စကစမှဖင်ပိတ်ငြင်းနေသောမန္တလေးကုတင်၃၀၀ဆေးရုံရှေ့ကပ.စ်ခ.တ်မှု

မန္တလေး၆၂လမ်းပေါ်တွင်ဆိုင်ကယ်စီးသွားလာနေသောလူငယ်ဇနီးမောင်နှံပ.စ်သ(တ်)ခံရ

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၆၂လမ်းပေါ်တွင်ဆိုင်ကယ်စီးကာအလုပ်သို့သွားသောအသက်(၃၀)ဝန်းကျင်ဇနီးမောင်နှံအား

ယနေ့ဒီဇင်ဘာ(၁၂)ရက်မနက်(၇)နာရီဝန်းကျင်ကသေနတ်ဖြင့်ပ.စ်ခ.တ်ခံရသဖြင့်tayဆုံးကြောင်းဒေသခံများကပြောသည်။

ထိုသို့လမ်းမပေါ်သွားလာနေချိန်သေနတ်ဖြင့်ပစ်သ(တ်)ခံရသူလင်မယားနှစ်ဦးသည်မန္တလေးမြို့ပေါ်ရှိပုဂ္ဂလိကဆေးရုံတစ်ခုတွင်

သူနာပြုအဖြစ်လုပ်ကိုင်နေသောအမျိုးသမီးနှင့်၄င်း၏အမျိုးသားတို့ဖြစ်ကြောင်း၆၂လမ်းခုတင်(၃၀၀)ဆေးရုံရှေ့၌ယနေ့မနက်(၇)နာရီကျော်အချိန်ကသေနတ်ဖြင့်

ပ.စ်ခ.တ်ခံရသဖြင့်နှစ်ဦးလုံးသေဆုံးသည်ဟုဒေသခံများနှင့်နီးစပ်သူများကပြောသည်။အဆိုပါပ.စ်ခ.တ်ခံရမှုနှင့်ပတ်သက်၍

ခုတင်(၃၀၀)အစောင့်ကျစစ်ကောင်စီလက်နက်ကိုင်များကစစ်ဆေးရန်တားသည်ကိုရပ်မပေးသဖြင့်ပစ်သ(တ်)လိုက်ခြင်းဖြစ်သည်ဟုသတင်းထွက်နေသော်လည်း

စစ်ကောင်စီဘက်ကမူ၄င်းတို့လက်ချက်မဟုတ်ဘဲအမည်မသိလူများကဆိုင်ကယ်ဖြင့်နောက်မှလိုက်ကာပ.စ်သ(တ်)ခြင်းဖြစ်သည်ဟုတုန့်ပြန်ဖြေရှင်းသည်။

မန္တလေးမြို့ခံများ၏အဆိုအရအဆိုပါလင်မယားနှစ်ဦးပ.စ်သ(တ်)ခံရသည့်၆၂လမ်း၊ခုတင်(၃၀၀)ဆေးရုံဂိတ်ပေါက်တွင်စစ်ကောင်စီလက်နက်ကိုင်များရှိနေပြီး

ယခင်ကလည်းယင်းဆေးရုံအနီး၌လမ်းသွားလမ်းလာများကိုတားဆီးစစ်ဆေးခြင်းများလုပ်ဆောင်လေ့ရှိသည်ဟုပြောသည်။

စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရမူယနေ့ဒီဇင်ဘာ(၁၂)ရက်မနက်(၇)နာရီကျော်အချိန်ကချမ်းမြသာစည်မြို့နယ်မြို့သစ်(၁)၊၆၂လမ်းပေါ်၊

၁၀၄လမ်းနှင့်၁၀၄Aလမ်းကြား၊ခုတင်(၃၀၀)ဆေးရုံအနီးလင်းရောင်ခြည်ဆေးခန်းရှေ့တွင်ကိုအာကာဖြိုးနှင့်မချမ်းမြငြိမ်း(CityHospitalသူနာပြု)တို့နှစ်ဦးဆိုင်ကယ်စီးလာစဉ်

အမည်မသိဆိုင်ကယ်မှသေနတ်ဖြင့်ပ.စ်ခ.တ်သွားသဖြင့်နှစ်ဦးလုံးနေရာတွင်သေဆုံးသည်ဟုဆိုသည်။သေဆုံးသူနှစ်ဦးသည်

ပြီးခဲ့သည့်လပိုင်းကမှမင်္ဂလာဆောင်ထားသူများဖြစ်ပြီးအမျိုးသမီးသည်ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်းနီးစပ်သူများကပြောသည်။

ထိုသို့မန္တလေးမြို့တွင်းလမ်းပေါ်သွားလာနေသူနှစ်ဦးပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍အသေးစိတ်အခြေအနေများမသိရသေးပါ။

credit all

Add a Comment

Your email address will not be published.