စနေသားသမီးများအတွက်၂၀၂၂ ခုနှစ် တနှစ်စာဟော စာတမ်း

စနေသားသမီးများတို့ သည် ကုသိုလ်ဒါနများ ပြုလုပ်ရတတ်သည်။ ဘုရားဖူးခရီးများသွားလာရကိန်း ရှိသည်။ ပရဟိတလုပ်ငန်းများတွင် ဝင်ရောက် ဆောင်ရွက်ပေးရခြင်းများ ရှိမည်။


မိမိရင်းနှီးမြှုပ်နှံမှု ရှိသလောက် အကျိူးအမြတ်ဖြစ်ထွ န်းမည်။ ပေါ်ပေါက်လာသော အခွင့်အရေးကို လက်တွေ့အသုံးချ၍ ငွေကြေးဓနဥစ္စာများ ဖြစ်ထွန်းလာနိုင်၏။

စက်ပစ္စည်းမောင်းနှင်းခြင်းကိုယ်တွယ်ခြင်းများနှင့်ဒုတ်ဓားလက်နက်သဘာဝဘေးအန္တရာယ်များတွေ့ကြုံရတ တ်ခြင်းကြောင့်အထူးဂရုစိုက်ပေးပါ။ပွဲလမ်းဘဘင်နှင့်လူနေထူထပ်သောနေရာများတွင်သွားလာခြင်းသတိ ထားရမည့် နှစ်ဖြစ်သည်။

ယခုနှစ်တွင်(16. 1. 2022 မှ စ၍ ( 16 .4. 2022)အထိစီပွားရေးများတိုးတတ်အောင်ဆောင်ရွက်ရမည်လုပ်ငန်း ကိစ္စများအတွက်ဗုဒ္ဓဟူး၊သောကြာသားသမီးများနှင့် ဆောင်ရွက်ခြင်းများ ကောင်းမည်။

ရေထွက်ပစ္စည်းများရောင်းဝယ်၊ စက်ဆီ၊ ချောဆီ၊ ရေနံ ဆီ၊ကုမ္ပဏီလုပ်ငန်း၊ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊စတီးလုပ်ငန်း၊အလူမီနီယံလုပ်ငန်းများ၊ပွဲရုံလုပ်ငန်း၊သံထည်ပစ္စည်းများနှင့်စက်အပိုပစ္စည်းများရောင်းဝယ်၊သိုလှော င်ခြင်း၊ဘိလပ်မြေရောင်းဝယ်ခြင်း၊ဖက်ရှင်ဒီဇိုင်းတီထွင်ခြင်းလုပ်ငန်းလုပ်ခြင်းဖြင့်အကျိူးအမြတ်ရမည်။

ပညာရေးတွင်စိတ်လှုပ်ရှားမှုများဝင်လာတတ်သည်။အ လုပ်စာမေးပွဲများအင်တာဗျူးများတွင်အောင်မြင်မှုမျ ားရရှိမည်ပညာရေးလူမှုရေးကိစ္စများဝင်လာပြိးနှောင့် နှေးမှုများဖြစ်တတ်သည်။အတွင်းလူများအတွက်ပြ ဿနာများ ဖြေရှင်းပေးရတတ်သည်။

ပျိူရွယ်သူများ အချစ်ရေးတွင်အထင်လွှဲခံရခြင်း၊ စွပ်စွဲခံရခြင်း ကြုံရတတ်သည်။အိမ်ထောင်ရှင်များရံဖန်ရံက စကားများငြင်းဆိုမှုများ ပတ်ဝန်းကျင်ကြောင့် ပြဿနာပေါ်လာမည်အိမ်တွင်းရေးပြဿနာများကြောင့်မပြေလ ည်မှုများ ဖြစ်သွားတတ်သည်။

ကျန်းမာရေးမထင်မှတ်ဘဲခွဲစိတ်ကုသမှုခံရတတ်သည်။ ညာဘက်ခြမ်းကိုက်ခဲခြင်း၊ သွေးတို၊ ဆီးချိူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရတတ်သည်။

အထူးဟောမြောက်အရပ်သို့ ခရီးသွားခြင်း ရှောင်ကျဉ်ပေးပါ။ တစ်ပါးသူ၏ အနှောက်အယှက်ကြောင့်ဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။ယာဉ်နှင့်စက်ပစ္စည်းကိုင်တွ ယ်ရာတွင် အထူးဂရုစိုက်ပေးပါ။

ငွေအလိမ်ခံရခြင်း၊ ခိုးခံရခြင်း၊ စာချုပ်စာတမ်းများနှင့် အိမ်ခြံမြေပြဿနာများကြုံတွေ့ရတတ်သည်။ မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် တနင်္လာ၊ တနင်္ဂနွေသားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

အကျိုးပေးအက္ခရာ – (ဝ၊ မ၊ န၊ အ)အကြိူးပေးဂဏန်း (၇. ဝ. ၄. ၁),

အကျိုးပေးအရောင် – အဝါ၊ အနီ၊ ဆင်စွယ် ၊ အပြာနုရောင်

အကျိုးမပေးနေ့နံ – (တနင်္လာ၊ တနင်္ဂနွေ ),

ယတြာ− ဤနှစ်လအပတ်တိုင်း တစ်နှစ်လုံးမိမိစနေနံနံဂြိုဟ်ဘုရား မိမိမွေးနေ့စနေနေ့တွင် ဂန္ဓမာပန်း၊ငွေပန်း၊လသာညွှန့်၊ကန်စွန်းညွှန့်တို့ကိုပေါင်းပြီး ကြွေပန်းအိုးဖြင့် ဘုရားပူဇော်ပြီး မုန့်ထုပ်၊ခေါက်ဆွဲကြော်များ ဆွမ်းကပ်လှူပါ၊။ မရှိဆင်းရဲသူများကိုအာဟာရ၊ အဝတ်အထည်၊ ထီး၊ ဖိနပ်များ လှူပေးပါ။

#Credit ဆရာကြီးမင်းသူရ အစီအမံယတြာ

Add a Comment

Your email address will not be published.