ချစ်ရတဲ့အရာတွေကိုစွန့်ခွာပြီး အဝေးဆုံးမှာရှိနေပေမယ့် စိတ်ကတော့ ချစ်တဲ့သူတွေနဲ့ အတူရှိနေပါတယ်ဆိုတဲ့ ဦးကျော်သက်လင်း






Credit – MYANMAR LOAD

Unicode
ချစ်ရတဲ့အရာတွေကိုစွန့်ခွာပြီး အဝေးဆုံးမှာရှိနေပေမယ့် စိတ်ကတော့ ချစ်တဲ့သူတွေနဲ့ အတူရှိနေပါတယ်ဆိုတဲ့ ဦးကျော်သက်လင်း

“ကျန်းမာတော်မူကြပါစ ခင်ဗျာ” လို့ ည၈နာရီသတင်းမှာ ငယ်စဉ်ကတည်းက နေ့စဉ်မြင်တွေ့နေကျဖြစ်တဲ့ MRTV ဝါရင့်သတင်းကြေငြာသူ ဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာလက်ရှိမှာ လွတ်မြောက် နယ်မြေမှာရောက်ရှိနေပါတယ်။ ဦးကျော်သက်လင်း ဟာ ‌အာဏာစတင် သိမ်းတဲ့နေ့ကစပြီး အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။

ချစ်ခင်တွယ်တာရတဲ့ နှောင်ကြိုးတွေကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ ဦးကျော်သက်လင်း ဟာ အတိတ်က အတူရှိခဲ့သူတွေ၊ ချစ်ရတဲ့သူတွေကို လွမ်းနေတဲ့ အကြောင်း ရင်ဖွင့်လာတာဖြစ်ပါတယ်။

” ကျနော့်မှာလွမ်းစရာရှိသည် ထို့ကြောင့်လွမ်းသည် သို့သော်… သဏ္ဍန်လုပ်သရုပ်တူဆိုသည့်အတိုင်း ကျရာဇာတ်ရုပ်ကိုပီပြင်စေ့ချင်သည်။ ကျနော်သည်သူရဲကောင်းမဟုတ် သူရဲကောင်းကိုချစ်မြတ်နိုးသည်။ သူရဲကောင်းဖြစ်ချင်သည်။ ယခု ကျနော်ချစ်သောအရာများကိုစွန့်ခွာ၍ အဝေးဆုံးမှာရှိနေသည်။

ဒါပေမယ့် ကျနော့်စိတ်ကတော့ ကျနော်ချစ်သောသူများနှင့်အတူရှိနေပါသည်။ ထို့ကြောင့် နိုင်ရာတာဝန်ထမ်းရင်း ကျန်ခဲ့သောအတိတ်က အတူရှိခဲ့သူ ကျနော်ချစ်သောသူများကို လွမ်းပါသည်။ သူတို့ကိုထုတ်ပြောခွင့်ကားမရှိတော့။ ကျနော်ချစ်သော သူရဲကောင်းများသည်လည်း လွမ်းတတ် ချစ်တတ်လွန်းမည်ထင်၏။ ” ဆိုပြီး ဦးကျော်သက်လင်း က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရေးသားထာတဲ့ စာသားလေးတွေကို ဖတ်ပြီးပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။
Credit – MYANMAR LOAD

Add a Comment

Your email address will not be published.