မယ်တော်ကြီးရဲ့ လျှာကင်ဆာအတွက် သာသနာ့ဘောင်ကနေထွက်ကာ အလုပ်လုပ်ရတော့မယ့် ကိုရင်လေးရဲ့ဖြစ်ရပ်
|မယ်တော်ကြီးရဲ့ လျှာကင်ဆာအတွက် သာသနာ့ဘောင်ကနေထွက်ကာ အလုပ်လုပ်ရတော့မယ့် ကိုရင်လေးရဲ့ဖြစ်ရပ်
လူ့လောကမှာ ရှင်သန်တာ ခက်ခဲလှပါတယ်။ ဒီလို ခက်ခဲတဲ့ လောကကြီးမှာ လူ့ဘောင်ကို စွန့်ခွာပြီး သာသနာဘောင်မှာ သာသနာ့ဝန်ထမ်းရတယ်ဆိုရင် ပိုလို့တောင်
ခက်ခဲလှပါတယ်။ အခု တင်ဆက်ပေးမယ့် သတင်းလေးကတော့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် သာသနာဘောင်ကို စွန့်ခွာပြီး လူဝတ်နဲ့ အလုပ်လုပ်ရတော့မယ့် ဦးဇင်း တစ်ပါးရဲ့အကြောင်းပါပဲ။
ဦးဇင်းရဲ့ ဘွဲ့အမည်ဟာ အရှင် ခေမိန္ဒ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ် စံပြငါးဈေးအနီး နတ်စင်လမ်း ပြည်လုံးချမ်းသာကျောင်းတိုက်မှာ သီတင်းသုံးပြီး ပရိယတ္တိစာပေများကို လေ့လာသင်ကြားလျက်ရှိပါတယ်။ ဦးဇင်းကို
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ငမြင်ရွာမှာ ဖွားမြင်ပြီး မယ်တော်ကြီးဟာ အခုဆိုရင် အသက် ၄၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ မယ်တော်ကြီးဟာ လျှာကင်ဆာကို ခံစားနေရပြီး ကုသစားရိတ်မှာ အလွန်ကြီးမားတဲ့အတွက်
အခက်အခဲဖြစ်နေရှာပါတယ်။ ဆွေမျိုး မိတ်သစာတွေက လည်း တက်နိုင်သမျှ ထောက်ပံ့ကြပေမယ့်လည်း မလောက်ငဘူးလို့ ဆိုပါတယ်။ ဦးဇင်းကို လူထွက်ပြီး အလုပ်လုပ်မှ ရတော့မယ့် အခြေအနေတစ်ခုဖြစ်လာလို့
လူထွက်ဖို့ ဆုံးဖြတ်နေပါတယ်။ ပရိတ်သတ်ကြီးရေ လူအသက် တစ်ချောင်းကို ကယ်ကောင်းသလို၊ သာသနာ့အကျိုးကို မျှော်ကိုးပြီး ပညာသင် ဦးဇင်းကိုလည်း ကူညီမှုတွေ ပေးကြရအောင်နော်။
ဦးဇင်းကို လှူဒါန်းလိုပါက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်း၊ ၀၉ ၃၃၀၄၈၃၆၂ ( မနောကြာဖြူ အသင်းရုံး) ။ ၀၉ ၂၀၀၆၄၂၃ (ဥက္ကဌ)၊ ၀၉ ၄၃၀၉၉၆၆၀ (အတွင်းရေးမှုး ကိုစိုး ) လှူဒါန်းနိုင်ပါတယ်။ အတက်နိုင်ဆုံး
ဦးဇင်းဆီကို တိုက်ရိုက်လှူဒါန်းပေးစေလိုပါတယ်။ ဦးဇင်းဖုန်းကတော့ ၀၉ ၇၉၉၆၇၄၁၆၆ ပါ။ ဦးဇင်းကတော့ မယ်တော်ကြီးအတွက် ဆေးကုသစားရိတ် လိုနေပေမယ့်လည်း ယခုလို အလှူခံရင် ပြောစရာဖြစ်မည်ကို စိုးရိမ်တယ်လို့လည်း မိန့်ထားပါသေးတယ်။
share from :burmese.asia
Unicode