ပစ္စ.တို.တစ်လက် ခါးကြား ထိုးပြီး လျှောက်သွား နေတတ်တဲ့ တောင်တွင်း ကြီးမြို့က ကြံ့ဖွံ့ အတွင်းရေးမှူးရဲ့ ဝမ်းနည်းဖွယ် အ ဖြစ်

တောင်တွင်းကြီးမှာ ပစ္စတို ခါးကြားထိုးသွားတဲ့ ကြံ့ဖွတ်ပါတီဝင် အတွင်းရေးမှူးရဲ့အဖြစ် တောင်တွင်းကြီးမြို့တွင် ပစ္စတိုသေနတ်ခါးကြားထိုး၍ လျှောက်သွားနေသူ ကြံ့ဖွတ်ပါတီ အတွင်းရေးမှူးဇော်ဇော်အောင် ပစ်သတ်ခံရ၊

အသုဘကို စစ်ဘင်ခရာတီးဝိုင်းဖြင့် ချ ရန်ကုန်၊ ဇန်နဝါရီ ၁ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်ရပ်ကွက်၊ ရေစက်လမ်းတွင် တောင်တွင်းကြီးမြို့နယ် ကြံ့ဖွတ်ပါတီ အတွင်း ရေးမှူး ဇော်ဇော်အောင်သည်

ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၅ ခွဲအချိန် ပစ်သတ်ခံရကြောင်း သိရှိရသည်။ ဇော်ဇော်အောင်သည် အရက်ဝယ်ပြီး အိမ်ပြန်အလာမှာ အမည်မသိသူ နှစ်ဦးက သေနတ်ဖြင့် ၃ ချက်ပစ်သွားကြောင်း၊

ဆေးရုံတင်ပို့ရန် စစ်တပ်နှင့်ရဲက ဇော်ဇော်အောင်ကို လာသယ်စဉ် အင်္ကျီခါးကြားမှ 9 MM ပစ္စတို ၁ လက်ထွက်ကျလာသဖြင့် စစ်တပ်က သိမ်းဆည်းသွားကြောင်း၊ ယင်းနောက် ဇော်ဇော်အောင် သေဆုံးသွားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲတွင်ဇော်ဇော်အောင် ၏ ရုပ်အလောင်းကို နောင်တွင်းကြီးဆေးရုံရင်ခွဲရုံမှ ဘာသာစုံသုဿာန်သို့ ပို့ဆောင်သဂြိုလ်ရာတွင် စစ်သားများ သဂြိုလ်သည့်ပုံစံအတိုင်း ဘင်ခရာစစ်တီးဝိုင်းဖြင့် ဂုဏ်ပြု တီးခတ် မီးသဂြိုလ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Zawgyi






Add a Comment

Your email address will not be published.