ယခုဖွင့်လှစ်ထားသည့် ကျောင်းများတွင် တစ်လကျော်သည်အထိ ဆရာ၊ဆရာမများ မလုံလောက်တာကြောင့် ပုံမှန်သင်ကြားမှု မလုပ်နိုင်

အခြေခံ ပညာကျောင်းတွေမှာ အထက်တန်းပြတွေ လုံလောက်မှု မရှိတဲ့အတွက် အလယ်တန်းပြ တချို့ကို သင်ပြခိုင်းနေရသလို တခြားကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုလည်း ယာယီ လွှဲပြောင်းပြီး

သင်ကြား ခိုင်းနေရတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ တချို့ကျောင်းတွေမှာ အထက်တန်းပြ လိုအပ်ချက်ရှိတဲ့အတွက် ဆရာ၊ ဆရာမ အင်အားကို ခွဲဝေပြီး

ယာယီလွှဲထည့် သင်ပေးနေရတယ်လို့် သိရပါတယ်။ အထက်တန်းပြ ဆရာ၊ဆရာမတွေ လိုအပ်ချက်တွေကို ရာထူးတိုးနဲ့ အပြောင်းအရွှေ့ လုပ်လိုက်ရင် ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အဆင်ပြေလာနိုင်မယ်လို့

တာဝန်ရှိသူက ဆိုပါတယ်။ ၃ လနဲ့ ဖြေရမယ့် (၁၀) တန်းလို အတန်းမျိုးအတွက် သင်ကြားမှု မရသေးကြောင်း၊ စာမေးပွဲ ဖြေမယ့် ကလေးတွေအနေနဲ့ အခက်အခဲ ဖြစ်နေကြောင်း

ကျောင်းသား မိဘတဦးက ပြောပါတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ဆရာမနဲ့ သင်ကြားချိန် မလုံလောက်ဖြစ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီကတော့ အတန်းလိုက် စာမေးပွဲတွေကို

မတ်လအတွင်း ကျင်းပသွားဖို့ စီစဉ်ထားသလို တက္ကသိုလ် ဝင်တန်း စားမေးပွဲတွေကိုတော့ သင်္ကြန် မတိုင်ခင် ဧပြီလ ကျင်းပသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၂ သိန်း နီးပါး တက်ရောက် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

Zawgyi

အခြေခံ ပညာကျောင်းတွေမှာ အထက်တန်းပြတွေ လုံလောက်မှု မရှိတဲ့အတွက် အလယ်တန်းပြ တချို့ကို သင်ပြခိုင်းနေရသလို တခြားကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုလည်း ယာယီ လွှဲပြောင်းပြီး

သင်ကြား ခိုင်းနေရတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ တချို့ကျောင်းတွေမှာ အထက်တန်းပြ လိုအပ်ချက်ရှိတဲ့အတွက် ဆရာ၊ ဆရာမ အင်အားကို ခွဲဝေပြီး

ယာယီလွှဲထည့် သင်ပေးနေရတယ်လို့် သိရပါတယ်။ အထက်တန်းပြ ဆရာ၊ဆရာမတွေ လိုအပ်ချက်တွေကို ရာထူးတိုးနဲ့ အပြောင်းအရွှေ့ လုပ်လိုက်ရင် ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အဆင်ပြေလာနိုင်မယ်လို့

တာဝန်ရှိသူက ဆိုပါတယ်။ ၃ လနဲ့ ဖြေရမယ့် (၁၀) တန်းလို အတန်းမျိုးအတွက် သင်ကြားမှု မရသေးကြောင်း၊ စာမေးပွဲ ဖြေမယ့် ကလေးတွေအနေနဲ့ အခက်အခဲ ဖြစ်နေကြောင်း

ကျောင်းသား မိဘတဦးက ပြောပါတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ဆရာမနဲ့ သင်ကြားချိန် မလုံလောက်ဖြစ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီကတော့ အတန်းလိုက် စာမေးပွဲတွေကို

မတ်လအတွင်း ကျင်းပသွားဖို့ စီစဉ်ထားသလို တက္ကသိုလ် ဝင်တန်း စားမေးပွဲတွေကိုတော့ သြင်္ကန် မတိုင်ခင် ဧပြီလ ကျင်းပသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၂ သိန်း နီးပါး တက်ရောက် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

credit all

Add a Comment

Your email address will not be published.