ကွယ်လွန်သူမျက်မမြင် အဘအား လစဉ်ထောက်ပံ့ငွေထဲမှလက်ကျန်ငွေလေးဖြင့် ကုသိုလ်ကောင်းမှုလုပ်ပေးခဲ့တဲ့ မိုးစက်

ကွယ်လွန်သူမျက်မမြင် အဘအား လစဉ်ထောက်ပံ့ငွေထဲမှလက်ကျန်ငွေလေးဖြင့် ကုသိုလ်ကောင်းမှုလုပ်ပေးခဲ့တဲ့ မိုးစက်

မိုးစက်ကတော့ ခုလိုကာလတွေမှာသူကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာအပြင် (၇)ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းပြီး အခက်အခဲဖြစ်နေသူတွေကို စာနာစိတ်ဖြင့် လိုက်လံကူညီနေတာမို့ အများက လေးစားနေရတာပါ။ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းထဲက ခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေကိုလည်း ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ် ။

အခုလည်း သူလစဉ်ထောက်ပံ့ပေးနေတဲ့မျက်မမြင် ဓားသွေးတဲ့ အဘ ကွယ်လွန်သွားတာကြောင့် သူရဲ့ကျန်ရှိနေတဲ့ငွေတွေထဲက အဘအတွက် ရည်စူးပြီးအလှူအတန်းများစွာ ပြုလုပ်ခဲ့ပေးဖြစ်ခဲ့ကြောင်း ရေးသားဝေမျှလာပါတယ်။အလှူနဲ့ ပတ်သက်ပြီး ”ကွယ်လွန်သူ(မျက်မမြင်ဓားသွေး )အဘ ဦးမောင်ကြိုင် အသက်(၇၁) နှစ် ရဲ့ လစဉ်ထောက်ပံ့ငွေ ကျွန်တော့်ဆီမှာ(၁၀)သိန်းတိတိကျန်ခဲ့ပါတယ်။

” ဒီနေ့ (30.12.2021) နေ့မှာ….ဘဘ ဦးမောင်ကြိုင် နာရေးအသုံးပြုရန်အတွက် ၅)သိန်းကျပ် ပေးခဲ့ပြီး…Royal Asia Myanmar သောက်ရေသန့်မှသောက်ရေသန့်ကဒ် (၃၀)ပါဝင်လှူဒါန်းပေးပါတယ်ဘဘ ရဲ့ဇာတိမြေမြစ်ခြေမြို့ ဆည်းဆာအေးရိပ် ဘိုးဘွားစောင့်ရှောက်မှူဂေဟာ အတွက်၁သိန်း ကျပ် ။

ခဝဲ ခြံ မျက်မမြင်စောင့်ရှောက်ရေးဂေဟာအတွက်၁သိန်းကျပ်။ရမျက်စိကွယ်နေတဲ့အပြင်ကိုယ်လက်ထုံကျင်ရောဂါများကြောင့်ဆရာထူးခန့်ကျော်ဆီမှာပြသနေရတဲ့ ဆရာလေး ဒေါ်ပညာစာရီ အတွက် ၁သိန်းကျပ် ။

Shake ဆိုင်မှပေါင်မုန့်လေးတွေယူပြီး မြို့ထဲမှာလှည့်လည်ရောင်းချနေသော အသက်(၇၈)အရွယ် အဘဦးသာ အတွက် ၁သိန်းကျပ်။အသက် (၉၀)ကျော် မိခင်ကြီးကို ရှာဖွေ ကျွေးမွေးနေတဲ့ ကိုယ်တိုင်ချုပ်အိတ်များရောင်းချသော အဘ ဦးတင်ဝင်း အတွက်..၁သိန်းကျပ် ။အသီးသီး ခွဲဝေ လှူဒါန်းခဲ့ပါတယ်။

ဤသို့လှူဒါန်းပေးရသော အကျိုးအားကြောင့်ဘဘဦးမောင်ကြိုင်တစ်ယောက် နောက်ဘဝများလူဖြစ်ခွင့်ရခဲ့ပါလျှင် စက္ခုနှစ်ကွင်း အလင်းရ၍ ကိုယ်ခန္ဓာ ၊အသိပညာ ချို့ယွင်းမှူကင်းသော လူပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပါစေခင်ဗျာ။ရောက်ရာဘုံဘဝမှ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ပါစေ ”ရေးသားထားရာပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi

ကြယ္လြန္သူမ်က္မျမင္ အဘအား လစဥ္ေထာက္ပံ့ေငြထဲမွလက္က်န္ေငြေလးျဖင့္ ကုသိုလ္ေကာင္းမႈလုပ္ေပးခဲ့တဲ့ မိုးစက္

မိုးစက္ကေတာ့ ခုလိုကာလေတြမွာသူကိုယ္တိုင္ရွာေဖြထားတဲ့ေခြၽးႏွဲစာအျပင္ (၇)ရက္သားသမီးအလႉရွင္ေတြနဲ႔ စုေပါင္းၿပီး အခက္အခဲျဖစ္ေနသူေတြကို စာနာစိတ္ျဖင့္ လိုက္လံကူညီေနတာမို႔ အမ်ားက ေလးစားေနရတာပါ။ဒါ့အျပင္ အႏုပညာ အသိုင္းအဝိုင္းထဲက ခက္ခဲေနတဲ့ သက္ႀကီးပိုင္းေတြကိုလည္း ကူညီ ေထာက္ပံ့ေပးလ်က္ရွိပါတယ္ ။

အခုလည္း သူလစဥ္ေထာက္ပံ့ေပးေနတဲ့မ်က္မျမင္ ဓားေသြးတဲ့ အဘ ကြယ္လြန္သြားတာေၾကာင့္ သူရဲ႕က်န္ရွိေနတဲ့ေငြေတြထဲက အဘအတြက္ ရည္စူးၿပီးအလႉအတန္းမ်ားစြာ ျပဳလုပ္ခဲ့ေပးျဖစ္ခဲ့ေၾကာင္း ေရးသားေဝမွ်လာပါတယ္။အလႉနဲ႔ ပတ္သက္ၿပီး ”ကြယ္လြန္သူ(မ်က္မျမင္ဓားေသြး )အဘ ဦးေမာင္ႀကိဳင္ အသက္(၇၁) ႏွစ္ ရဲ႕ လစဥ္ေထာက္ပံ့ေငြ ကြၽန္ေတာ့္ဆီမွာ(၁၀)သိန္းတိတိက်န္ခဲ့ပါတယ္။

” ဒီေန႔ (30.12.2021) ေန႔မွာ….ဘဘ ဦးေမာင္ႀကိဳင္ နာေရးအသုံးျပဳရန္အတြက္ ၅)သိန္းက်ပ္ ေပးခဲ့ၿပီး…Royal Asia Myanmar ေသာက္ေရသန႔္မွေသာက္ေရသန႔္ကဒ္ (၃၀)ပါဝင္လႉဒါန္းေပးပါတယ္ဘဘ ရဲ႕ဇာတိေျမျမစ္ေျခၿမိဳ႕ ဆည္းဆာေအးရိပ္ ဘိုးဘြားေစာင့္ေရွာက္မႉေဂဟာ အတြက္၁သိန္း က်ပ္ ။

ခဝဲ ၿခံ မ်က္မျမင္ေစာင့္ေရွာက္ေရးေဂဟာအတြက္၁သိန္းက်ပ္။ရမ်က္စိကြယ္ေနတဲ့အျပင္ကိုယ္လက္ထုံက်င္ေရာဂါမ်ားေၾကာင့္ဆရာထူးခန႔္ေက်ာ္ဆီမွာျပသေနရတဲ့ ဆရာေလး ေဒၚပညာစာရီ အတြက္ ၁သိန္းက်ပ္ ။

Shake ဆိုင္မွေပါင္မုန႔္ေလးေတြယူၿပီး ၿမိဳ႕ထဲမွာလွည့္လည္ေရာင္းခ်ေနေသာ အသက္(၇၈)အ႐ြယ္ အဘဦးသာ အတြက္ ၁သိန္းက်ပ္။အသက္ (၉၀)ေက်ာ္ မိခင္ႀကီးကို ရွာေဖြ ေကြၽးေမြးေနတဲ့ ကိုယ္တိုင္ခ်ဳပ္အိတ္မ်ားေရာင္းခ်ေသာ အဘ ဦးတင္ဝင္း အတြက္..၁သိန္းက်ပ္ ။အသီးသီး ခြဲေဝ လႉဒါန္းခဲ့ပါတယ္။

ဤသို႔လႉဒါန္းေပးရေသာ အက်ိဳးအားေၾကာင့္ဘဘဦးေမာင္ႀကိဳင္တစ္ေယာက္ ေနာက္ဘဝမ်ားလူျဖစ္ခြင့္ရခဲ့ပါလွ်င္ စကၡဳႏွစ္ကြင္း အလင္းရ၍ ကိုယ္ခႏၶာ ၊အသိပညာ ခ်ိဳ႕ယြင္းမႉကင္းေသာ လူပုဂၢိဳလ္တစ္ဦးျဖစ္ႏိုင္ပါေစခင္ဗ်ာ။ေရာက္ရာဘုံဘဝမွ သာဓု အႏုေမာဓနာ ေခၚဆိုႏိုင္ပါေစ ”ေရးသားထားရာပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*