KBZ BANKဝန်ထမ်း Customer ၏ငွေသိန်းတစ်ရာတစ်ဆယ့်လေးသိန်းယူပြေးမှုအေပါ်ဘဏ်မှတာဝန်ယူမှု မရှိ

KBZ BANKဝန်ထမ်း Customer ၏ငွေသိန်းတစ်ရာတစ်ဆယ့်လေးသိန်းယူပြေးမှုအေပါ်ဘဏ်မှတာဝန်ယူမှု မရှိတဲ့ KBZ

ကျွန်မတို့ ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့ အတွက် ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ် မန်နေဂျာ တွေကိုယ်တိုင် ဆိုင်ကို လာပြီး မိတ်ဆက်တယ် အကောင့်ဖွင့် ပေးတယ်။ ငွေလွှဲရင်လည်း ဆိုင်ကို လာယူပေးပါ့ မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်း နေကြတွေပါ။

အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ် (၁) မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူ သိမ်းပေးပါ့ မယ်ဆိုပြီး ပြောဆိုထားတဲ့ အတွက် ကျွန်မတို့က ဘဏ်ကို ယုံကြည် စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက် နေကျပါ။ ငွေလွှဲ လာတာ နှစ်နဲ့ချီ နေပါပြီရှင် ယခုတော့ (၂၈-၁၂-၂၀၂၁ ) နေ့ကတော့ ဘဏ်

ဝန်ထမ်း များထဲမှ ထူးခန့်ဝင်း ဆိုတဲ့သူက ငွေသား ၁၁,၄၀၀,၀၀၀/ကျပ် (သိန်းတစ်ရာတစ်ဆယ့်လေးသိန်း ကျပ်တိတိ) ကို ဘဏ်ကို မအပ်ပဲ ထွက်ပြေးသွားပါတယ်။ အဲ့တာကို ယခုတော့ ဘဏ်မှ တာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မလုပ်ပေးဘဲနဲ့ အချိန်ဆွဲ နေတဲ့အတွက် ကျွန်မတို့ ကဘဲ အမှုဖွင့် အရေးယူမှုတွေကို ပြုလုပ်ဆောင် ရွက်နေရပါတယ်ရှင်။

ယခုလိုမျိုး တာဝန်မဲ့တဲ့ ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံ ထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့ မလားရှင်။ ယခု ငွေကို ယူသွားတဲ့ သူကလ ည်း အမြဲတန်းလာယူ နေကြဝန် ထမ်းပါဘဲ ကျွန်မ တို့က သူ့ကို ယုံကြည်လို့ အလုပ်လုပ်တာ မဟုတ်ဘူးဘဏ်ကို ယုံကြည်မှုနဲ့ အလုပ်လုပ်တာပါ။

ငွေလာထုတ်သွားတဲ့သူက ပျဉ်းမနားမြို့ အောင်မင်္ဂလာ (၅) လမ်းမှ ထူးခန့်ဝင်း မှတ်ပုံတင်အမှတ် ၉/ပမနနိုင် ၂၄၅၃၄၂ ကိုင်ဆောင်သူသည် ကျွန်မတို့ရဲ့ ငွေများကိုထုတ်ယူသွားပြီး ယခုထွက်ပြေး တိမ်းရှောင် နေပါတယ်။ ကျွန်မတို့ဆီမှာ သူငွေလာထုတ် ယူတဲ့အချိ န်တွေကို CCTVမှတ်တမ်း Record လည်းရယူထားပြီးသားပါရှင်။

ထွက်ပြေး တိမ်းရှောင် နေတဲ့ သူကို တွေ့ခဲ့ သူများရှိပါက သတင်းလေး ပို့ပြီးပြောပေးကြပါရန် အနူးအညွတ် အထူးမေတ္တာရပ်ခံ အကူညီ တောင်းခံ ပါတယ်ရှင်။ တွေ့ရှိခဲ့လျှင် ယခုဖုန်း နံပါ တ် ( 0943156851 ) သို့ ဆက်သွယ်ပြီး အကြောင်း ကြား ကူညီပေးစေ လိုပါတယ်ရှင့် ကျေးဇူးအထူးတင်ရှိ ပါတယ်ရှင်ဆိုပြီး ရေးသားအကူ အညီတော င်းထားပါတယ်။ ဒီနေရာမှာ တစ်ခုဘဝင် မကျတာက ဘဏ်ရဲ့တာဝန်ယူမှု တာဝန်ခံမှုပါပဲ။

ဘဏ်ဘဏ်ကခန့်ထား ဝန်ထမ်းက ခုလိုလုပ်သွားတာ ဘဏ်မှာပဲတာဝန်အပြည့် အဝရှိနေတာပါ။Customerနဲ့ဘာမှမဆိုင်တော့ပါဘူး။ ဘာလို့ဆိုတော့ ဘဏ်ကတာဝန်ပေးပြီး လာယူခိုင်းတဲ့သူကိုပဲ ငွေပေးလိုက်ရတာဖြစ်လို့ ဘဏ်ကို ရောက်ခြင်း မရောက်ခြင်းက Custo mer နဲ့ မဆိုင်တော့ပါ။ အထူးဆင်ခြင် နိုင်ကြပါစေ။

Zawgyi

KBZ BANKဝန်ထမ်း Customer ၏ငွေသိန်းတစ်ရာတစ်ဆယ့်လေးသိန်းယူပြေးမှုအေပ်ါဘဏ်မှတာဝန်ယူမှု မရှိတဲ့ KBZ








Be the first to comment

Leave a Reply

Your email address will not be published.


*