နှစ်သစ်ကူးည (၁၂) နာရီတိတိမှာ ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့သြယ်ဖွယ်ရာဓာတ်ပုံတစ်ပုံကို မျှဝေပေးလာတဲ့ ထိုက်ထိုက်အောင်

“၁၂ နာရီအတိမှာ ရွှေတိဂုံဘုရားကြီးကို ကျမတို့တိုက် Rooftop ကနေ အမှတ်မထင်ရိုက်မိလိုက်တာပါ။ အိမ်ထဲပြန်ဝင်လာမှ Photo ပြန်ကြည့်ပြီး ဘုရားအရိပ်ထပ်ပေါ်နေမှန်းသိတာပါ။ အပေါ်ထပ်ပြန်တက်ကြည့်ပြီး ပြန်ရိုက်တော့ မတွေ့တော့ပါဘူးရှင်။ နှစ်သစ်မှာ ရလိုက်တဲ့ ပထမဦးဆုံး Photo လေးပါ။ ဘယ်လို ယူဆရမယ်တော့မသိပေမဲ့ 2022 မှာ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြည့်ပါစေ ။ 🙏🙏 Editing လုပ်ထားတဲ့ Photo လုံးဝ လုံးဝ မဟုတ်ကြောင်း ကျမ ကိုယ်တိုင်အာမခံပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ထိုက်ထိုက်အောင်ကတော့ နှစ်တစ်နှစ်ရဲ့အစ ည(၁၂) နာရီမှာ အမှတ်မထင်ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံဘုရားကြီးရဲ့ အံ့သြဖွယ်ရာ အရိပ်ထင်နေမှုကို မိဘပြည်သူတွေပါ ဖူးမျှော်နိုင်ဖို့ အခုလိုပဲ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source: Htike Htike Aung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

နှစ်သစ်ကူးည (၁၂) နာရီတိတိမှာ ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့သြယ်ဖွယ်ရာဓာတ်ပုံတစ်ပုံကို မျှဝေပေးလာတဲ့ ထိုက်ထိုက်အောင်

Melody World သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှုကိုရရှိခဲ့တဲ့ ထိုက်ထိုက်အောင်ကတော့ လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ ထိုက်ထိုက်အောင်က ဒီကနေ့မှာတော့ နှစ်သစ်ကူးည (၁၂) နာရီတိတိမှာ ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့သြယ်ဖွယ်ရာဓာတ်ပုံတစ်ပုံကို ပရိသတ်တွေလည်း ဖူးမျှော်နိုင်ဖို့ အခုလိုပဲမျှဝေပေးလာတာကို တွေ့ရပါတယ်။

“၁၂ နာရီအတိမှာ ရွှေတိဂုံဘုရားကြီးကို ကျမတို့တိုက် Rooftop ကနေ အမှတ်မထင်ရိုက်မိလိုက်တာပါ။ အိမ်ထဲပြန်ဝင်လာမှ Photo ပြန်ကြည့်ပြီး ဘုရားအရိပ်ထပ်ပေါ်နေမှန်းသိတာပါ။ အပေါ်ထပ်ပြန်တက်ကြည့်ပြီး ပြန်ရိုက်တော့ မတွေ့တော့ပါဘူးရှင်။ နှစ်သစ်မှာ ရလိုက်တဲ့ ပထမဦးဆုံး Photo လေးပါ။ ဘယ်လို ယူဆရမယ်တော့မသိပေမဲ့
2022 မှာ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြည့်ပါစေ ။ 🙏🙏 Editing လုပ်ထားတဲ့ Photo လုံးဝ လုံးဝ မဟုတ်ကြောင်း ကျမ ကိုယ်တိုင်အာမခံပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ထိုက်ထိုက်အောင်ကတော့ နှစ်တစ်နှစ်ရဲ့အစ ည(၁၂) နာရီမှာ အမှတ်မထင်ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံဘုရားကြီးရဲ့ အံ့သြဖွယ်ရာ အရိပ်ထင်နေမှုကို မိဘပြည်သူတွေပါ ဖူးမျှော်နိုင်ဖို့ အခုလိုပဲ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source: Htike Htike Aung’s fb

Add a Comment

Your email address will not be published.