ဘယ်လိုတရားသူကြီးမျိုးကများ မတရားအမိန့်တွေကိုချမှတ်သလဲဆိုပြီး မေးခွန်းထုတ်လာတဲ့ ဥက္ကာမင်းမောင်

မင်းသားတစ်ယောက်လည်းဖြစ်သလို အလှမောင်တစ်ယောက်လည်းဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်နေသူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူကိုယ်တိုင်လည်း ပြည်ပရောက် မြန်မာလူမျိုးတွေနဲ့ အတူတူ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပေးခဲ့ပြီး မြန်မာပြည်ကသတင်းတွေကို အမြဲတမ်းနားစွင့်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဥက္ကာမင်းမောင်က အနုပညာရှင်တွေကို မတရားအမိန့်တွေချမှတ်ပြီး ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပက်သတ်ပြီး အခုလိုပဲပြောလာပါတယ်။

“ကိုလူမင်း၊ကိုရဲတိုက်၊ကို ပြေတီဦး၊ မအူဝဲ၊ မဝင်းမင်းသန်း၊ ညီလေး ပိုင်တံခွန် တို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေ။ ရင်ထဲမကောင်းဘူး။ ဘယ်လို တရားသူကြီးမျိုးက ဒီလိုအမိန့်ကိုချသလဲ? အလုပ်ကြမ်းကပါသေးတယ်။ ဒေါသတွေထွက်လိုက်တာ Human rights ဆိုတာမရှိ၊ မတရားမှူနဲ့ အဓမ္မ ကြီးစိုးတဲ့ နိုင်ငံ၊ လူစိတ်မရှိ မိသားစုချင်း သားသမီးချင်း စာနာစိတ်မရှိ ကိုယ့်တဘို့ထဲလောဘ ကိုယ့်ဆွေတစုမျိုးတစုကောင်းဖို့ပဲကြည့်တတ်တဲ့ စစ်အာဏာရူးတသိုက်ကြောင့် အပြစ်မရှိတဲ့ လူသားတွေ အသက်ဆုံးရှုံးရတယ်။ ဘဝတွေ နစ်နာရတယ်။ မိသားစုတွေပြိုကွဲရတယ်”

” ပြည်သူတွေ စီးပွားရေးတွေ ချွတ်ခြုံကျရတယ်။ အကြောက်တရားတွေနဲ့ ဘဝကိုရှေ့ဆက်နေရတယ်။ ပြည်သူ့ကျိန်စာ တွေစူးပါစေ။ ဝဋ်ကြီး ဝဋ်ငယ် မသေခင်ပြန်လည်ခံစားကြရပါစေ.. အမေစု၊သမ္မတကြီး နှင့်တကွ အချုပ်အနှောင်ခံနေရတဲ့ အပြစ်မဲ့ ပြည်သူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ.. ဘေးကင်းပါစေ… ကျန်းမာပါစေ.” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ ပြည်သူတွေအားလံုံးကို စိတ်ထောင်းကိုယ်ကြေဖြစ်ရအောင် အမျိုးမျိုးဒုက္ခပေးနေကြတဲ့ စစ်အာဏာရှင်ရူးတသိုက်ကို ပြည်သူ့ကျိန်စာ တွေစူးပါစေဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

Source: Ye Htoo Win ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.