NEW YEARကြွေးကြော်သံနဲ့ပတ်သတ်ပြီးအသိပေးလိုက်တဲ့သရုပ်ဆောင်မြနှင်းရည်လွင်

ပရိသတ်ကြီးရေသရုပ်ဆောင်မြနှင်းရည်လွင်ကတော့လက်ရှိမှာခက်ခဲကြမ်းတမ်းတဲ့

လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

အောင်မြင်နေတဲ့ အနုပညာရှင် မင်းသမီးတစ်လက်ဖြစ်ပေမယ့်အောင်မြင်မှု့တွေကိုစွန့်ပစ်

ပြီးတော့အမှန်တရားအတွက် ရဲရဲဝင့်ဝင့်ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲသူမကိုပရိသတ်တွေကအရမ်းကို ချစ်ခင်အားပေးကြရတာလဲဖြစ်ပါတယ်။

မြနှင်းရည်လွင်ကိုချစ်တဲ့ပရိသတ်တွေကတော့သူမရဲ့လုံခြုံဘေးကင်းရေးအတွက်အမြဲတမ်းစိတ်ပူပင်နေတာပဲဖြစ်ပါတယ်။

မြနှင်း ဟာ New Year ကြွေးကြော်သံ နဲ့ပတ်သတ်တဲ့အကြောင်းတစ်ခုကိုပရိသတ်တွေကိုအခုလိုပဲအသိပေးလာပါတယ်။

နှစ်သစ်ဆုတောင်းအားသစ်လောင်းနှင့်အတူဖက်ဒရယ်ဒီမိုကရေစီNewYearနှစ်သစ်ကိုလည်းကြိုမယ်ဖက်ဆစ်ကိုလည်းဖြိုမယ်။

၂၀၂၁ခုနှစ်ဒီဇင်ဘာလ၃၁ရက်ည၉နာရီ09:00PMမှ၂၀၂၂ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မနက်၁၂နာရီ၁၀မိနစ်အထိ(00:10AM)

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီ၏အာဏာသိမ်းမှုကြောင့်နွေဦးတော်လှန်ရေးစတင်ခဲ့ရပြီး

မြေပေါ်မြေအောက် အဖွဲ့အစည်းအသီးသီးမှ နည်းမျိုးစုံ ဘက်ပေါင်းစုံဖြင့် တော်လှန်နေကြရ သည်မှာလည်း ၁၁ လတိုင် ကြာခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် ကျန်းမာရေး မိသားစုများမှ ဦးစီး၍ တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ကြသော ဆေးပညာရှင်များနှင့်

နယ်ပယ်စုံမှရဲဘော်များအား လေးစားအမှတ်ရခြင်း အထိမ်းအမှတ် အပြင် ယနေ့တိုင် ယုံကြည်ချက် ကြံ့ကြံ့ခိုင်စွာဖြင့်

တိုက်ပွဲဝင်လျက် ရှိကြသောကျန်းမာရေး CDM ဝန်ထမ်းများ CDM ထောက်ပံ့သူများ အာဇာနည်ရဲဘော်များ

နှင့်တော်လှန်ရေးတွင်ကျရာနေရာမှအားသွန်ခွန်စိုက်ပါဝင်ပေးနေကြသောပြည်သူများအားလုံးကိုစိတ်ဓာတ်

ခွန်အားမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍၂၀၂၁ခုနှစ်ဒီဇင်ဘာလ၃၁ရက်နေ့ညနှစ်သစ်ကူးချိန်တွင်

အားသစ်လောင်းဆုတောင်းခြင်းအခမ်းအနား ပြုလုပ်မည် ဖြစ်ပါသည်။

ကြွေးကြော်တော်လှန် ည ၁၂ နာရီ တိတိတွင် Happy New Year ဟု အော်ဟစ်ကြိုဆိုမည့်အစား

New Year ကြွေးကြော်သံFederalDemocracyNewYearဟုအော်ဟစ်ရွတ်ဆို၍နှစ်သစ်ကိုကြွေးကြော်ကြိုဆိုကြပါမည်။

မှတ်ချက်ကြွေးကြော်သံရွတ်ဆိုရာတွင်မိမိတို့၏လုံခြုံဘေးကင်းရေးကိုအထူးဦးစားပေးဂရုပြုစေလိုပါသည်။

ဆုတောင်း တော်လှန် တော်လှန် နှစ်သစ်ဆုတောင်းပွဲ Prayer Strike တော်လှန်ရေး အဆက်ဆက်

အသက်သွေး ချွေးများ ထည့်ဝင်ပေးဆပ်သွားကြသော အာဇာနည်များသူရဲကောင်းများ အကျဉ်းထောင်ထဲမှ

သူရဲကောင်းရဲဘော်များ PDF တပ်သားများ တော်လှန်နေကြသော ပြည်သူများအားလုံးအတွက်လည်း

December 31 ရက်နေ့ညတွင်ဝိုင်းဝန်းဆုတောင်း ကြပါမည်။

ဘာသာပေါင်းစုံမိမိယုံကြည်ကိုးကွယ်ရာအလိုက်တစ်ဦးချင်းဖြစ်စေအဖွဲ့လိုက်ဖြစ်စေဆုတောင်းပေးကြပါရန်။

ဆုတောင်းသည့်အခါတွင်ဖယောင်းတိုင်ထွန်းခြင်းဝမ်းနည်းခြင်းနှင်းဆီများဖြန့်ကြဲခြင်းစသည်ဖြင့်ကြိုက်နှစ်သက်သည့်

ပုံစံနှင့်ဆုတောင်းမှုကိုဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်း ပြသကြပါစို့

ခင်ဗျာ။လို့ မြနှင်း ဟာသူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

Add a Comment

Your email address will not be published.