မတရားသိမ်းထားတဲ့ အချုပ်အခြာ အာဏာတည်မြဲဖို့ ဆယ်တစ်လ နှင့် ရှစ်ထပ် ကိတ်မုန့် လှူကြစို့

မတရားသိမ်းထားတဲ့ အချုပ်အခြာ အာဏာတည်မြဲဖို့ ဆယ်တစ်လ နှင့် ရှစ်ထပ် ကိတ်မုန့် လှူကြစို့

စစ်အာ‌ဏာသိမ်း အဖွဲ့သည် ၎င်းတို့ အာဏာ ဆုပ်ကိုင်နိုင်ရေး အတွက် တိုင်းပြည်ကို မြေလှန်စနစ် ကျင့်သုံးလာသည် မှာ ၁၁ လ ထဲသို့ တအိအိ နှင့် ဝင်ရောက်လာနေခဲ့ပြီး လူထု ထောက်ခံမှုသည်လည်း သုံညအဆင့်သို့ ထိုးကျလာနေသည်။

တိုင်းပြည်ကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် ပြည်သူ တရပ်လုံး အပေါ် စစ်ပွဲကြီး ဆင်နွှဲလာနေရသည့် အဆင့် ရောက်လာနေသည်။ ထိုမျှမကသေး လူထုက ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များအား မတရားပုဒ်မများ တပ်ကာ ဖမ်းဆီးထောင်ချနေမှု များသည်

မည်သည့် ရှု့ဒေါင့်က ကြည့် ကြည့် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များ ဖြစ်သည်ကို အားလုံး က သိနေကြသဖြင့် ၎င်းတို့ ဘာလုပ်လုပ် ထောက်ခံနေကြသူများသာ ကျေနပ်နေကြမည် ဖြစ်ပြီး လူထုကတော့ ရွံရှာသည်ထက် ရွံရှာလာခြင်းသာ အဖတ်တင်လာခဲ့သည်။

ယင်းနှင့် အတူ ထိုမျှလောက်အထိ အဆင်ခြင်တုံတရား ကင်းမဲ့နေသူများအား မည်သို့မျှ ပိုနေမြဲ ကျားနေမြဲ အုပ်ချုပ်ခွင့် ပေး၍ မရတော့ဟု သိမြင်လာသည် နှင့်အတူ ပြည်သူများက အဆုံးအထိ တိုက်ခိုက်သွားရန် သံဓိဋ္ဌာန် ချထားပြီးလည်း ဖြစ်နေသည်။

တဖက်တွင်လည်း ပြည်ပ ရင်းနှီးမြုပ်နှံလိုသူများကလည်း နိုင်ငံတကာ ကျင့်ထုံးများကို မျက်ကွယ်ပြုပြီး လုပ်ချင်တိုင်း လုပ်ခွင့်ရနေသည့် အဖွဲ့ အပေါ် ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာနိုင်သည့် အရေး ကို တွေးတော ပူပန်လာကြမည်က မလွဲဧကန်ပင်။

စစ်အာဏာသိမ်း အဖွဲ့နှင့် အကြောင်းအမျိုးမျိုး နှင့် ဆက်ဆံလိုသူသည့် အစိုးရများ နှင့် ကုမ္ပဏီများ ရှိနေသော်လည်း ကိုယ်ကျင့်သိက္ခာ ရှု့ဒေါင့်ပိုင်း အရ ပြစ်တင် ရှုတ်ချခံရမည့် အလားအလာများကြောင့် လက်တွန့်နေကြသည်။

တယ်လီနော သည်ပင် ၎င်းတို့၏ Wave Money လုပ်ငန်းကို ပိုင်ဆိုင်ထားသည့် ၅၁% ကို Yoma Strategic Holdings သို့ ရောင်းချရန် သဘောတူလိုက်ပြီ ဖြစ်သည်မည်သို့ပင် လူကြားကောင်းအောင် နည်းမျိုးစုံဖြင့် ပြောဆိုနေသော် ငြားလည်း အစစအရာရာ တိုးတက်ရန် အရှိန်ယူနေ‌သော နိုင်ငံအား ရုတ်ခြည်း ဗုန်းဗုန်းလဲကျသွားအောင် လုပ်ခဲ့သည့်

ငို့ဘ သမား အတွက် သမိုင်းက တရားခံ များ အဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်ယုံမက ၎င်းတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး စိတ်လက်ချမ်းသာစွာ နေသွားနိူင်ကြ တော့မည် မဟုတ်ပေ။၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဟောကိန်းထုတ်ထားကြောင်း နဲ့ မန္တလေးမဟာသင်္ကြန်စာက မင်းရာဇာနှင့် မိဖုရားအပေါင်း အန္တရာယ်ကျမည်ဟု ဖော်ပြထားတယ်လို့ ခောတ်သစ်သတင်းအရ သိရပါတယ်။

ပြည်သူများ၏ အောင်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့် အရှိန်အဟုန်များဖြင့် ထင်သာမြင်သာ အောင်ပွဲများရရှိလိမ့်မည်ဖြစ်ကြောင်း၊၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟုလည်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။

မင်းအောင်လှိုင် အတွက် ကား ပြေးစရာ မြေမရှိတော့သော်လည်း စစ်တပ် အတွက် တခုတည်းသော ထွက်ပေါက်ကား လက်ရှိ ငို့ဘသမား စစ်ခေါင်းဆောင်များကို ဖယ်ရှားပြီး တိုင်းပြည်ကိုဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် တည့်မတ်ပေးခြင်းပင် ဖြစ်ပေတော့သည်။ ထိုသို့ မဟုတ်ပါက အားလုံး အဖို့ ပြည်သူများ၏ သိမ်းကျုံး ဒဏ်ခတ်ခြင်းကို ခံကြရပေတော့မည်။

မိမိကြောင့် တစုံတယောက် ဒုက္ခရောက်သွားယုံနှင့်ပင် ဗုဒ္ဓဘာသာ ယုံကြည်မှု အရ အင်မတန် အပြစ်ကြီးလှသည် မဟုတ်ပါလား၊ ယခု က လူများ သန်း နှင့် ချီ၍ စီးပွားပျက်၊ အိုးပျက် အိမ်ပျက်၊ သားတကွဲ မယားတကွဲ တင်မက အသက်ပါ ဆုံးရှူံးသွားရသည့် အဖြစ်ကို ဗေဒင် ယတြာများဖြင့် ပြေပျောက် နိုင်ပါဦးမည်လော။တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Zawgyi

မတရားသိမ္းထားတဲ့ အခ်ဳပ္အျခာ အာဏာတည္ၿမဲဖို႔ ဆယ္တစ္လ ႏွင့္ ရွစ္ထပ္ ကိတ္မုန႔္ လႉၾကစို႔

စစ္အာ‌ဏာသိမ္း အဖြဲ႕သည္ ၎တို႔ အာဏာ ဆုပ္ကိုင္ႏိုင္ေရး အတြက္ တိုင္းျပည္ကို ေျမလွန္စနစ္ က်င့္သုံးလာသည္ မွာ ၁၁ လ ထဲသို႔ တအိအိ ႏွင့္ ဝင္ေရာက္လာေနခဲ့ၿပီး လူထု ေထာက္ခံမႈသည္လည္း သုံညအဆင့္သို႔ ထိုးက်လာေနသည္။

တိုင္းျပည္ကို အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ရန္ ျပည္သူ တရပ္လုံး အေပၚ စစ္ပြဲႀကီး ဆင္ႏႊဲလာေနရသည့္ အဆင့္ ေရာက္လာေနသည္။ ထိုမွ်မကေသး လူထုက ေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ ေခါင္းေဆာင္မ်ားအား မတရားပုဒ္မမ်ား တပ္ကာ ဖမ္းဆီးေထာင္ခ်ေနမႈ မ်ားသည္

မည္သည့္ ရႈ႕ေဒါင့္က ၾကည့္ ၾကည့္ မလုပ္သင့္ မလုပ္ထိုက္ေသာ လုပ္ရပ္မ်ား ျဖစ္သည္ကို အားလုံး က သိေနၾကသျဖင့္ ၎တို႔ ဘာလုပ္လုပ္ ေထာက္ခံေနၾကသူမ်ားသာ ေက်နပ္ေနၾကမည္ ျဖစ္ၿပီး လူထုကေတာ့ ႐ြံရွာသည္ထက္ ႐ြံရွာလာျခင္းသာ အဖတ္တင္လာခဲ့သည္။

ယင္းႏွင့္ အတူ ထိုမွ်ေလာက္အထိ အဆင္ျခင္တုံတရား ကင္းမဲ့ေနသူမ်ားအား မည္သို႔မွ် ပိုေနၿမဲ က်ားေနၿမဲ အုပ္ခ်ဳပ္ခြင့္ ေပး၍ မရေတာ့ဟု သိျမင္လာသည္ ႏွင့္အတူ ျပည္သူမ်ားက အဆုံးအထိ တိုက္ခိုက္သြားရန္ သံဓိ႒ာန္ ခ်ထားၿပီးလည္း ျဖစ္ေနသည္။

တဖက္တြင္လည္း ျပည္ပ ရင္းႏွီးျမဳပ္ႏွံလိုသူမ်ားကလည္း ႏိုင္ငံတကာ က်င့္ထုံးမ်ားကို မ်က္ကြယ္ျပဳၿပီး လုပ္ခ်င္တိုင္း လုပ္ခြင့္ရေနသည့္ အဖြဲ႕ အေပၚ ၎တို႔ အက်ိဳးစီးပြား ထိခိုက္လာႏိုင္သည့္ အေရး ကို ေတြးေတာ ပူပန္လာၾကမည္က မလြဲဧကန္ပင္။

စစ္အာဏာသိမ္း အဖြဲ႕ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳး ႏွင့္ ဆက္ဆံလိုသူသည့္ အစိုးရမ်ား ႏွင့္ ကုမၸဏီမ်ား ရွိေနေသာ္လည္း ကိုယ္က်င့္သိကၡာ ရႈ႕ေဒါင့္ပိုင္း အရ ျပစ္တင္ ရႈတ္ခ်ခံရမည့္ အလားအလာမ်ားေၾကာင့္ လက္တြန႔္ေနၾကသည္။

တယ္လီေနာ သည္ပင္ ၎တို႔၏ Wave Money လုပ္ငန္းကို ပိုင္ဆိုင္ထားသည့္ ၅၁% ကို Yoma Strategic Holdings သို႔ ေရာင္းခ်ရန္ သေဘာတူလိုက္ၿပီ ျဖစ္သည္မည္သို႔ပင္ လူၾကားေကာင္းေအာင္ နည္းမ်ိဳးစုံျဖင့္ ေျပာဆိုေနေသာ္ ျငားလည္း အစစအရာရာ တိုးတက္ရန္ အရွိန္ယူေန‌ေသာ ႏိုင္ငံအား ႐ုတ္ျခည္း ဗုန္းဗုန္းလဲက်သြားေအာင္ လုပ္ခဲ့သည့္

ငို႔ဘ သမား အတြက္ သမိုင္းက တရားခံ မ်ား အျဖစ္ သတ္မွတ္ေပးထားၿပီး ျဖစ္ယုံမက ၎တို႔ အသက္ရွင္ေနသမွ် ကာလပတ္လုံး စိတ္လက္ခ်မ္းသာစြာ ေနသြားႏိူင္ၾက ေတာ့မည္ မဟုတ္ေပ။၂၀၂၂ ခုႏွစ္တြင္ မင္းေအာင္လႈိင္ႏွင့္စစ္ဘက္ေခါင္းေဆာင္မ်ား ပ်က္စီးကိန္းႀကဳံလိမ့္မည္ဟု နကၡတၱေဗဒကြၽမ္းက်င္သူက ေဟာကိန္းထုတ္ထားေၾကာင္း နဲ႔ မႏၲေလးမဟာသၾကၤန္စာက မင္းရာဇာႏွင့္ မိဖုရားအေပါင္း အႏၲရာယ္က်မည္ဟု ေဖာ္ျပထားတယ္လို႔ ေခာတ္သစ္သတင္းအရ သိရပါတယ္။

ျပည္သူမ်ား၏ ေအာင္ပြဲမ်ားသည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္မွစတင္မည္ျဖစ္ၿပီး လွ်င္ျမန္သည့္ အရွိန္အဟုန္မ်ားျဖင့္ ထင္သာျမင္သာ ေအာင္ပြဲမ်ားရရွိလိမ့္မည္ျဖစ္ေၾကာင္း၊၂၀၂၂ ခုႏွစ္ ဧၿပီလမွစတင္ၿပီး မင္းေအာင္လႈိင္ႏွင့္စစ္ဘက္ေခါင္းေဆာင္မ်ား ပ်က္စီးကိန္းႀကဳံလိမ့္မည္ဟုလည္း နကၡတၱေဗဒကြၽမ္းက်င္သူတစ္ဦးက ေဟာကိန္းထုတ္လိုက္သည္။

မင္းေအာင္လႈိင္ အတြက္ ကား ေျပးစရာ ေျမမရွိေတာ့ေသာ္လည္း စစ္တပ္ အတြက္ တခုတည္းေသာ ထြက္ေပါက္ကား လက္ရွိ ငို႔ဘသမား စစ္ေခါင္းေဆာင္မ်ားကို ဖယ္ရွားၿပီး တိုင္းျပည္ကိုဒီမိုကေရစီ လမ္းေၾကာင္းေပၚသို႔ ျပန္လည္ တည့္မတ္ေပးျခင္းပင္ ျဖစ္ေပေတာ့သည္။ ထိုသို႔ မဟုတ္ပါက အားလုံး အဖို႔ ျပည္သူမ်ား၏ သိမ္းက်ဳံး ဒဏ္ခတ္ျခင္းကို ခံၾကရေပေတာ့မည္။

မိမိေၾကာင့္ တစုံတေယာက္ ဒုကၡေရာက္သြားယုံႏွင့္ပင္ ဗုဒၶဘာသာ ယုံၾကည္မႈ အရ အင္မတန္ အျပစ္ႀကီးလွသည္ မဟုတ္ပါလား၊ ယခု က လူမ်ား သန္း ႏွင့္ ခ်ီ၍ စီးပြားပ်က္၊ အိုးပ်က္ အိမ္ပ်က္၊ သားတကြဲ မယားတကြဲ တင္မက အသက္ပါ ဆုံးရႉံးသြားရသည့္ အျဖစ္ကို ေဗဒင္ ယၾတာမ်ားျဖင့္ ေျပေပ်ာက္ ႏိုင္ပါဦးမည္ေလာ။ေတာ္လွန္ေရးႀကီး မုခ် ေအာင္ရမည္!!!

Add a Comment

Your email address will not be published.