ရွေးကောက်ပွဲပြန်လုပ်ပေးမှာဖြစ်ပေမဲ့ အာဏာလွဲပေးဖို့မဖြစ်နိုင်သေးဘူဟုဆိုပြန်…

ရွေးကောက်ပွဲအသစ်ပြန်လည်ပြုလုပ်ပြီး အနိုင်ရပါတီကိုအာဏာလွှဲ ပြောင်းပေးဖို့အတွက် ပြည်သူ များနဲ့နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းနဲ့ဆောင်ရွက်လို့မရဟု နစက ဥက္ကဋ္ဌပြော

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့်အကြောင်းနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရ အဖွဲ့အစည်း အဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ငြိမ်းချမ်းရေးဆွေး နွေးမှုများအတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသဖြင့် ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိမည်ကို မျှော်လင့်သည်ဟု ပြောသည်။

နစက ရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ နောက်ဆုံး အချက်ဖြစ်တဲ့ လုပ်ဆောင်ဖွယ်ရာတွေကို လုပ် ဆောင်ပြီးရင် ရွေးကောက်ပွဲအသစ်ပြန်လုပ်ပြီး အနိုင်ရပါတီကို အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ်ပါတယ်ဟုပြောသည်။

ထိုသို့ ပြုလုပ်ရာတွင် လုပ်ငန်းများအားလုံးအဆင်ပြေချောမွေ့ စေရန် ပြည်သူများနှင့်နိုင်ငံတ ကာ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင်များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း နစက ဥက္ကဋ္ဌကပြော သည်။

နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့်ပထမအချက်မှစတုတ္ထအချက် အထိလုပ်ငန်းစဉ်များသည် နောက်ဆုံးလုပ်ငန်းစဉ်ချောမွေ့စွာအောင်မြင်စေရေးအတွက် လမ်းခင်းပေးထားခြင်းဖြစ်၍

လုပ်ငန်းစဉ်လေးရပ်အားထိခိုက်အောင်ဆောင်ရွက်ပါးလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်စေနိုင်သဖြင့် လက်ရှိအ ခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများပြောင်းလဲမည်မဟုတ် ဟုပြောသည်။

ထို့ပြင် နစက ဥက္ကဋ္ဌက မိမိတို့အစိုးရသည် အချိန်ကာလတိုတစ်ခုအတွင်းသာ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်သည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ရေရှည်လုပ်ငန်းများထက် လက်တလောအ ကောင်အထည်ဖော် ဆောင်ရွက်၍ရသည်များကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဟုပြော သည်။

Zawgyi

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.

*