ပြည်သူအားလုံး မျှော်လင့်သလို ပျော်ရွှင်မှုတွေရမယ့် နှစ်ကို အမြန်ဆုံးရရှိဖို့တောင်းဆုပန်ခဲ့တဲ့ ခင်ဝင့်ဝါ

ပြည်သူအားလုံး မျှော်လင့်သလို ပျော်ရွှင်မှုတွေရမယ့် နှစ်ကို အမြန်ဆုံးရရှိဖို့တောင်းဆုပန်ခဲ့တဲ့ ခင်ဝင့်ဝါ

မော်လ်ဒယ်သရုပ်ဆောင် ခင်ဝင့်ဝါကတော့ ပြည်သူ့ပရိသတ်တွေ ပိုမိုချစ်ခင်လေးစားရတဲ့ အနုပညာရှင်တွေထဲကမှ တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ကာလတွေမှာ ခင်ဝင့်ဝါဟာ ချစ်ရတဲ့ ပြည်သူ့ပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့ပြီး တက်ကြွစွာ ပါဝင်ပေးခဲ့သူပဲဖြစ်ပါတယ်။

ဒီလို လူထုလှုပ်ရှားမှု တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၈) ရက်ကမှ ခင်ဝင့်ဝါ ဟာ ၅၀၅ (က) အမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အမှုကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အဝေးတစ်နေရာမှာ တိမ်းရှောင်နေတာ တွေ့ရပါတယ်။

ယခုမှာတော့ နှစ်သစ်အချိန်အခါကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ ခင်ဝင့်ဝါက ချစ်တဲ့ပြည်သူတွေအတွက် တောင်းဆုပန်လာခဲ့ပါတယ်။ ဒါကတော့ မကောင်းတဲ့ နေ့ရက်တွေနဲ့ ခွဲခွာခြင်းတွေ ပြည့်နှက်နေခဲ့ရတဲ့ နှစ်ဟောင်းမှာ အိမ်မက်ဆိုးတွေရှိခဲ့လို့ နှစ်သစ်နေ့ရက် မှစပြီး ပြည်သူအားလုံး မျှော်လင့်တဲ့ ၊ စစ်မှန်တဲ့ ပျော်ရွှင်စရာနေ့ရက်တွေ အလျင်အမြန် ရရှိပါစေလို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ နှစ်သစ်ဆုတောင်းလေးဟာ ပြည်သူတွေအတွက် အလိုချင်ဆုံးဆုဖြစ်လို့ မြင်ရသူအဖို့ ကြည်နူးစရာလည်း ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေနဲ့အတူ ယနေ့အချိန်ထိ ရပ်တည်ပေးနေတဲ့ ခင်ဝင့်ဝါကိုလည်း ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော် ။

Zawgyi

ျပည္သူအားလုံး ေမွ်ာ္လင့္သလို ေပ်ာ္႐ႊင္မႈေတြရမယ့္ ႏွစ္ကို အျမန္ဆုံးရရွိဖို႔ေတာင္းဆုပန္ခဲ့တဲ့ ခင္ဝင့္ဝါ

ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ ခင္ဝင့္ဝါကေတာ့ ျပည္သူ႔ပရိသတ္ေတြ ပိုမိုခ်စ္ခင္ေလးစားရတဲ့ အႏုပညာရွင္ေတြထဲကမွ တစ္ေယာက္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရး ကာလေတြမွာ ခင္ဝင့္ဝါဟာ ခ်စ္ရတဲ့ ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ခဲ့ၿပီး တက္ႂကြစြာ ပါဝင္ေပးခဲ့သူပဲျဖစ္ပါတယ္။

ဒီလို လူထုလႈပ္ရွားမႈ တက္ႂကြစြာ ပါဝင္ခဲ့တာေၾကာင့္ ၅၀၅(က) ျဖင့္ အမႈစြဲဆိုခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁၈) ရက္ကမွ ခင္ဝင့္ဝါ ဟာ ၅၀၅ (က) အမႈကေန လြတ္ေျမာက္ခဲ့ပါတယ္။ အမႈကေန လြတ္ေျမာက္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္ထိ အေဝးတစ္ေနရာမွာ တိမ္းေရွာင္ေနတာ ေတြ႕ရပါတယ္။

ယခုမွာေတာ့ ႏွစ္သစ္အခ်ိန္အခါကို ေရာက္ရွိလာခဲ့ၿပီျဖစ္လို႔ ခင္ဝင့္ဝါက ခ်စ္တဲ့ျပည္သူေတြအတြက္ ေတာင္းဆုပန္လာခဲ့ပါတယ္။ ဒါကေတာ့ မေကာင္းတဲ့ ေန႔ရက္ေတြနဲ႔ ခြဲခြာျခင္းေတြ ျပည့္ႏွက္ေနခဲ့ရတဲ့ ႏွစ္ေဟာင္းမွာ အိမ္မက္ဆိုးေတြရွိခဲ့လို႔ ႏွစ္သစ္ေန႔ရက္ မွစၿပီး ျပည္သူအားလုံး ေမွ်ာ္လင့္တဲ့ ၊ စစ္မွန္တဲ့ ေပ်ာ္႐ႊင္စရာေန႔ရက္ေတြ အလ်င္အျမန္ ရရွိပါေစလို႔ ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္။

ခင္ဝင့္ဝါရဲ႕ ႏွစ္သစ္ဆုေတာင္းေလးဟာ ျပည္သူေတြအတြက္ အလိုခ်င္ဆုံးဆုျဖစ္လို႔ ျမင္ရသူအဖို႔ ၾကည္ႏူးစရာလည္း ျဖစ္ခဲ့ရပါတယ္။ ျပည္သူေတြနဲ႔အတူ ယေန႔အခ်ိန္ထိ ရပ္တည္ေပးေနတဲ့ ခင္ဝင့္ဝါကိုလည္း ဆုေတာင္းေမတၱာေတြပို႔သေပးလိုက္ပါဦးေနာ္ ။

Add a Comment

Your email address will not be published.