(၂၀၂၁) မှာ စီးပွားရေးအရမ်းကြပ်တည်းခဲ့ရသလို ချစ်ရတဲ့ဘပီနဲ့လည်း သေကွဲကွဲခဲ့ရတာကြောင့် အရမ်းခံစားခဲ့ရတယ်ဆိုတဲ့ လပြည့်ကဗျာ

တစ်နိုင်ငံလုံးကချစ်ကြရတဲ့ အဆိုတော်ရေမွန်ကတော့ လူသေသွားတာ (၆) လတင်းတင်းရှိခဲ့ပြီဖြစ်ပေမယ့် သူ့ကိုချစ်ကြတဲ့သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်းရှင်သန်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန်ရဲ့အမေ ဒေါ်ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့က ရေမွန်အပေါ် အရမ်းသတိရနေပြီး ရေမွန်နဲ့ပက်သတ်တဲ့အကြောင်းအရာတွေကိုလည်း ပရိသတ်တွေဆီဝေမျှပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လပြည့်ကဗျာက သူမရဲ့နှစ်ဟောင်းဟာ ဆိုးရွာခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

“…….2 0 2 1…… -စီးပွားရေးအဆင်မပြေ အရမ်းကျပ်တည်းခဲ့တဲ့နှစ်၊ – ကိုယ်ချစ်တဲ့သူတွေနဲ့ သေကွဲ ရှင်ကွဲ ကွဲခဲ့ရတဲ့နှစ်၊ – ကိုယ့်နားခိုရာ အိမ်လေးနဲ့၊ ၂လကျော်လောက်ဝေးခဲ့ရတဲ့နှစ်၊ -စိတ်ထိခိုက်ကြေကွဲစရာ အကောင်းဆုံးနှစ်၊ – အဆိုးဆုံးဖြစ်တဲ့ မိသားစုဝင် တယောက်ဆုံးရှုံးလိုက်ရတဲ့နေ့ ၊ ……..2 0 2 2 ……… နှစ်ဟောင်းက အဆိုးတွေအကုန်လုံး ဒီနှစ်နဲ့အတူတူ ကျန်ခဲ့ပီး နှစ်သစ်မှာ အကောင်းဆုံးတွေပဲ ယူဆောင်လာပေးပါ။ ဝေးကွာနေသူတွေလဲ ပြန်ဆုံနိုင်ပါစေ။ ပန်းတိုင်လဲ အမြန်ဆုံး ရောကိရှိပါစေ။ အားလုံး ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေနော် 🥰” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။

လပြည့်ကဗျာကတော့ (၂၀၂၁) ခုနှစ်မှာ ကံဆိုးမှုတွေ၊ အဆင်မပြေမှုတွေနဲ့ ဆုံတွေ့ခဲ့ပေမယ့် (၂၀၂၂)မှာာတော့ အကောင်းဆုံးဆိုတာတေါပဲ ယူဆောင်လာပေးဖို့ တောင်းဆုပြုခဲ့တာပဲဖြစ်ပါတယ်။

Source: Lapyae Gabyar ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*