မင်းအောင်လှိုင်ကြောင့် အငြိမ်းစားဗိုလ်ချုပ်များပင် ထိတ်လန့်နေရပြီ

ဖရူးဆိုး လူသတ်ပွဲ အပေါ် ကုလ လုံခြုံရေးကောင်စီ ပြင်းထန်စွာ ရှုတ်ချ

ပြည်တွင်း ပြည်ပ သတင်း မီဒီယာ များ အားလုံးက ခရစ်စမတ် အကြိုနေ့တွင် ဖရူးဆိုး၌ ပြည်သူများ အား မီးရှို့သတ်ဖြတ်ခဲ့မှုကြီးကို တနှစ်လုံး သတ်ဖြတ်ခဲ့သမျှ တွင် အဆိုးဝါးဆုံး ကျူးလွန်မှုကြီးဟု ကင်ပွန်းတပ်လာ ခဲ့ကြသည်။

ခရစ်စမတ် ရုံးပိတ်ရက်များ ကျော်လွန်လာပြီး ရုံးများ ပြန်ဖွင့်လာသည့်အချိန်တွင်တော့ တကမ္ဘာလုံးက ဆူညံစွာ ကန့်ကွက် ပြောဆိုလာကြပြီ ဖြစ်သည်။

ထိုအထဲတွင် ကမ္ဘာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းကြီး ဖြစ်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အဆိုပါ လူသတ်ပွဲကြီးအား ရှုတ်ချကြောင်း နှင့် အကြမ်းဖက်မှုများကို ချက်ချင်းလို ရပ်တန့် ရန်၊ လူအခွင့်အရေး နှင့် နိုင်ငံသားများ၏ လုံခြုံရေး ကို အာမခံရန်၊ ကျူးလွန်သူများကို အရေးယူပေးရန် ဟူ၍ ဥက္ကဌ နိုင်ဂျား နိုင်ငံ သံအ မတ်ကြီး အဘူ ဘာရှေးမှ အဖွဲ့ဝင် နိုင်ငံများ၏ သံအမတ်ကြီး များ နှင့် အတူ လက်မှတ်ထိုး ထုတ်ပြန် လိုက်သော ကြေညာချက် တွင် ပါရှိလာခဲ့သည်။

အဖွဲ့ဝင် နိုင်ငံများ အားလုံး ကလည်း မြန်မာ ပြည်သူများ နှင့် ၎င်းတို့၏ လိုလားချက် ဖြစ်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အား ထောက်ခံကြောင်းလည်း ပါရှိခဲ့သည်။ ထို့အပြင် လိုအပ်နေသော ပြည်သူများအတွက် လို အပ်သည့် ဆေးဝါး၊ အစားအစာ များ ကူညီထောက်ပံ့ပေးနိုင်ရေးကို အတားအဆီး အဟန့်အတား မရှိ ဆောင် ရွက်ခွင့် ပေးရန်၊ ထိုသို့ လုပ်ကိုင်ပေးနေသူများ နှင့် ဆေးဝန်ထမ်းများ ၏ လုံခြုံရေး ကို အပြည့်အဝ ကာကွယ် ပေးရန် တောင်းဆိုလိုက်သည်။

မြန်မာပြည်နှင့် ပတ်သက်ပြီး ပုံမှန်အားဖြင့် ဗီတိုသုံး ပယ်ချလေ့ရှိသော တရုတ် နှင့် ရုရှားတို့ကလည်း ယခုလို ကျော်မကောင်း ကြားမကောင်း ဖြစ်စဉ်ကြီးအား ကုလ ၏ အရေးယူ ဆောင်ရွက်လာသည်ကို ဖာသိဖာသာ နေပြီး ကန့်ကွက်ခြင်း ပြုခဲ့ပုံမရပေ။ ဤသည်ကပင် စစ်ကောင်စီ ဖက်မှ ပုံအော မလောင်းရဲ သည့် အနေအထား ကို ပြဆိုလာနေ၍ ပြည်သူတို့၏ အောင်ပွဲ တရပ်ပင် ဖြစ်သည်။

အီးယူ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဂျိုးဇက် ဘောရယ် မှလည်း အဆိုပါ ဖြစ်စဉ်ကြီးကို ကြည့် ခြင်းဖြင့် စစ်အာဏာသိမ်း အဖွဲ့အား လက်နက် ရောင်းချမှု ပိတ်ဆို့ ရန် အရေးတကြီး လိုအပ်လာနေသည်ဟု ပြောလာခဲ့သည်။

မြန်မာ အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုသည့် သဘော သက်ရောက်စေမည့် မည်သူ့ အကူအညီမျိုး မဆို ရပ်တန့်ထားလိုက်ပြီး ဖြစ်သည့်အပြင် ထပ်မံပြီး အရေးယူ နိုင်မည့် အစီအစဉ်များကို စဉ်းစား လျှက် ရှိနေကြောင်းလည်း ဆိုသည်။

မြန်မာ ပြည်သူများအား အကူအညီများ ပေးနိုင်ရန် အတွက် ဒေါ်လာ ၁၀၁.၃ သန်းကို ခွဲဝေ လျာထားပေး ခဲ့ပြီး ဖြစ်သည်။

ယူနီဆက်ဖ် အဖွဲ့ကြီးမှ ဝမ်းနည်း တုန်လှုပ်မိကြောင်း နှင့် ထိုကဲ့သို့သော လုပ်ရပ်အား ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြန်သည်။

ကမ္ဘာတဝှမ်း ရှိ ကရင်နီ တိုင်းရင်းသား များကလည်း မိမိတို့ လူမျိုးများအား ယခုလို လူမဆန်စွာ ကျူးလွန်လာမှု ကြီးအား ပြင်းပြင်းထန်ထန် အရေးယူပေးပါရန် ကျယ်လောင်စွာ တောင်းဆိုနေကြပြီ ဖြစ်သည်။

မြန်မာ စစ်တပ်အဖို့က ပြည်သူများကို ထိုသို့အကြမ်းဖက် သတ်ဖြတ်နေခြင်းသည် ၎င်းတို့ အသက်ဆက် ရပ်တည်သွားနိုင်ရေး အတွက် တခုတည်းသော နည်းလမ်းဟုသာ နားလည် လက်ခံထားကြသူများ ပီပီ အလျော့ပေးသွားဖို့တော့ မရှိပေ။

၎င်းတို့ အဖို့က နိုင်ငံတကာ စည်းမျဉ်း ဥပဒေများကို လေးစားလိုက်နာသည့် တာဝန်သိ အစိုးရ တရပ် အသွင် ဟန်ဆောင်၍ ယဉ်ကျေးသော လူ့အဖွဲ့အစည်း ထဲသို့ ဝင်ရောက်ခွင့် ရရေးသည် ပဓာန မဟုတ်တော့ဘဲ လက်ရှိ အနေအထား ကို မဖြစ်ဖြစ်သည့် နည်း ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။

တဖက်တွင်လည်း ၎င်းတို့ အား မောင်းထုတ်နိုင်ရေး ဆိုသည့် အရေးတော်ပုံကြီးကို ပြည်သူတရပ်လုံးက မဖြစ် ဖြစ်သည့်နည်း ဖြင့် ကျရာနေရာမှ ကူညီ ပေးသွားမည်ဟု သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။

ပြည်သူတို့ ၏ တခုတည်းသော မျှော်လင့်ချက် အဖြစ် ရပ်တည်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရအား အမေရိကန် ဦးဆောင်မှု ဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရဖို့ အရေးသည် တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်။

၎င်းတို့၏ အဓမ္မ အုပ်ချုပ်နေသည့် အဖြစ်ကို ဆန့်ကျင် တွန်းလှန်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အင်အားက လက်ရှိ တွင် ၈,၀၀၀ ခန့် ရှိလာနေပြီး နောက်ထပ်လည်း တဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်၍ များပြားသည်ထက် များပြားလာနေပြီ ဖြစ်သည်။

ရိုဟင်ဂျာများ အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအား တရားစွဲဆိုနိုင်ရန် အပြည့် အဝ စုံစမ်း စစ်ဆေးပြီး သက်သေအထောက်အထား များ စုဆောင်းရန် နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံး အိုင်စီစီက ၎င်းတို့၏ အကျိုးဆောင် ရှေ့နေများအား အခွင့်အာဏာ များ အပြည့်အဝ အပ်နှင်းလိုက်ပြီ ဖြစ်သည်။

အာဂျင်တီးနား တရားရုံးမှ လည်း နိုင်ငံဖြတ်ကျော် တရားစီရင်ခွင့် Universal jurisdiction ဖြင့် စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်သည်။ ထို့ကြောင့် လာရောက်ထုချေရန် ဆင့်ခေါ်သည့် Process Server အား ရှောင်လွှဲရန် စစ်ကောင်စီမှ အသည်းအသန် ကာကွယ်မှုများ ပြုလုပ်လာရပြီ ဖြစ်သည်။

ထိုသို့ ဆင့်ခေါ်စာကို တရားရုံးမှ ခွင့်ပြုသမျှ နည်းလမ်းပေါင်းစုံ ဖြင့် ပေးပို့ခဲ့ပြီး ဖြစ်သည် ဟု ယုံကြည်ခြင်း ခံရပါက တရာသူကြီး မှ အမှုအား ဆက်လက် ကြားနာ စစ်ဆေးသွားပိုင်ခွင့် အပြည့်အဝ ရှိထားပြီးလည်း ဖြစ်သည်။

အာဂျင်တီးနား တရားရုံးတော်မှ ထိုကဲ့သို့ လူမဆန်သည့် ပြစ်မှုများ ကျူးလွန်သူများ အဖို့ ပြေးစရာ မြေမရှိ၊ တရားဥပဒေ၏ အဆုံးအမကို ခံယူရမည်ကို ပြဆိုနိုင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အနေအထား တွင် ၎င်းတို့အတွက် အားထားစရာမှာ အလွယ်တကူ ပြေး နိုင်ရန် အသင့် ရပ်ထားရသော လေယာဉ် တစီး နှင့် ဗေဒင်၊ ယတြာ၊ ဂါထာ၊မန္တန် များ သာ ရှိပေတော့သည်။

မင်းအောင်လှိုင်အဖို့ကား ဗိုလ်နေဝင်း ကဲ့သို့ ရွေးကောက်ပွဲ အပြီး နှစ်နှစ်ကျော်လောက်မှ လူကြားကောင်းအောင် တိုင်းပြည် အခြေအနေ ယိုယွင်းလာသဖြင့် ဆိုကာ အာဏာပြန်သိမ်းရန် အခွင့်မရတော့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှု အောက်တွင် တိုင်းပြည်သည် တဟုန်ထိုး တိုးတက်လာနေသည့်အပြင် ၎င်းအဖို့လည်း ဘုံပျောက်တော့မည့် ကိန်း နှင့် ကြုံလာရသည်။

သို့ဖြစ်၍ နိုင်ငံတကာ က တရားမျှတပါသည် ဟု သတ်မှတ်‌ပေး ထားသော ရွေးကောက်ပွဲကြီး ကို မဲသမာမှုများ ကျူးလွန်သည်ဟု ဇွတ် အကြောင်းပြကာ အရှက်ကင်းမဲ့စွာ သိမ်းယူလိုက်ရသည့် အဖြစ်သို့ ဆိုက်ရောက်သွားခဲ့ရပေတော့သည်။

ထို့အတွက်လည်း သူ ပါးစပ်က ထွက်လာသော တိုင်းပြည် စီးပွားရေး စီမံ ခန့်ခွဲမှု ဆိုသည်က အလယ်တန်း ကျောင်းသား တယောက် ၏ စိတ်ကူးဉာဏ် ရှိသလောက် ကွန့်မြူးကာ ရေးသားထားသည့် ပြိုင်ပွဲဝင် စာစီစာကုံး မျိုးထက် မပိုပေ။

စီးပွားရေး လုပ်ငန်းများ တည်ငြိမ် ဖွံ့ဖြိုးလာဖို့ ဆိုသည်မှာ နိုင်ငံတည်ငြိမ်ဖို့ အရေးကြီးပြီး၊ တည်ငြိမ်ဖို့ ဆိုသည် ကလည်း လမ်းထောင့် တိုင်းတွင် လက်နက်ကိုင် အစောင့်များ ချ၍ တည်ငြိမ်နေခြင်းမျိုးကို မဆိုလိုဟု ဂျပန် လုပ်ငန်းရှင်တဦးက မှတ်ချက် ချခဲ့ကြောင်း Nikki Asia Review စာစောင်တွင် ဖေါ်ပြထားသည်။

မြန်မာတွင် လာရောက် လုပ်ကိုင်နေသော ဂျပန် ပညာရှင် ၄,၀၀၀ ခန့် ရှိသည့် အနက် ၉၀% သည် နိုင်ငံတွင်းမှ ထွက်ခွာ သွားခဲ့ကြပြီး ဖြစ်သည်ဟုလည်း စာစောင်တွင် ရေးသားထားပြန်သည်။

စစ်ကောင်စီနှင့် ပူးပေါင်း၍ စီးပွားရှာရန် ကြံရွယ်နေသော မည်သည့် လုပ်ငန်းရှင်မျိုးကို မဆို ပြည်ပ အဖွဲ့အစည်း များသာမက ပြည်သူတို့၏ ဒေါသ နှင့် ရင်ဆိုင်ကြရဖို့ ရှိနေသည်။ ထိုအဖြစ်ကို ခရိုနီ လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးဇော်ဇော် ၏ အဖြစ်က သက်သေထူသွားခဲ့ပေသည်။

မကြာမီ ကျရောက်လာတော့မည့် လွတ်လပ်ရေး နေ့ကြီး တွင် မိမိတို့သည် တိုင်းတပါး သား တို့၏ ကိုလိုနီ အုပ် ချုပ်မှု အောက်မှ လွတ်မြောက်လာခဲ့သည်မှာ ၇၄ နှစ်တိုင် လာခဲ့ပြီ ဖြစ်သော်လည်း ယခုထိ ပြည်တွင်း လက်နက် ကိုင်အဖွဲ့၏ လက်အောက်တွင် မလွတ်လပ် သေးသည့်အပြင် ၎င်းတို့ အလိုကျ ထားရာနေ စေရာသွား ဘဝဖြင့်ထိတ်လန့် ကြောက်ရွံ့စွာ နေထိုင်နေရဆဲဖြစ် သည်ကို သိမြင် နားလည် လာကြပြီ ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Photo Credit – Myanmar Now

Hla Soe Wai

Add a Comment

Your email address will not be published.