တွံတေးမှာ လူ၅ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်……seemore

တွံတေးမှာ လူ၅ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်

တွံတေးမှာ အိမ်စီးကားတစ်စီး ငါးမွေးကန်ထဲထိုးကျ၊ ကားပေါ်ပါသူ ၅ ဦး သေဆုံး

ရန်ကုန်တိုင်း၊

တွံတေးမြို့နယ်က ချောင်းဟောင်းကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းတုန်းက အိမ်စီးကားတစ်စီးဟာ အနီးနားမှာရှိတဲ့ ငါးမွေးကန်ထဲ ထိုးကျပြီး

နစ်မြုပ်ခဲ့တာကြောင့် ကားပေါ်ပါလာသူတွေထဲက ၅ ဦး အသက်ဆုံးပါးခဲ့တယ်လို့ လိုက်ပါကူညီပေးခဲ့တဲ့ပရဟိတအသင်းက ပြောပါတယ်။

”ယာဉ်မောင်းကတော့ လွတ်မြောက်ခဲ့တယ်။ ကားပေါ်ပါလာသူ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁ ဦး ရေမွန်းပြီး ဆုံးပါတယ်။ အမျိုးသမီး ၃ ဦးကတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်မှာ အသက်မမီတော့ဘူး။

နောက် အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦးကိုလည်း အရေးပေါ်ပြုစုနည်းတွေ၊ အောက်စီဂျင်တွေပေးခဲ့ပေမဲ့လည်း အသက်မကယ်နိုင်ခဲ့ဘူး။

တွံတေးဆေးရုံရောက်တော့ အသက်မပါတော့ဘူး” လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – စိတ္တသုခကူညီကယ်ဆယ်ရေး

Unicode

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.

*