ကရင်တိုင်းရင်းသားများအနေနဲ့ ငြိမ်းချမ်းရေး အမွေကို သားစဥ◌်မြေးဆက် ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်စေချင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ကရင်တိုင်းရင်းသားများအနေနဲ့ ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက် ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပါလို့ စစ်ကောင်စီဥက္ကဌ ပြောပြန် ကရင်တိုင်းရင်းသားများအနေနဲ့ ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက်

ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပါလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကရင်တိုင်းရင်းသားတို့ရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ ကောင်းမွန်သော စိတ်ထားများ ငြိမ်းချမ်းရေး အသီးအပွင့်ကိုလက်တွေ့ သိရှိခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ခံစားနေရပြီ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ယခုလိုရရှိပြီးတဲ့ ရလဒ်ကောင်းတွေကို ပိုမိုတိုးတက်ဖြစ်ထွန်းအောင် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက် ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရမှာက ကရင်တိုင်းရင်းသားတို့ရဲ့

သမိုင်းပေးတာဝန်ပင် ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။ ယင်းအပြင် ကရင်တိုင်းရင်းသားများအနေနဲ့ ပညာနှင့်ယှဉ်သောသတ္တိ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်းများက ထားရှိအပ်တဲ့ မွန်မြတ်တဲ့

စိတ်ဓာတ်များ ဖြစ်တယ်လို့ ရှုမြင်ကာ ပိုမိုကောင်းမွန်တဲ့နှစ်သစ်ကို လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန် အလေးအနက် ဖိတ်ခေါ်လိုကြောင်း ၎င်းက ထပ်လောင်းပြောကြားထားပါတယ်။

Zawgyi

ကရင္တိုင္းရင္းသားမ်ားအေနနဲ႔ ၿငိမ္းခ်မ္းေရးအေမြကို သားစဥ္ေျမးဆက္ ခံစားႏိုင္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ပါလို႔ စစ္ေကာင္စီဥကၠဌ ေျပာျပန္ ကရင္တိုင္းရင္းသားမ်ားအေနနဲ႔ ၿငိမ္းခ်မ္းေရးအေမြကို သားစဥ္ေျမးဆက္

ခံစားႏိုင္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ပါလို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔အတြက္ ေပးပို႔တဲ့ သဝဏ္လႊာမွာ ထည့္သြင္းေျပာၾကားထားပါတယ္။

ကရင္တိုင္းရင္းသားတို႔ရဲ႕ တိုင္းျပည္အေပၚထားရွိတဲ့ ေကာင္းမြန္ေသာ စိတ္ထားမ်ား ၿငိမ္းခ်မ္းေရး အသီးအပြင့္ကိုလက္ေတြ႕ သိရွိခံစားေနရၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုလည္း ထိေတြ႕ခံစားေနရၿပီ ျဖစ္တယ္လို႔ ၎က ေျပာပါတယ္။

“ယခုလိုရရွိၿပီးတဲ့ ရလဒ္ေကာင္းေတြကို ပိုမိုတိုးတက္ျဖစ္ထြန္းေအာင္ ေဖာ္ေဆာင္ၿပီး ၿငိမ္းခ်မ္းေရးအေမြကို သားစဥ္ေျမးဆက္ ခံစားႏိုင္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ သြားၾကရမွာက ကရင္တိုင္းရင္းသားတို႔ရဲ႕

သမိုင္းေပးတာဝန္ပင္ ျဖစ္ပါတယ္။”လို႔ ၎က ေျပာပါတယ္။ ယင္းအျပင္ ကရင္တိုင္းရင္းသားမ်ားအေနနဲ႔ ပညာႏွင့္ယွဥ္ေသာသတၱိ ေမတၱာႏွင့္ယွဥ္ေသာ ရဲရင့္ျခင္းမ်ားက ထားရွိအပ္တဲ့ မြန္ျမတ္တဲ့

စိတ္ဓာတ္မ်ား ျဖစ္တယ္လို႔ ရႈျမင္ကာ ပိုမိုေကာင္းမြန္တဲ့ႏွစ္သစ္ကို လက္တြဲပူးေပါင္း ေဖာ္ေဆာင္ၾကရန္ အေလးအနက္ ဖိတ္ေခၚလိုေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားထားပါတယ္။

Add a Comment

Your email address will not be published.