ချယ်ရီထက် ထောင်သုံးနှစ်နဲ့အတူ နောက်ထပ် စိတ်မကောင်းစရာ သတင်း

မဂ်လာပါ ပရိတ်သတ်ကြီးရေ

သက်တော်စောင့် ချယ်ရီထက်ရဲ့ ထောင်သုံးနှစ်နဲ့အတူ နောက်ထပ် စိတ်မကောင်းစရာ သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး

နေပြည်တော်အချုပ်ထောင်ကနေ ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒု-ရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက

တောတွင်းစခန်းချနေတာတွေ၊ လက်နက်ကိုင်ဆောင်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ရဲ့

သတင်းထုတ်ပြန်ချက်တွေ ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေ

အပြန်အလှန်ပေးတာ တွေ လုပ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ရတာလို့ ရဲ တပ် ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ချယ်ရီထက်က လူမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့

မတ်လအတွင်း “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။

တရားပါတယ်လို့တော့ မပြောပါနဲ့”၊

We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “ လွမ်းလိုက်တာအမေ ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲတာဝန်ယူချိန်

ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ရဲအုပ် ချယ်ရီထက်ကို သက်တော်စောင့်အဖြစ် တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။

စိတ်မကောင်းစရာ ထပ်မံကြားသိရတဲ့ သတင်းတွေ အရ ချယ်ရီထက်ကို ရမည်းသင်း အကျဥ်းထောင်ကို ပို့လိုက်ပြီလို့ ကြားသိရပါတယ်

Add a Comment

Your email address will not be published.