ဖရူဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်လိုက်တဲ့ ပြည်သူ ၃၅ ဦးကျော်မှာ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး ပါဝင်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လူပေါင်း၃၀ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါသတ်ဖြတ်ခံရသူတွေထဲ

မှာ ပြည်ထောင်စုတိုင်း ရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)က ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တယ်လို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။

အဆိုပါမီးရှို့သတ်ဖြတ်ခံရမှုထဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေပေးနေတဲ့ Save the Children ကဝန်ထမ်း၂ ဦးလည်းပါဝင်သွားခဲ့သလို ကလေးသူငယ်တွေနဲ့အမျိုးသမီးလည်းပါဝင်ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ KNDFကတော့ မီးရှို့အသတ်ခံရသူတွေဟာ စစ်ဘေးရှောင် အရပ်သားပြည်သူတွေဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖရူဆို မီးရှို့သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အခုလိုမီးရှို့အသတ်ခံရတဲ့အရပ်သားတွေအထဲ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တဲ့အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂ က ဝမ်းနည်းကြောင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ-စစ်တပ်က မီးရှို့ သတ်ဖြတ်မှု ခံလိုက်ရသည့် ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး။

Add a Comment

Your email address will not be published.