ကုသိုလ်မရဘဲ ငရဲရနိုင်တဲ့ဆွမ်းတော်စွန့်ခြင်းပြဿနာ…

(မေး)အရှင်ဘုရားတပည့်တော်မ မေးချင်တာလေးရှိလို့ပါဘုရား။ အရှင်ဘုရားဖြေပေးမယ်ဆိရင် တကယ်ကိုဝမ်းသာမိမှာပါဘုရား။ တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှ ပြန်ရောက်ပါတယ်ဘုရား။

အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကို အမြဲကပ်လှူပါတယ်။ ညမိုးချုပ်ပြန်ရောက်မှပဲ စွန့်ရပါတယ်ဘုရား။ အဲ့ဒီအတွက်တပည့်တော်မစိတ်ထဲ မတင်မကျဖြစ်မိပါတယ်။ ပြန်ရောက်မှစွန့်ရတဲ့အတွက် ကုသိုလ်မရငရဲရမှာ ကြောက်ပါတယ်ဘုရား။

မိုးချုပ်မှစွန့်ကောင်းလား၊ မစွန့်ကောင်းလား သိချင်ပါတယ်ဘုရား။ (ဖြေ)လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထို့ကြောင့်လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။ ဒါပေမယ့်၁၂နာရီမကျော်ခင် စွန့်ပါလို့အကြံပြုပါတယ်။

ကိုယ်တိုင်မစွန့်နိုင်ပါလျှင်အိမ်မှာရှိသူတစ်ဦးဦးအားစွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ်ရုံးမသွားခင်အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီးလျှင်သော် လည်းကောင်း ဆွမ်းတော်တင်ပြီးရုံးသွားခါနီး စွန့်နိုင်ပါတယ်၊ဒကာမ။ ညနေထိတော့မထားကောင်းပါ။

အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲ ကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။ အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံးလစဉ်နံနက် ၅း၀လောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။

၄း၃၀၊၄း၄၀၊၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့ရှိသည်ကို သတိပြုအပ်၏။ ထိုကြောင့်မယုတ်မလွန်လစဉ်နံနက်(၅း၃၀)နာရီဆိုပါလျှင် ကပ်မည်ဆိုပါကလစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ (၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊(၅း၁၀)နာရီ စသည့်ဖြင့် အရုဏ်တက်သည့် လများတွင် ကိုယ်က (၄း၃၀)လစဉ်လတိုင်းကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

အချုပ်အားဖြင့်နေ့ဆွမ်းဆိုလျှင်လည်း နေ့လည်၁၂နာရီမထိုးခင်စွန့်သင့်ပြီး အရုဏ်ဆွမ်းဆိုပါလျှင်ရှေ့လွတ် နောက်လွတ်(၅း၃၀)နာရီလောက် ကပ်သင့်ကြောင်းဖြေကြားလိုက်ပါသည်။ သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။

ရှေးကမသိခဲ့လို့မစွန့်မိတာကို စိတ်ထဲစွဲလန်းမထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာဂရုစိုက်ပါ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။

ဒေါက်တာအရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Credit

Zawgyi

(မေး)အရှင်ဘုရားတပည့်တော်မ မေးချင်တာလေးရှိလို့ပါဘုရား။ အရှင်ဘုရားဖြေပေးမယ်ဆိရင် တကယ်ကိုဝမ်းသာမိမှာပါဘုရား။ တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှ ပြန်ရောက်ပါတယ်ဘုရား။

အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကို အမြဲကပ်လှူပါတယ်။ ညမိုးချုပ်ပြန်ရောက်မှပဲ စွန့်ရပါတယ်ဘုရား။ အဲ့ဒီအတွက်တပည့်တော်မစိတ်ထဲ မတင်မကျဖြစ်မိပါတယ်။ ပြန်ရောက်မှစွန့်ရတဲ့အတွက် ကုသိုလ်မရငရဲရမှာ ကြောက်ပါတယ်ဘုရား။

မိုးချုပ်မှစွန့်ကောင်းလား၊ မစွန့်ကောင်းလား သိချင်ပါတယ်ဘုရား။ (ဖြေ)လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင်ညစာမစားရပါဘူး။ ထို့ကြောင့်လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။ ဒါပေမယ့်၁၂နာရီမကျော်ခင် စွန့်ပါလို့အကြံပြုပါတယ်။

ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ်ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီးလျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီးရုံးသွားခါနီး စွန့်နိုင်ပါတယ်၊ဒကာမ။ ညနေထိတော့မထားကောင်းပါ။

အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။ အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံးလစဉ်နံနက် ၅းဝလောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။

၄း၃၀၊၄း၄၀၊၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့ရှိသည်ကို သတိပြုအပ်၏။ ထိုကြောင့်မယုတ်မလွန် လစဉ်နံနက်(၅း၃၀)နာရီဆိုပါလျှင် ကပ်မည်ဆိုပါကလစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍(၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊(၅း၁၀)နာရီစသည့်ဖြင့် အရုဏ်တက်သည့်လများတွင်ကိုယ်က(၄း၃၀)လစဉ်လတိုင်းကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

အချုပ်အားဖြင့်နေ့ဆွမ်းဆိုလျှင်လည်း နေ့လည်၁၂နာရီမထိုးခင်စွန့်သင့်ပြီး အရုဏ်ဆွမ်းဆိုပါလျှင်ရှေ့လွတ် နောက်လွတ်(၅း၃၀)နာရီလောက် ကပ်သင့်ကြောင်းဖြေကြားလိုက်ပါသည်။ သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။

ရှေးကမသိခဲ့လို့မစွန့်မိတာကို စိတ်ထဲစွဲလန်းမထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာဂရုစိုက်ပါ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။

ဒေါက်တာအရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*