အိုမီခရွန်ဗိုင်းရပ်စ်သစ်ပေါ်လာပြီဆိုတဲ့အသံကြားတာနဲ့ အောက်စီဂျင်စက်ရုံဆီပြေးပြီး ပြင်ဆင်ထားပြီဆိုတဲ့ မောင်

သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်အရင်းလေးဖြစ်သူ သရုပ်ဆောင်မောင်ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်အားပေးမှုရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ကာ ပညာရေးဘက်ကို အာရုံစိုက်ခဲ့တာပဲဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ မောင်ဟာ အနုပညာအလုပ်တွေရပ်နားလိုက်ချိန်မှာ သူတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မောင်က အိုမီခရွန်ဗိုင်းရပ်စ်သစ်ပေါ်လာပြီဆိုတဲ့အသံကြားတာနဲ့ ပြင်ဆင်စရာရှိတာတွေအကုန်ပြင်ဆင်ထားပြီဆိုတဲ့အကြောင်းကို “ဥမ္မာခင် (အိုမီခရွန်) ရောက်နေပြီ အသံကြားတာနဲ့ တခြားကိစ္စတွေ အသာထား အောက်စီဂျင်စက်ဆီပြေးစစ်…ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရတယ်… အရင်လိုနှစ်ယောက်မဟုတ်တော့ဘူး၊ ဒီတစ်ခါ Volunteer အသစ်လေးတစ်ယောက်တိုးလာပြီ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

မောင်ကတော့ အိုမီခရွန်ဗိုင်းရပ်စ်သစ်ပေါ်လာပြီဆိုတဲ့အသံကြားတာနဲ့ သူတို့မိသားစုပိုင် အောက်စီဂျင်စက်ရုံဆီပြေးပြီး ပြည်သူတွေအတွက် လိုအပ်မယ့်အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

Source: SEIN PHYO & YI’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.