အကြမ်းဖက်လေကြောင်းကြောင့် လယ်ယာလုပ်ကိုင်ဖို့ စိုးရိမ်နေတဲ့ တောင်သူတွေကို PDF ရဲဘော်တွေ စပါးကူညီရိတ်သိမ်းပေး

အကြမ်းဖက်လေကြောင်းကြောင့် လယ်ယာလုပ်ကိုင်ဖို့ စိုးရိမ်နေတဲ့ တောင်သူတွေကို PDF ရဲဘော်တွေ စပါးကူညီရိတ်သိမ်းပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ တောင်သူတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ဒီလို စိုးရိမ်နေတဲ့ တောင်သူတွေကို စစ်ကိုင်းခရိုင် PDF တပ်ရင်း (၁) ဗိုလ်ဇာတ်လိုက် အဖွဲ့က ရဲဘော်တွေ ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ စပါးကူညီရိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူနဲ့ အရာတော် မြို့နယ်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးတာ မီးရှို့ဖျတ်ဆီးတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတောင်သူတွေက ရိတ်သိမ်းချိန်ရောက်ရှိနေပေမယ့် လယ်ယာလုပ်ငန်းဆောင်ရွက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ညနေ ၆ နာရီလောက်မှာ Mi35 ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်ကျေးရွာ အုပ်စုမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီ စစ်ကောင်စီ တပ်သားတွေက ပြန်လည်ပစ်ခတ်ရင်း ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးတွေကို သယ်ယူပြီး ဆုတ်ခွာနေချိန် အနီးရှိ ဒေသခံစပါးခင်းတွေထဲက ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားတဲ့ စပါးတွေကို မီးတင်ရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အကျအဆုံးများတာကြောင့် ကားလှမ်းခေါ်ပြီးဒဏ်ရာရတွေ သေဆုံးသူတွေကို ပြန်သယ်နေတဲ့အချိန် တောင်သူတွေရဲ့ စပါးတွေကို အကြောင်းမဲ့ ဖျက်ဆီးမီးရှို့သွားခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါသေးတယ်။

Zawgyi

အၾကမ္းဖက္ေလေၾကာင္းေၾကာင့္ လယ္ယာလုပ္ကိုင္ဖို႔ စိုးရိမ္ေနတဲ့ ေတာင္သူေတြကို PDF ရဲေဘာ္ေတြ စပါးကူညီရိတ္သိမ္းေပး

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္မွာ အၾကမ္းဖက္စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေတြရွိေနတာေၾကာင့္ လယ္ယာလုပ္ငန္းလုပ္ကိုင္ဖို႔ ေတာင္သူေတြက စိုးရိမ္ထိတ္လန႔္ေနၾကပါတယ္။ဒီလို စိုးရိမ္ေနတဲ့ ေတာင္သူေတြကို စစ္ကိုင္းခ႐ိုင္ PDF တပ္ရင္း (၁) ဗိုလ္ဇာတ္လိုက္ အဖြဲ႕က ရဲေဘာ္ေတြ ဒီေန႔ ဇန္နဝါရီ ၂ ရက္ေန႔ မနက္ပိုင္းမွာ စပါးကူညီရိတ္သိမ္းေပးခဲ့တာျဖစ္ပါတယ္။

စစ္ကိုင္း၊ ဝက္လက္၊ ျမင္းမူနဲ႔ အရာေတာ္ ၿမိဳ႕နယ္ေတြမွာ စစ္တပ္နဲ႔ ပ်ဴေစာထီးေတြက စစ္ေၾကာင္းထိုးတာ မီးရႈိ႕ဖ်တ္ဆီးတာေတြ လုပ္ခဲ့တာေၾကာင့္ ေဒသခံေတာင္သူေတြက ရိတ္သိမ္းခ်ိန္ေရာက္ရွိေနေပမယ့္ လယ္ယာလုပ္ငန္းေဆာင္႐ြက္ဖို႔ အခက္အခဲႀကဳံေတြ႕ေနရတယ္လို႔ သိရပါတယ္။

ဝက္လက္ၿမိဳ႕နယ္မွာ ဇန္နဝါရီ ၁ ရက္ေန႔ ညေနပိုင္းက ေဒသကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဘက္က ညေန ၆ နာရီေလာက္မွာ Mi35 ရဟတ္ယာဥ္ႏွစ္စီးနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ‌ေဒသကာကြယ္ေရးတပ္ေတြက ဆိုပါတယ္။

ဒီဇင္ဘာ ၂၉ ရက္ေန႔ ညေနပိုင္းက အရာေတာ္အေရွ႕နယ္ ဒုံဒစ္ေက်း႐ြာ အုပ္စုမွာ စစ္ေကာင္စီ ေျခလ်င္စစ္ေၾကာင္း ကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္သား ၁၀ ေယာက္ထက္မနည္း ေသဆုံးခဲ့တာျဖစ္ပါတယ္။အဲဒီ စစ္ေကာင္စီ တပ္သားေတြက ျပန္လည္ပစ္ခတ္ရင္း ဒဏ္ရာရရွိသူေတြနဲ႔ ေသဆုံးေတြကို သယ္ယူၿပီး ဆုတ္ခြာေနခ်ိန္ အနီးရွိ ေဒသခံစပါးခင္းေတြထဲက ေႁခြေလွ႔ရန္ ရိတ္သိမ္းစုပုံထားတဲ့ စပါးေတြကို မီးတင္ရႈိ႕သြားခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

စစ္ေကာင္စီတပ္ေတြ အက်အဆုံးမ်ားတာေၾကာင့္ ကားလွမ္းေခၚၿပီးဒဏ္ရာရေတြ ေသဆုံးသူေတြကို ျပန္သယ္ေနတဲ့အခ်ိန္ ေတာင္သူေတြရဲ႕ စပါးေတြကို အေၾကာင္းမဲ့ ဖ်က္ဆီးမီးရႈိ႕သြားခဲ့တယ္လို႔ အရာေတာ္ၿမိဳ႕နယ္ သတင္းျပန္ၾကားေရးက ထုတ္ျပန္ထားပါေသးတယ္။

Add a Comment

Your email address will not be published.