အလှပြင်ဆိုင်သွားစရာမလိုဘဲ လှစေမယ့်နည်း

ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတွေကို ကြည်ညိုမြတ်နိုးတဲ့မျက်လုံးနဲ့ဖူးမြော်ရင် ဘဝပေါင်းများစွာ မျက်လုံးလှတယ်။ လိုင်နာဆွဲစရာမလိုဘူး။ မျက်စိရောဂါကင်းတယ်။သူတစ်ပါးတို့အပေါ်တွင် ဒေါသမဖက်၊ မေတ္တာစိတ်သက်သက်ဖြင့်

ပြုမူပြောဆိုဆက်ဆံတတ်ရင်လည်း ပိုက်ဆံတစ်ပြားမှမကုန်ပဲ ဒီကံကအကျိုးပေးရင် မြင်သူအပေါင်းက ချစ်ခင်မြတ်နိုးကြည်ညိုရတဲ့ ရုပ်အဆင်းပိုင်ရှင်ဖြစ်မယ်။မိတ်ကပ်လိမ်းစရာမလိုဘူး။ နှုတ်ခမ်းနီဆိုးစရာမလိုဘူး။ ဆံပင်ဖြောင့်စရာကောက်စရာမလိုဘူး။

ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာကျင့်သုံးမယ်ဆိုရင်တော့ ဖြစ်လေရာဘဝမှာ ရုပ်အဆင်းလှပရုံသာမကယနေ့လူသားတွေ မိုးလင်းကမိုးချုပ် အလေးဂရုပြုရှာဖွေနေကြတဲ့ စည်းစိမ်ဥစ္စာပေါများခြင်း၊ အသက်ရှည်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်းဆိုတဲ့ အကျိုးတရားတွေ မလွဲဧကန်ရရှိမှာအမှန်ပဲ။

ဒါပေမယ့်… ဒီအကျိုးတရားတွေဟာ အိုနာသေရေး ဒုက္ခဘေးတွေနဲ့မကင်းလို့ အကောင်းစားကြီးလို့ ဘုန်းကြီးမဆိုလိုပါဘူး။ဒီဘဝမှာဒီရုပ်နာမ်ခန္ဓာကို ချုပ်ငြိမ်းအောင်ကြိုးစား၊ ကျင့်ကြံအားထုတ်နိုင်ရင်တော့ ဘုရားရှင်အနှစ်ခြိုက်ဆုံးပါပဲ။ ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး။

Credit

Unicode

ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတွေကို ကြည်ညိုမြတ်နိုးတဲ့မျက်လုံးနဲ့ဖူးမြော်ရင် ဘဝပေါင်းများစွာ မျက်လုံးလှတယ်။ လိုင်နာဆွဲစရာမလိုဘူး။ မျက်စိရောဂါကင်းတယ်။သူတစ်ပါးတို့အပေါ်တွင် ဒေါသမဖက်၊ မေတ္တာစိတ်သက်သက်ဖြင့်ပြုမူပြောဆိုဆက်ဆံတတ်ရင်လည်း ပိုက်ဆံတစ်ပြားမှမကုန်ပဲ ဒီကံကအကျိုးပေးရင် မြင်သူအပေါင်းက ချစ်ခင်မြတ်နိုးကြည်ညိုရတဲ့ ရုပ်အဆင်းပိုင်ရှင်ဖြစ်မယ်။မိတ်ကပ်လိမ်းစရာမလိုဘူး။ နှုတ်ခမ်းနီဆိုးစရာမလိုဘူး။ ဆံပင်ဖြောင့်စရာကောက်စရာမလိုဘူး။

ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာကျင့်သုံးမယ်ဆိုရင်တော့ ဖြစ်လေရာဘဝမှာ ရုပ်အဆင်းလှပရုံသာမကယနေ့လူသားတွေ မိုးလင်းကမိုးချုပ် အလေးဂရုပြုရှာဖွေနေကြတဲ့ စည်းစိမ်ဥစ္စာပေါများခြင်း၊ အသက်ရှည်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်းဆိုတဲ့ အကျိုးတရားတွေ မလွဲဧကန်ရရှိမှာအမှန်ပဲ။

ဒါပေမယ့်… ဒီအကျိုးတရားတွေဟာ အိုနာသေရေး ဒုက္ခဘေးတွေနဲ့မကင်းလို့ အကောင်းစားကြီးလို့ ဘုန်းကြီးမဆိုလိုပါဘူး။ဒီဘဝမှာဒီရုပ်နာမ်ခန္ဓာကို ချုပ်ငြိမ်းအောင်ကြိုးစား၊ ကျင့်ကြံအားထုတ်နိုင်ရင်တော့ ဘုရားရှင်အနှစ်ခြိုက်ဆုံးပါပဲ။ ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး။

Credit

Add a Comment

Your email address will not be published.