သင့်အသက်ကို ၁၀ နှစ်လောက်ကြီးသွားပြီး ရုပ်ရင့်စေတဲ့ အချက် (၇) ချက်
|လူတိုင်းက ငယ်ရွယ်နုပျိုတာကိုလိုလားကြပါတယ်။ ဒါပေမယ့် တချို့လွဲမှားနေတဲ့အချက်တချို့ကြောင့် သင့်အသက်က ကြီးသယောင် ဖြစ်သွားတာပါ။ အဲဒါကြောင့် သင့်ကို အသက် ၁၀ နှစ်လောက် ပိုမိုအိုသွားစေတဲ့ အချက်လေးတွေကို ဖော်ပြပေးပါမယ်နော်။
၁။ ပါးလျပြီး အရောင်ဖျော့သော မျက်ခုံး
မျက်ခုံးကလည်း မျက်နှာ အလှအပအတွက် အရေးကြီးပါတယ်။အသက်ကြီးလာတဲ့အခါ မျက်ခုံးတွေနဲ့ ဆံပင်တွေကပါးပြီး အရောင်ဖျော့ လာပါတယ်။ အဲဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ဟန် ဖြစ်အောင် မျက်ခုံးကို အရောင်ဖျော့ဖျော့နဲ့ ပါးပါးလေး မဆွဲသင့်ပါဘူး။
၂။ နှုတ်ခမ်းကို ထူသယောင်ဖြစ်အောင် ဆိုးခြင်း
တချို့က နှုတ်ခမ်းဖူးဖူးလေး ရအောင် နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းက ထူသယောင် ဖြစ်သွားပါတယ်။ အသက်အရွယ် နုပျိုတဲ့ အသွင်ဖြစ်ဖို့ နှုတ်ခမ်းကို အရှိကို အရှိအတိုင်းပဲ ဆိုးသင့်ပါတယ်။ ဒါမှမဟုတ် နှုတ်ခမ်းပါးလေးက သင့်ကို နုပျိုတဲ့ပုံစံ ဖြစ်စေမှာပါ။
၃။ဆံပင်အရောင်က အသားအရေအရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခြင်း
သင့်ရဲ့အသားအရေလတ်ပြီး ဆံပင်ကအမည်းရောင်ဆိုးထားရင် အသက်ကြီးတဲ့ပုံစံ ဖြစ်သွားမှာပါ။အဲဒီအခါ မျက်ကွင်းညိုတာတွေကပိုသိသာလာပြီး ပိုပြီးအိုစာသွားမှာပါ။
၄။ မိတ်ကပ် အထူကြီးလိမ်းခြင်း
Foundation makeup ကို အထူကြီးလိမ်းတာက သင့်ကို ပိုမို အသက်ကြီးသယောင် ဖြစ်စေပါတယ်။ အရေးအကြောင်းတွေလည်း ပိုမြင်ရပါတယ်။ ငယ်ရွယ်တဲ့ အသွင်ဖြစ်ဖို့ မိတ်ကပ်ကို ပါးပါးလေးပဲ လိမ်းသင့်ပါတယ်။
၅။ ပိန်ခြင်း
ပိန်ပြီး မျက်နှာထောင့်မှန် ကျတဲ့သူတွေက ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးရဖို့အတွက် ခန္ဓာကိုယ်ရဲ့ အဆီ ၂၀% ကနေ ၂၅% လိုအပ်ပါတယ် ။ လေ့ကျင့်ခန်းတွေ အရမ်းလုပ်ပြီး အစားသိပ်မစားရင် အသက် ၁၀ နှစ်ကြီးသယောင် ဖြစ်နေမှာပါ။
၆။ သွားဝါခြင်း
အသက်ကြီးလာတာနဲ့အမျှ သွားတွေက ဝါလာတတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့်ငယ်ရွယ်နုပျိုအောင်၊သွားလှအောင်ပြုပြင်လို့ ရနေပါပြီ။
၇။ ခေတ်နောက်ကျနေသော ဆံပင်ပုံစံ
ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ ဆံပင်ကို ခေတ်ဟောင်းက ပုံစံအတိုင်း ညှပ်ရင် အရမ်းမပေါ်လွင် နိုင်တော့ပါဘူး။ အဲဒါကြောင့် လူငယ်ဆန်ပြီး ခေတ်မီတဲ့ ဆံပင်စတိုင်လ်တွေကို ရွေးချယ်သင့်ပါတယ်။
crd
for zawgyi
သင့်အသက်ကို ၁၀ နှစ်လောက်ကြီးသွားပြီး ရုပ်ရင့်စေတဲ့ အချက် (၇) ချက်
လူတိုင်းက ငယ်ရွယ်နုပျိုတာကို လိုလားကြပါတယ်။ ဒါပေမယ့် တချို့လွဲမှားနေတဲ့ အချက်တချို့ကြောင့် သင့်အသက်က ကြီးသယောင် ဖြစ်သွားတာပါ။ အဲဒါကြောင့် သင့်ကို အသက် ၁၀ နှစ်လောက် ပိုမိုအိုသွားစေတဲ့ အချက်လေးတွေကို ဖော်ပြပေးပါမယ်နော်။
၁။ ပါးလျပြီး အရောင်ဖျော့သော မျက်ခုံး
မျက်ခုံးကလည်း မျက်နှာ အလှအပအတွက် အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ မျက်ခုံးတွေနဲ့ ဆံပင်တွေက ပါးပြီး အရောင်ဖျော့ လာပါတယ်။ အဲဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ဟန် ဖြစ်အောင် မျက်ခုံးကို အရောင်ဖျော့ဖျော့နဲ့ ပါးပါးလေး မဆွဲသင့်ပါဘူး။
၂။ နှုတ်ခမ်းကို ထူသယောင်ဖြစ်အောင် ဆိုးခြင်း
တချို့က နှုတ်ခမ်းဖူးဖူးလေး ရအောင် နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းကထူသယောင် ဖြစ်သွားပါတယ်။ အသက်အရွယ် နုပျိုတဲ့ အသွင်ဖြစ်ဖို့ နှုတ်ခမ်းကို အရှိကို အရှိအတိုင်းပဲ ဆိုးသင့်ပါတယ်။ ဒါမှမဟုတ် နှုတ်ခမ်းပါးလေးက သင့်ကို နုပျိုတဲ့ပုံစံ ဖြစ်စေမှာပါ။
၃။ဆံပင်အရောင်က အသားအရေအရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေခြင်း
သင့်ရဲ့အသားအရေလတ်ပြီး ဆံပင်က အမည်းရောင်ဆိုးထားရင် အသက်ကြီးတဲ့ပုံစံ ဖြစ်သွားမှာပါ။ အဲဒီအခါ မျက်ကွင်းညိုတာတွေက ပိုသိသာလာပြီး ပိုပြီးအိုစာသွားမှာပါ။
၄။ မိတ်ကပ် အထူကြီးလိမ်းခြင်း
Foundation makeup ကို အထူကြီးလိမ်းတာက သင့်ကို ပိုမို အသက်ကြီးသယောင် ဖြစ်စေပါတယ်။ အရေးအကြောင်းတွေလည်း ပိုမြင်ရပါတယ်။ ငယ်ရွယ်တဲ့ အသွင်ဖြစ်ဖို့ မိတ်ကပ်ကို ပါးပါးလေးပဲ လိမ်းသင့်ပါတယ်။
၅။ ပိန်ခြင်း
ပိန်ပြီး မျက်နှာထောင့်မှန် ကျတဲ့သူတွေက ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးရဖို့အတွက် ခန္ဓာကိုယ်ရဲ့ အဆီ ၂၀% ကနေ ၂၅% လိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေ အရမ်းလုပ်ပြီး အစားသိပ်မစားရင် အသက် ၁၀ နှစ်ကြီးသယောင် ဖြစ်နေမှာပါ။
၆။ သွားဝါခြင်း
အသက်ကြီးလာတာနဲ့အမျှ သွားတွေက ဝါလာတတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် ငယ်ရွယ်နုပျိုအောင်၊ သွားလှအောင်ပြုပြင်လို့ ရနေပါပြီ။
၇။ ခေတ်နောက်ကျနေသော ဆံပင်ပုံစံ
ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ ဆံပင်ကို ခေတ်ဟောင်းက ပုံစံအတိုင်း ညှပ်ရင် အရမ်းမပေါ်လွင် နိုင်တော့ပါဘူး။ အဲဒါကြောင့် လူငယ်ဆန်ပြီး ခေတ်မီတဲ့ ဆံပင်စတိုင်လ်တွေကို ရွေးချယ်သင့်ပါတယ်။
crd