သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်က ငါးရုပ်

သင့်လက်ဖဝါးမှာ ငါးရုပ်လက္ခဏာပါရင် သင်သိန်းသောင်းချီပိုင်ဆိုင်နိုင်ပြီ။ လက်ဝါးပြင်ရဲ့ လက်သူကြွယ်အောက်မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။သေချာကြည့်ရင်တော့ကွဲပါတယ်။

အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။ ငါးရုပ်ကတော့အချွန် အတက်လေးတွေပါတယ်။ငါးရုပ်သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင် ထင်ရှားသလို အောင်မြင်ရေးလမ်း ကြောင်းထက်ပိုကောင်းတတ်တယ်။

လက္ခဏာရှင်များရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က ပေးစွမ်းနိုင်ပါတယ်။တနင်္ဂနွေ ဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။

ထူးခြားသွားတာက အမွေတွေ၊ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် ရလာတတ်ပါတယ်။ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်။ သူများလက်အောက်ခံဘဝ ကြာကြာမနေရပါ။

အစိုးရဝန်ထမ်းဆိုလဲ အာဏာရာထူးထိပ်ဆုံးထိရောက်တတ်တယ်။ အသက်အရွယ်ရတာနဲ့ပိုအောင် မြင်တတ်ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကိုရုတ်တရတ်ပိုင်ဆိုင် လာရတတ်ပါတယ်။အိုဇာတာကောင်း၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရတတ်ပါတယ်။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။

Credit

Unicode

သင့်လက်ဖဝါးမှာ ငါးရုပ်လက္ခဏာပါရင် သင်သိန်းသောင်းချီပိုင်ဆိုင်နိုင်ပြီ။ လက်ဝါးပြင်ရဲ့ လက်သူကြွယ်အောက်မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။သေချာကြည့်ရင်တော့ကွဲပါတယ်။ အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။ ငါးရုပ်ကတော့အချွန် အတက်လေးတွေပါတယ်။ငါးရုပ်သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင် ထင်ရှားသလို အောင်မြင်ရေးလမ်း ကြောင်းထက်ပိုကောင်းတတ်တယ်။

လက္ခဏာရှင်များရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က ပေးစွမ်းနိုင်ပါတယ်။တနင်္ဂနွေ ဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။

ထူးခြားသွားတာက အမွေတွေ၊ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် ရလာတတ်ပါတယ်။ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်။ သူများလက်အောက်ခံဘဝ ကြာကြာမနေရပါ။

အစိုးရဝန်ထမ်းဆိုလဲ အာဏာရာထူးထိပ်ဆုံးထိရောက်တတ်တယ်။ အသက်အရွယ်ရတာနဲ့ပိုအောင် မြင်တတ်ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကိုရုတ်တရတ်ပိုင်ဆိုင် လာရတတ်ပါတယ်။အိုဇာတာကောင်း၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရတတ်ပါတယ်။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။

Credit

Add a Comment

Your email address will not be published.