လွမ်းတာပေါ့ မြေဖြူလေးကိုင်ပီး ကလေးတွေနဲ့ စာသင်ခန်းထဲ နေရတဲ့အချိန်ကို
|လွမ်းတာပေါ့ မြေဖြူလေးကိုင်ပီး ကလေးတွေနဲ့ စာသင်ခန်းထဲ နေရတဲ့အချိန်ကို
အမှောင်ထဲ အားလုံး စု ထိုင်နေရချိန်မှာတစ်ကိုယ်စာ အပေါက်ဖောက်ပြီး အလင်းမရချင်ပါနဲ့ သာတူတူ နာတူတူတစ်ယောက်လက်နဲ့ တစ်ရိပ်မိုးဖို့ လိုသလို
တစ်ယောက်အခက် တစ်ရွက်မချိုးဖို့လည်း လိုတယ်.စည်းချက်လည်း မညီ ဗုံသံလည်း မပီဘဲနဲ့ ဘယ်အောင်စည်က ထ မြည်မလဲ
ငါ့မြင်း ငါစိုင်းသမားတွေ စစ်ကိုင်းက လက်ခံချင် လက်ခံလိမ့်မယ်.သမိုင်းကတော့ လက်မခံဘူး ဇာတ်တူသားစားလို့ ပိုချိုကြကြေးဆို
ဟင်္သာကိုးသောင်းငှက်အုပ် မျိုးပြုတ်စရာ မရှိဘူး ကိုယ်ပိုင်ဆည်းဆာရှိသူတွေ ဖဲ့ထွက်နေရင်
အပြည့်အဝ သာမယ့် ည ကလည်း ပဲ့ထွက်သွားနိုင်တာပဲ စိတ်လှိုင်းတွေ အတူရိုက်မှ ဒီကမ်းက ပြိုမှာပါ
ဇွန်းပန်ရုံက နီးနေပါပြီ လှည်ဘီး ကူ မတွန်းချင်နေရွှံ့ ထပ် နစ် ဖို့ မလုပ်ကြပါနဲ့
-အေးရိပ်-
အရင်က မြေဖြူးကိုင်ပြီး ကလေးငယ်တွေကို စာပေးအသိပညာ ပေးခဲ့သော နုနယ်တဲ့ ဆရာမငယ်လေး
အခုတော့……လက်နက်ကိုင်ပြီး အယုတ်တမာကောင်များကိုတော်လှန်နေသောသူရဲကောင်းမလေး PDFရဲဘော် ဆရာမလေး လေးစားလျှက် ပါ …..
Unicode