(၂၀၂၁) ခုနှစ်ဟာ ဘဝမှာမကြုံဖူးတဲ့ အခက်အခဲအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ ဝါဆိုမိုးဦး

သရုပ်ဆောင် ဝါဆိုမိုးဦးကတော့ ငယ်ငယ်လေးကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ အခုအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး အားပေးသူပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ဝါဆိုမိုးဦးဟာ ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ နှစ်တစ်နှစ်အတွင်း ကြုံဆုံခဲ့ရတဲ့အခက်အခဲတွေကို အခုလိုရင်ဖွင့်ပြောပြလာတာကို တွေ့ရပါတယ်။

“2021 ဟာဝါဆိုဘဝမှာမကြုံဘူးတဲ့ အခက်အခဲအန္တရာယ်အတွေ့အကြုံတွေနဲ့လဲရင်ဆိုင်ခဲ့ရတယ်။ မိသားစု မှာလဲမိဘလိုချစ်ရတဲ့မိသားစုဝင်လဲရုတ်တရက် နှုတ်ဆက်သွားတာဖြစ်ခဲ့ရတယ်။ စိတ်ဆင်းရဲအပူသောကတွေကိုလဲ စိတ်မာပြီး ရင်ဆိုင်ခဲ့ရတယ်။ လူမှန်းသိတတ်စအရွယ်ထဲက လုပ်ခဲ့တဲ့ အနုပညာကိုယ့်ရဲ့အိမ်မက် အလုပ်တွေလဲ လမ်းတွေပျောက်ခဲ့ရတယ်။ ကိုယ့်အပေါ် ဘယ်သူကောင်းလည်း မကောင်းလည်း ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ် ကိုယ့်အပေါ် မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ လမ်းခွဲခဲ့တယ်။ ဘယ်လောက် စိတ်ဓါတ်ကျကျ ကိုယ့်ကိုမှီခိုနေတဲ့ ကိုယ့်မိသားစုအပေါ်အမြဲတာဝန်ကျေအောင် ကျေးဇူးဆပ်ဖို့ ကြိုးစားရင်း အသက်ရှင်နေရဆဲပါ။ လူလူချင်း ပို စာနာတက်ခဲ့ပြီး ကိုယ့်ထက် အဆင်ပြေမပြေတဲ့ သူတွေ ကို ပိုပြီး ကူဖြစ်ခဲ့တယ်။ ဘာတစ်ခုမှမကောင်းတဲ့ 2021ကြီးနှုတ်ဆက်ပြီး လာမယ့် 2022နှစ်သစ်ကြီးမှာကောင်းခြင်းတွေပဲမျှော်လင့်ရင်း ကိုယ်ကိုချစ်တဲ့သူတွေနဲ့ အသက်ဆက်ကြရမှာပေါ့လေ။ အားလုံး2022 မှာ အစစအရာရာအဆင်ပြေကြပါစေလို့ဆုတောင်းရင်း🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောလာပါတယ်။

ဝါဆိုမိုးဦးကတော့ ကုန်ဆုံးခဲ့တဲ့ (၂၀၂၁) ခုနှစ်အတွင်း ဘဝမှာမကြုံဖူးတဲ့ အခက်အခဲအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာမယ့် (၂၀၂၂) မှာတော့ ကံကောင်းခြင်းတွေကိုပဲ မျှော်လင့်နေကြောင်းပြောလာတာပဲဖြစ်ပါတယ်။

Source: Warso Moe Oo’s fb

Add a Comment

Your email address will not be published.