အကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ သမီးလေးကို ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

အကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ သမီးလေးကို ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ လူမမယ်ကလေးငယ်လေးတွေကို မိခင်အရင်းသဖွယ် ကျွေးမွေးစောင့်ရှောက်ပြီး ကလေးတွေအတွက် ဂေဟာလေးတစ်ခုကို ဖွင့်လှစ်ထားခဲ့တာပရိသတ်တွေလည်းသိရှိပြီးသားဖြစ်မှာပါနော်။

ဒီနေ့ ဇန်နဝါရီလ (၁)ရက်နေ့မှာလည်း ခိုင်းနှင်းဝေက သူ့ရဲ့ဂေဟာမှာ သမီးလေးတစ်ယောက်ကို ထပ်မံမွေးစားခဲ့ပါတယ်။ သမီးလေးတစ်ယောက်ကို ထပ်မံမွေးစားဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း “ဦးဦး ၊ဒေါ်ဒေါ်၊ကိုကို၊မမ တို့ ချစ်ပေးဘို့ သမီးလေး တစ်ယောက် (မတိုးချင်ပေမဲ့) ထပ်တိုးပါတယ်ရှင်..” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ သမီးလေးတစ်ယောက်ထပ်တိုးတဲ့ သတင်းလေးနဲ့အတူ “”ခိုင်” မိသားစုဝင် သမီးလေးကို မေတ္တာပေးလို့ ချစ်ပေးကြပါဦးနော်..” ဆိုပြီးတော့လည်း ချစ်ပေးကြဖို့ တောင်းဆိုထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မိသားစုဝင်အသစ်ဖြစ်တဲ့ သမီးလေးကတကယ်ကိုချစ်စရာကောင်းလှတဲ့ သမီးလေးပါ။

Zawgyi





Add a Comment

Your email address will not be published.