မနက်စာ မဖြစ် မနေ စားရမယ် ဆိုတာ ဟုတ်ပါသလား? အမေးအဖြေ

မနက်စာ မဖြစ် မနေ စားရမယ် ဆိုတာ ဟုတ်ပါသလား? အမေးအဖြေ

အဖြေတိုက်ရန်

အမေးအဖြေ

အမေး – မနက်စာ မဖြစ် မနေ စားရမယ် ဆိုတာ ဟုတ်ပါသလား? မနက်စာ မစားရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ဟုတ်ပါသလား?

အဖြေ – ဒီမေးခွန်း အဖြေ က လူ တဦးချင်းစီနဲ့ သာ ဆိုင်ပါတယ်။ လူတယောက် ရဲ့ အကျင့် ပေါ်ပိုပြီး မူတည် ပါတယ်။ ဥပမာ မနက်စာ မစားရင် မလန်းဘူး၊ ခေါင်းရှုပ် တယ် လို့ ခံစားရတဲ့ သူ အတွက် က တော့ မနက်စာ မစားရင် သူ့ရဲ့ တနေ့တာ လုပ်ရမယ့် အလုပ် ပေါ် အနှောင့်အယှက် ရှိနိုင်ပါတယ်။ ဒီလို လူမျိူး က စားကို စားသင့်ပါတယ်။

ဒါပေမယ့် မနက်စာ စားတာ နဲ့ မစားတာ က ဘာမှထူး ခြားပြောင်းလဲ မှု့ မရှိတဲ့ သူတယောက်အတွက် ကတော့ မနက်စာ ဟာ အရေးကြီး တဲ့ အစားအစာ လို့ ယူဆလို့မရပါဘူး။

လူတယောက် မှာ အရေးအကြီးဆုံး က မိမိ စားရမယ့် ကယ်လိုရီ ပမာဏ ကို ပြည့်ဝပြီး အာဟာရ မျှတအောင် စားပေးဖို့သာ အဓိက လိုအပ်ပါတယ်။ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် အစားအသောက် ကို သူ့အချိန်နဲ့ သူ စားတဲ့ အလေ့အကျင့် ဖြစ်စေချင်ပေမယ့် တခါတလေ မှာ အလုပ်သဘောအရ၊ အခြေအနေ အမျိုးမျိုး အရ မနက်စာ လွတ်တာ စတာ တွေ ဖြစ်တတ်ပါတယ်။ မနက်စာ လွတ်ရုံနဲ့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက် သွားနိုင်သလား ဆိုတော့ …. မထိခိုက်ပါဘူး။ (အရင်က ကျွန်တော် ကိုယ်တိုင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုပြီး ထင်ခဲ့မိပါတယ်၊ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေ အရ အဲ့လို မဟုတ်ဘူး ဆိုတာ သိခဲ့ရပါတယ်)

တခုတော့ ရှိပါတယ်၊ အရမ်း အဆာလွန်ပြီး အစာအိမ်ထိ တဲ့ အဆင့်အထိ တော့ မဖြစ်ပါစေနှင့်။ ဥပမာ အချိန်ကြာမြင့်စွာ fasting လုပ်ခြင်း

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

မနက္စာ မျဖစ္ မေန စားရမယ္ ဆိုတာ ဟုတ္ပါသလား? အေမးအေျဖ

အေျဖတိုက္ရန္

အေမးအေျဖ

အေမး – မနက္စာ မျဖစ္ မေန စားရမယ္ ဆိုတာ ဟုတ္ပါသလား? မနက္စာ မစားရင္ က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာ ဟုတ္ပါသလား?

အေၿဖ – ဒီေမးခြန္း အေၿဖ က လူ တဦးခ်င္းစီနဲ႔ သာ ဆိုင္ပါတယ္။ လူတေယာက္ ရဲ့ အက်င့္ ေပၚပိုၿပီး မူတည္ ပါတယ္။ ဥပမာ မနက္စာ မစားရင္ မလန္းဘူး၊ ေခါင္းရႈပ္ တယ္ လို႔ ခံစားရတဲ့ သူ အတြက္ က ေတာ့ မနက္စာ မစားရင္ သူ႔ရဲ့ တေန႔တာ လုပ္ရမယ့္ အလုပ္ ေပၚ အေႏွာင့္အယွက္ ရွိနိုင္ပါတယ္။ ဒီလို လူမ်ိဴး က စားကို စားသင့္ပါတယ္။

ဒါေပမယ့္ မနက္စာ စားတာ နဲ႔ မစားတာ က ဘာမွထူး ျခားေျပာင္းလဲ မႈ႔ မရွိတဲ့ သူတေယာက္အတြက္ ကေတာ့ မနက္စာ ဟာ အေရးႀကီး တဲ့ အစားအစာ လို႔ ယူဆလို႔မရပါဘူး။

လူတေယာက္ မွာ အေရးအႀကီးဆုံး က မိမိ စားရမယ့္ ကယ္လိုရီ ပမာဏ ကို ျပည့္ဝၿပီး အာဟာရ မၽွတေအာင္ စားေပးဖို႔သာ အဓိက လိုအပ္ပါတယ္။ကၽြန္ေတာ္တို႔ကေတာ့ ျဖစ္နိုင္ရင္ အစားအေသာက္ ကို သူ႔အခ်ိန္နဲ႔ သူ စားတဲ့ အေလ့အက်င့္ ျဖစ္ေစခ်င္ေပမယ့္ တခါတေလ မွာ အလုပ္သေဘာအရ၊ အေျခအေန အမ်ိဳးမ်ိဳး အရ မနက္စာ လြတ္တာ စတာ ေတြ ျဖစ္တတ္ပါတယ္။ မနက္စာ လြတ္႐ုံနဲ႔ က်န္းမာေရး ဆိုးဆိုးဝါးဝါး ထိခိုက္ သြားနိုင္သလား ဆိုေတာ့ …. မထိခိုက္ပါဘူး။ (အရင္က ကၽြန္ေတာ္ ကိုယ္တိုင္ က်န္းမာေရး ထိခိုက္နိုင္တယ္ဆိုၿပီး ထင္ခဲ့မိပါတယ္၊ ဒါေပမယ့္ ေလ့လာေတြ႕ရွိခ်က္ေတြ အရ အဲ့လို မဟုတ္ဘူး ဆိုတာ သိခဲ့ရပါတယ္)

တခုေတာ့ ရွိပါတယ္၊ အရမ္း အဆာလြန္ၿပီး အစာအိမ္ထိ တဲ့ အဆင့္အထိ ေတာ့ မျဖစ္ပါေစႏွင့္။ ဥပမာ အခ်ိန္ၾကာျမင့္စြာ fasting လုပ္ျခင္း

ေလးစားစြာျဖင့္

ေဒါက္တာ ညီညီေက်ာ္

Be the first to comment

Leave a Reply

Your email address will not be published.


*