သောကြာသားသမီးများအတွက် ၂၀၂၂တနှစ်စာ ဟောစတမ်း

သောကြာသားသမီးများအတွက် တနှစ်စာ ဟောစတမ်း

သောကြာသားသမီးများတို့သည် သူတစ်ပါးအပေါ် အားကိုးမရသော ကာလဖြစ်သည်။ မိမိ၏ အတွေ့အကြုံများအပေါ် မှုတည်ပြိး လုပ်ငန်းများ ကြိုးစားအားထုတ်ပြိး၊ အခွင့်ကောင်းများနှင့်အောင်မြင်မှုများ ဆွတ်ဆူးနိုင်မည်။

ယခုနှစ်တွင် (16. 1. 2022 မှ စ၍( 16. 6. 2022) အထိ အရာရာတွင် သတိနှင့် ဆောင်ရွက်ရမည်။ တပည်ကျေးကျွန်များ တလွဲတချော် ပြုလုပ်တတ်သည်။ ရင်းနှီးသောသူများနှင့် မိမိကြား အယူအဆ သဘောထား မကိုက်ညီမှုများ ကြုံတွေ့ရမည်။

ဂီတအနုပညာလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ယာဉ်ပစ္စည်းရောင်းဝယ်၊ အိမ်ခြံမြေအရောင်းအဝယ်၊ သစ်သီးဝံလံရောင်းဝယ်ခြင်း၊ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ခြင်း အထူးကောင်း၏။

မိမိလုပ်ငန်းခွင်အတွက် ရာထူးပြောင်းခြင်း၊ ဂုဏ်ထူးတတ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း ရှိမည်။ ပြည်ပသို့လေ့လာရေးခရီး သွားလာရကိန်းရှိသည်။ စာမေးပွဲနီးလာလျှင် ကျန်းမာရေးအနှောက်အယှက်များ ဝင်လာတတ်သည်။


အချစ်ရေးတွင် တစ်ပါးသူများ ဝင်ရောက်ပြိး ချစ်သူနှစ်ဦးကြား စိတ်ရူပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။ချစ်သူဟောင်းရှိသူများ ပြန်လည် တွေ့ဆုံရမည်။ အိမ်ထောင် ပြုရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြဿနာများကြောင့် မပြေလည်မှုများ ဖြစ်သွားတတ်သည်။

ကျန်းမာရေး ခွဲစိတ်ကုသမှု ခံရတတ်သည်။ ကျန်းမာရေး ဖျားနာခြင်း၊ အစားအသောက်မှားခြင်း၊ အသည်းရောဂါ၊ လေနာရောဂါ၊ ခြေထောက်နာခြင်းများ ခံစားရတတ်သည်။

အထူးဟော… လူစုလူဝေးနှင့် ပွဲသဘင် အပျော်အပါးများ စိတ်ဝင်စားမှု ရှောင်သင့်သည်။ အိမ်နီးချင်းပြဿနာများ ဖြေရှင်းပေးခြင်း ရှောင်သင့်သည်။ အရှေ့တောင်အရပ် ခရီးသွားလာခြင်း ရှောင်ကျဉ်ပေးပါ။

မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် ကြာသပတေး၊ အဂ်ါသားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

အကျိူးပေးအက္ခရာ – (လ၊ စ၊ ထ၊ ဘ), အကျိူးပေးဂဏန်း – (၂. ၅. ၃. ၈), အကျိူးပေးအရောင် – , အကျိူးမပေးနေနံ – (ကြာသပတေး၊ အဂ်ါ), အကျိူးမပေးအရပ် – အရှေ့တောင်

ယတြာ- ဤနှစ်လအပတ်တိုင် တစ်နှစ်လုံး မိမိနေနံ ဂြိဟ်ဘုရား သောကြာနေနံနေ့ မိမိမွေးနေ့မှ အဖြူရောင်နှင်းဆီး(၃) ပွင့်၊ သဇင်ပန်း၊ ဇော်စိမ်းညွန့်၊ သီးညွန့် (၁၁) စီ ၊ ရေတော်သက်စေ့၊ ဆီးမီးသက်စေ့၊ ရွှေထီး၊ ငွေထီး၊ တံခွန်ကုက္ကားများ ဘုရားပူဇော်ပေးပါ။ ကောင်းညှင်းပေါင်း၊ အုန်းထမင်း၊ စတုမတူယို ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။

#Credit ဆရာကြီးမင်းသူရ အစီအမံယတြာ 09- 751089826/ 09- 767817917

Unicode

Add a Comment

Your email address will not be published.