ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေး ရရှိစေရန် အချိန်နှင့်ငွေကြေးများ အပါအဝင်
ကြိုးစားမှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် အလဟသ
ဖြစ်သွားရကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၂ ရက်နေ့ ကျရောက်မည့် ၂၇၆၁ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အတွက် ပေးပို့ သော
သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အေ းချမ်းစွာ တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရေး၊
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး
၊ ပြည်သူလူထု သာယာဝပြောရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးများကို
အချိန်နှင့်ငွေကုန်ကြေးကျများစွာ ရင်းနှီးခဲ့ပြီး ကြိုး ပမ်းအားထုတ်ခဲ့ပါသည်။ သို့ရာတွင် စစ်တပ်က အသစ်တဖန်
အာဏာသိမ်းယူခဲ့သောကြောင့် KNU ၏ ကြိုးပမ်း အားထုတ်မှုများလည်း အလဟသဖြစ်ပေါ်ခဲ့ရပါသည်”
ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကပြောဆိုသည်။
“အတင်းအဓမ္မလုယူထားခြင်းခံနေရသော မိမိတို့၏ အခွင့်အရေးများကို ပြန် လည် ရယူပြီး မိမိတို့
အမျိုးသားများ၏ အခွင့်အရေးများနှင့် မိမိတို့ အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မ
တရားသည့် နိုင်င့ရေး စနစ်များကို မမှိတ်မသုတ် တွန်းလှန်တိုက်ဖျက်ကြရပါမည်” ဟု
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
KNU သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးရန်၊ စစ်တပ်က
အာဏာရယူထားမှု စွန့်လွှတ်ရန် ကြေ ညာ ချက် ထုတ်ပြန်တောင်းဆိုထားသည်။
ဓာတ်ပုံ- KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး။
Photo – Karen News