွက် တာမျိုး ပျောက်ရှတာမျိုးလဲကြုံရတတ်ပါတယ်။ လုပ်ငန်းသစ်တွေမစသင့်သေးပါဘူး။ လက်ရှိအလုပ်မှာ စိတ်ကုန်နေ ရင် တောင် ပြောင်းတာ ထွက်တာမျိုးမလုပ်ပါနဲ့အုံး။ မိမိရဲ့ seniorတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး ကံခေ နေတတ်တယ်။

ချစ်သူကြောင့် စိတ်ညစ်စိတ်ရှု့ပ်နေရပါလိမ့်မယ်။

ပညာရေးဝီရိယထားကြိုးစားမှ တော်ကာ ကျပါ လိမ့်မယ်။ လုပ်ငန်းသစ်ပြောင်းဖို့အကြောင်း ဖန် လာခြင်း၊လျှောက်ထားတဲ့အလုပ်တွေကနေ အလုပ် ခေါ်ခြင်း များကြုံရတတ်ပါတယ်။ အများနဲ့အသင်းအဖွဲ့နဲ့ လုပ်တဲ့အလုပ်တွေတိုးတတ်နိုင်ပါတယ်။ တတ်နိုင်သ၍ ငွေကြေး အမှုအခင်း တွေမဖြစ်အောင်ထိန်းပါ။ တက်နိုင်သမျှအစာကြေဆေးလေး နေ့စဉ်စားပေးပါ။

အကျိုးပေးဂဏန်း ၇/၀/၁

အထူးဟော ဆုံးဖြတ်ချက်အမြန်မချပါနှင့်။

ယတြာ ရွှေထီး၄လက်မွေးနံထောင့်ဘုရားလှူပါ

#သောကြာ

မိမိအတွက် ခရီးရှည်တွေပေါ်လာတတ်ပါတယ်။ ကောင်းသောခရီးတွေဖြစ်နေလိမ့်မယ်။ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းလုပ်

သူများအဆင်ပြေလိမ့်မယ်။စိတ်ချမ်းသာစရာအကူအညီတွေရလာတတ် ပါတယ်။ ငွေ ကံ ကောင်းနေပေမဲ့ ငွေကြေးနဲ့ပတ်သက်ပြီး မိမိ

ကငွေကို ဇိမ်ခံဖို့အတွက်သုံးနေမိတတ်ပါတယ်။ မလိုအပ်ဘဲ ဇိမ်ခံပစ္စည်း တွေအတွက်ငွေကုန်မခံလိုက်ပါနဲ့။ စိတ်မြန်နေတတ်သည်။ စိတ်လောနေမည်။

အလျင်စလိုလုပ်လေ အမှားများလေ ဖြစ်တတ်သည်။အများရဲ့ယုံကြည်မှုကင်းမဲ့နေခြင်းမျိုး ကြုံရမည်။ တိုင်ပင်ဖော်မရှာပါနဲ့။ မိမိအတွက်အကြံကောင်း တွေ ရမည်မဟုတ်ပါ။ အလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံရမည်။ မိဘတွေကျန်းမာရေးညံ့တတ်၍ ဂရုစိုက် စေ

ချင် သည်။ ခရီးဝေးသွားဖို့ကိစ္စတွေကြုံလာပါက ညံ့နေတာတွေ ပြယ်လွင့်သွားပါလိမ့်မယ်။ အချစ်ရေးကတော့ အဆိုးထဲ ကအကောင်းကြုံရမဲ့ကိန်းပါပဲ။

အခက်အခဲကြားက အဆင်ပြေလိမ့်မယ်။ပညာလိုချင်ပေမဲ့ လိုက်လေ ဝေးလေ ဖြစ် နေ တတ်ပါတယ်။ လျှပ်စစ်ကိုယ်တွယ်ရာမှ

သတိရှိပါ။ ဓာတ်လိုက်တတ်ပါတယ်။ကောင်းသောစကား ဆိုခြင်း၊ တရား စကား များရွတ်ဆိုခြင်းများကဒီကာလမှာပိုမိုကံကောင်းစေနိုင်ပါတယ်။အလုပ်တွေများနေပေမဲ့ မိသားစု အတွက်လဲ အချိန်ပေးနိုင်ပါလိမ့်မယ်။ လိင်ကိစ္စ အထိအတွေ့တွေ ကြုံလာနိုင်တဲ့ကာလပါပဲ။ ချစ်သူနဲ့အသွား အလာဆင်ခြင်ပေါ့။

အကျိုးပေးဂဏန်း ၆/၁/၄

အထူးဟော စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။

ယတြာ အုန်းထမင်း ဘုရားကပ်လှူပါ။

#စနေ

အနည်းငယ်တော့ စိတ်ပင်ပန်းရတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ၊အထင်လွဲစရာတွေကြုံနေရတတ်ပါ တယ်။ မိသားစုအတွင်းတအုံနွေးနွေးအပူသောကတွေရှိလာတတ်ပါတယ်။ ငွေကံကောင်းနေပေမဲ့ မိသားစုကြောင့် ငွေကုန်ရတတ်ပါတယ်။ အမှုအခင်းတွေကြုံ

ရတတ်ပါတယ်။အသိသက်သေ လက်မှတ်ထိုးခြင်းများအထူးရှောင်သင့် ပါတယ်။ကျန်းမာရေးအားနည်းနေတယ်။

နှလုံးနှင့်ဦးခေါင်းအားနည်းနေတတ်ပါတယ်။ တက်စာတွေမစားလိုက်ပါနဲ့။ ဒီကာလအတွင်း အိမ်ထောင်ဘက်အချင်းချင်း စကားများ

စိတ်ဝမ်းကွဲရတတ်တယ်။

အိမ်ထောင်ဘက်အပေါ် မိမိက အထင်လွဲစွပ်စွဲနေတတ်တယ်။ လုပ်ငန်းစီးပွားကတော့ တိုးတတ်နေမှာပါ။ ငွေအစုလိုက်ဝင်တတ်တဲ့ အတွက် ထီ ကံစမ်းသင့်တဲ့ အချိန်ပါပဲ။ အချစ်ရေးအနေနဲ့ လူငယ်များ အချစ်နယ်ကျွံတဲ့အထိဖြစ်တတ်တဲ့ကာလပါ။ သတိထား

နေထိုင်သင့်ပါတယ်။ လုပ်ငန်းပြိုင်၊ စီးပွားပြိုင်နေသူတွေကို အကောင်းဆုံးကျော်လွှားအောင်မြင် နိုင်ပါ လိမ့်မယ်။ ပညာရေး ကံမြင့်မားနေပါတယ်

စာမေးပွဲကိစ္စ သင်တန်းကိစ္စ အထူးကောင်းပါတယ်။စီးပွားရေးမှာ မလိုအပ်ဘဲ အလုပ် ပြောင်းအလုပ်ထွက်တာမျိုးတွေရှောင်စေချင်

ပါတယ်။စက်ပစ္စည်းတွေ၊ယန္တရားတွေ နဲ့လုပ်နေ ရတဲ့ သူတွေ သတိကပ်ပြီးလုပ်ပါ။ အန္တရာယ်ရှိပါတယ်။ မိမိကိုယ်တိုင်ကသတိလက်လွတ်ဖြစ် နေတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၇/၀/၃

အထူးဟော စုတ်ကိစ္စများဆင်ခြင်ပါ။

ယတြာ လက်ဖက်သုပ် ဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695

Add a Comment

Your email address will not be published.