ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဘဲဥသီးစုံပဲဟင်း၊ကြက်ဥ၃လုံးတို့အပြင် ဆန်တပြည်ကို ငွေကျပ်၄၀၀ နဲ့ ရောင်းချပေး
|ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဘဲဥသီးစုံပဲဟင်း၊ကြက်ဥ၃လုံးတို့အပြင် ဆန်တပြည်ကို ငွေကျပ်၄၀၀ နဲ့ ရောင်းချပေး
စေတနာရှင်ပရဟိတ ကုသိုလ်တော်အသင်း(ရန်ကုန်)နဲ့ အလှူရှင်များစုပေါင်းကာ ဘဲဥ သီးစုံပဲဟင်းတစ်ပွဲ ၂၀၀ကျပ်၊ကြက်ဥ ၃လုံး ၂၀၀ကျပ်ကို ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဂိတ်ဟောင်းမှတ်တိုင်တွင် ရောင်းချပေးခဲ့ပါတယ်။
ဒီနေ့မှာတော့ နှစ်သစ်ကူးအလှူအနေနဲ့ ဆန်တပြည်စီနဲ့ ဗလာမပါကံစမ်းမဲအစီအစဉ်ပါ ပါဝင်ခဲ့ပါတယ်။စေတနာရှင်ပရဟိတ ကုသိုလ်တော်အသင်း(ရန်ကုန်)အနေနဲ့
အပတ်စဉ်စနေနဲ့တနင်္ဂနွေ တို့တွင်ဘဲဥ သီးစုံပဲဟင်း တစ်ပွဲ ၂၀၀ကျပ်၊ကြက်ဥ ၃လုံး ၂၀၀ကျပ်ကို ပုံမှန်ရောင်းချပေးလျက်ရှိပါတယ်။
Zawgyi