တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ PDF လူငယ်လေးတွေ

တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ PDF လူငယ်လေးတွေ

နေရေးစားရေးခက်ခဲတဲ့နေရာတွေမှာ ဒုက္ခမျိုးစုံခံစားပြီးနေရတဲ့ PDF လူငယ်လေးတွေဟာ အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့် ဟင်းကောင်းစားရတဲ့နေ့တွေရှိသလို အလှူငွေမရတဲ့အချိန်မှာလည်း တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးယူပြီး ဝမ်းရေးကို ဖြစ်သလိုဖြေရှင်းနေရကြောင်းကို PDF လူငယ်လေးတွေ ကို ဒိုင်ခံကူညီပေးနေတဲ့ ပြည်သူတစ်ဦးက ပြောပြလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အစစအရာရာ ကျပ်တည်းနေတာမို့ အလှူခံရတာလည်း မလွယ်ကူလှပါဘူး။အမြဲတမ်းလှူလာပေးတဲ့အလှူရှင်တစ်ယောက်ဟာ အလှူငွေမရလို့ စိတ်မကောင်းဖြစ်တဲ့အချိန်မှာ PDF တပ်သားလေးတွေဟာ အလှူငွေမရလို့ စိတ်မညစ်ဖို့နဲ့ တောထဲမှာ မျှစ်တွေ ငှက်ပျောသီးတွေ ပေါများကြောင်း ပြန်ပြီးအားပေးခဲ့ပါသေးတယ်။

လိုစိတ်ဓာတ်နဲ့လူငယ်လေးတွေ တိုက်မယ့်တိုက်ပွဲဟာ မအောင်မြင်နိုင်စရာမရှိဘူးလို့လည်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ စွန့်လွှတ်စွန့်စားစိတ်နဲ့ တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းဟာ လေးစားထိုက်သူတွေပါ။

ရောက်တဲ့နေရာမှာ အဆင်ပြေသလိုဖြတ်သန်းပြီး ကိုယ်အဓိကလုပ်ရမယ့်တာဝန်နဲ့ ဝတ္တရားကို မပျက်မကွက်ဂရုစိုက်တတ်တဲ့အကျင့်လေးတွေက တကယ်ကိုကောင်းမွန်ပါတယ်

အစစအရာရာ မပြည့်စုံတဲ့အခြေအနေတွေကိုလည်း ရအောင်ဖြတ်သန်းပြီး ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနေကြတဲ့ PDF လူငယ်လေးတွေအားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

Zawgyi

လိုင်းပေါ်ကသွေးခွဲစကားများနားမယောင်ဖို့ ကရင်တစ်မျိုးသားလုံး Facebook မသုံးရန် ဗိုလ်ချုပ်ဇော်မင်းထွန်း အကြံပေး

KNUမှ တာဝန်ရှိသူများနှင့် ကရင်တမျိုးသားလုံး Facebook မသုံးရန် ဇော်မင်းထွန်း အကြံပြု KNU လက်အောက်ခံ အဖွဲ့အစည်းများမှာ လေးကေးကော်ဖြစ်စဉ်ကို ခုတုံးလုပ်၍၊ ဒုက္ခသည်အမည်ခံကာနိုင်ငံခြားကို အောက်လမ်းက သွားနေသော သူများအား ကူညီစောင့်ရှောက်နေခြင်းမှာ၊ မိမိ ဥာဏ်ရည်ဥာဏ်သွေး Levelကို ချပြနေယုံတင်မက။

နိုင်ငံတကာမှ အတုယူ အားကြ လေးစားသမှုပြုနေရသော မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများကို ပေါ်တင် စော်ကားသလို ဖြစ်၍ ကြီးလေသော ဒါဏ်ခက်အရေးယူမှုများကို၊ ပြည်သူတစ်ရပ်လုံးမှ တင်မြောက်ထားသော မိမိတို့ တပ်မတော်အနေဖြင့် ဆောင်ရွက်နိုင်သည်။

သို့သော်KNUနှင့် မြန်မာ့တပ်မတော်ဆိုသည်မှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများသာဖြစ်၍ မည်သို့မှ စိတ်ဆိုးစိတ်နာမှု မပြုနိုင်။ ညီညီ ဒုက္ခရောက်နေလျှင် ကိုကိုက ကူညီရမည်။ ကိုကို လမ်းမှား နေလျှင်လည်း ညီညီက အမုန်းခံ၍ ပြောရမည်။

ထို့ကြောင့်လေလှိုင်းပေါ်ရှိ သွေးခွဲစကားများကို နားမယောင်မိစေရန်၊ KNUမှ တာဝန်ရှိသူများအပြင်၊ ကရင် တမျိုးသားလုံး Facebook အသုံးမပြုကြရန် အကြုံလျှက်။ဟုဆိုတာ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြာခဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*