လေးကေ့ကော်ဒေသခံများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ကြေညာ

အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော လေးကေ့ကော် ဒေသခံများ နေရပ်သို့ ပြန်လည် နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်ကောင်စီတပ်သားများ နှင့် ထွေအုပ်ရုံး ဝန်ထမ်းများက ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မြဝတီခရိုင်အတွင်း ကားဖြင့် လိုက်လံကြေညာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦး ပေးပို့သည့် ရုပ်သံဖိုင်တွင် “စစ်တပ်က နယ်မြေရှင်းလင်းခြင်းမှာ NUG အမည်ခံ PDF သောင်းကျန်းသူများကို ရှာဖွေတိုက်ခိုက်ရခြင်း ဖြစ်တယ်။ ဒီအဖွဲ့တွေနဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေ ပါဝင် လာသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။

ယခု မိမိတို့ နေရပ်သို့ ပြန်လည် ဝင်ရောက် လာနိုင်ကြပြီ ဖြစ်ပါတယ်။ မှဲ့တစ်ပေါက် မစွန်းရပါဘူးခင်ဗျာ” ဟု ကရင်-မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ ကြေညာနေသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်လာသူတွေကို ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ကျန်းမာရေးနဲ့ကယ်ဆယ်ရေး စောင့်ရှောက်မှုတွေပေးနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

လေးကေ့ကော်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံ၊ တက်ခရိုင်ထဲက နေရာငါးခုမှာ ထိုင်းအာဏာပိုင်တွေက နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် မဲဆောက်ဆေးရုံကဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း မြန်မာစစ်ရှောင်တွေရဲ့ကျန်းမာရေးကိစ္စတွေကို တာဝန်ယူထားတယ်လို့ မဲဆောက်မီဒီယာက သတင်းဖော်ပြပါတယ်။

လက်ရှိမှာ လေးကေ့ကော် ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/KNU တိုက်ပွဲတွေ ပြန်ငြိမ်နေပြီဖြစ်လို့ စစ်ရှောင်လာကြတဲ့ဒေသခံတွေထဲက လူပေါင်း တစ်ထောင်ကျော်ဟာ သဘောဆန္ဒအလျောက်နေရပ်ပြန်လာပြီဖြစ်ပေမဲ့ ထိုင်းဘက်ခြမ်းရောက်နေတဲ့ဒေသခံ ၆ ထောင်ကျော်ရှိနေဆဲဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်

Add a Comment

Your email address will not be published.