ခေတ်ပျ က်ကြီးမှာ ငွေနဲ့ လိုက်ရင် အမှုကို သေးအောင်ပြော င်းလို့ရတဲ့ ခေတ်ကို ပြန်ရောက်နေပြီ ဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်

ခေတ်ကာလ ကြီးကိုယ်တိုင်က ပိုက်ဆံပေးရင် အမှုသေးအောင် လုပ်လို့ရတဲ့ ခေတ်ကို ပြန်ရောက်နေပြီဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်.. ( ငွေရှိရင် ဘာမဆိုဖြစ်တဲ့ခေတ်ကြီး…. )

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဖုန်းခိုးမှု၊ အကျိုးဖျက်ဆီးမှုဖြင့် အမှုဖွင့်ထားတာကို ကောက်ရပစ္စည်းပြန်မပေးမှုဆိုသည့် အမှုအဖြစ် ပြောင်းလဲခဲ့သဖြင့် အမှုအမှန်အတိုင်းဖြစ်စေရေး တရားလိုမှ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။

တိုင်းတရားလွှတ်တော်တရားသူကြီး ဦး—- ဆိုသူသည် ၂၄.၁၁.၂၀၂၁ နေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Shine Office Tower တွင် မွေးနေ့ပွဲကျင်းပပြုလုပ်ခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇော်မျိူးမှာ ဖိတ်ကြားချက်အရမွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်။

ဦးအောင်ဇော်မျိုး ကိုင်ဆောင်လာသည့်ဖုန်း Samsung (Note 20 Ultra အမျိုးအစား) မှာ အဆိုပါမွေးနေ့ပွဲတွင် ပျောက်သွားခဲ့သဖြင့် မွေးနေ့ပွဲပြီး နောက်တစ်ရက်တွင် Samsung Phone Application မှ ပျောက်ဆုံးသွားသောဖုန်း တည်နေရာအား ရှာဖွေခဲ့ရာမွေးနေ့ပွဲသို့ လာရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူဦး— ၏

နေအိမ်ဖြစ်သည်ကို သိရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းအိမ်သို့သွားရောက်၍ ဖုန်းအား ပြန်လည်တောင်းယူရာ ဖုန်း၏ အပေါ်ယံမှန်များပျက်စီးနေပြီး ဖုန်းတွင်းမှာရှိသော အချက်အလက် ဒေတာများလည်း ဖျက်ထားသည့်အပြင်

ဆင်းကတ်အားလည်း ထုတ်ထားသည်ကို တွေ့ရသဖြင့် စီးပွားရေးလုပ်ငန်းရှင်ဦး—- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်း၌ ခိုးမှု၊ အကျိုးဖျက်စီးမှုစသည့် ပုဒ်မများဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီးဦး— အား ၄.၁၂.၂၀၂၁ နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၁၇.၁၂.၂၀၂၁ နေ့တွင် အာမခံဖြင့် ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။

ခိုးမှု၊ အကျိုးပျက်စီးမှုများဖြင့် အမှုဖွင့်ခဲ့သောပုဒ်မကိုလည်း ကောက်ရပစ္စည်းပြန်မပေးမှု၊ ပုဒ်မ – ၄၀၃ ဖြင့် ပြောင်းလဲခဲ့ကြောင်း သိရှိရသဖြင့် တရားလိုအဖြစ်အမှုဖွင့်ခဲ့သူ ရှေ့နေ ဦးအောင်ဇော်မျိုးက ယခုလို သတင်းစာရာရှင်းလင်းပွဲပြုလုပ်၍

သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အမှုအမှန်အတိုင်းဖြစ်စေရေးအတွက် တရားဥပဒေနှင့်အညီ သက်ဆိုင်ရာအကြီးအကဲများသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ၂.၁.၂၀၂၂ နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပန်းခြံအနီးရှိ Royal Garden Restaurant ၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေ ဦးအောင်ဇော်မျိုးက ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

Zawgyi

ေခတ္ကာလ ႀကီးကိုယ္တိုင္က ပိုက္ဆံေပးရင္ အမႈေသးေအာင္ လုပ္လို႔ရတဲ့ ေခတ္ကို ျပန္ေရာက္ေနၿပီဆိုတာ သက္ေသျပလိုက္တဲ့ ျဖစ္ရပ္.. ( ေငြရွိရင္ ဘာမဆိုျဖစ္တဲ့ေခတ္ႀကီး…. )

စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ဖုန္းခိုးမႈ၊ အက်ိဳးဖ်က္ဆီးမႈျဖင့္ အမႈဖြင့္ထားတာကို ေကာက္ရပစၥည္းျပန္မေပးမႈဆိုသည့္ အမႈအျဖစ္ ေျပာင္းလဲခဲ့သျဖင့္ အမႈအမွန္အတိုင္းျဖစ္ေစေရး တရားလိုမွ သတင္းစာရွင္းလင္းပြဲက်င္းပခဲ့သည္။

တိုင္းတရားလႊတ္ေတာ္တရားသူႀကီး ဦး—- ဆိုသူသည္ ၂၄.၁၁.၂၀၂၁ ေန႔ညေနပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ရွိ Shine Office Tower တြင္ ေမြးေန႔ပြဲက်င္းပျပဳလုပ္ခဲ့ရာ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေဇာ္မ်ိဴးမွာ ဖိတ္ၾကားခ်က္အရေမြးေန႔ပြဲသို႔ တက္ေရာက္ခဲ့သည္။

ဦးေအာင္ေဇာ္မ်ိဳး ကိုင္ေဆာင္လာသည့္ဖုန္း Samsung (Note 20 Ultra အမ်ိဳးအစား) မွာ အဆိုပါေမြးေန႔ပြဲတြင္ ေပ်ာက္သြားခဲ့သျဖင့္ ေမြးေန႔ပြဲၿပီး ေနာက္တစ္ရက္တြင္ Samsung Phone Application မွ ေပ်ာက္ဆုံးသြားေသာဖုန္း တည္ေနရာအား ရွာေဖြခဲ့ရာေမြးေန႔ပြဲသို႔ လာေရာက္ခဲ့သည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သူဦး— ၏

ေနအိမ္ျဖစ္သည္ကို သိရွိခဲ့ရသည္။ ထို႔ေၾကာင့္ ၎အိမ္သို႔သြားေရာက္၍ ဖုန္းအား ျပန္လည္ေတာင္းယူရာ ဖုန္း၏ အေပၚယံမွန္မ်ားပ်က္စီးေနၿပီး ဖုန္းတြင္းမွာရွိေသာ အခ်က္အလက္ ေဒတာမ်ားလည္း ဖ်က္ထားသည့္အျပင္

ဆင္းကတ္အားလည္း ထုတ္ထားသည္ကို ေတြ႕ရသျဖင့္ စီးပြားေရးလုပ္ငန္းရွင္ဦး—- အား မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရဲစခန္း၌ ခိုးမႈ၊ အက်ိဳးဖ်က္စီးမႈစသည့္ ပုဒ္မမ်ားျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ၿပီးဦး— အား ၄.၁၂.၂၀၂၁ ေန႔တြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ ၁၇.၁၂.၂၀၂၁ ေန႔တြင္ အာမခံျဖင့္ ျပန္လႊတ္ခဲ့ေၾကာင္း သိရပါတယ္။

ခိုးမႈ၊ အက်ိဳးပ်က္စီးမႈမ်ားျဖင့္ အမႈဖြင့္ခဲ့ေသာပုဒ္မကိုလည္း ေကာက္ရပစၥည္းျပန္မေပးမႈ၊ ပုဒ္မ – ၄၀၃ ျဖင့္ ေျပာင္းလဲခဲ့ေၾကာင္း သိရွိရသျဖင့္ တရားလိုအျဖစ္အမႈဖြင့္ခဲ့သူ ေရွ႕ေန ဦးေအာင္ေဇာ္မ်ိဳးက ယခုလို သတင္းစာရာရွင္းလင္းပြဲျပဳလုပ္၍

သတင္းမီဒီယာမ်ားသို႔ ရွင္းလင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ အမႈအမွန္အတိုင္းျဖစ္ေစေရးအတြက္ တရားဥပေဒႏွင့္အညီ သက္ဆိုင္ရာအႀကီးအကဲမ်ားသို႔ ဆက္လက္တင္ျပမည္ျဖစ္ေၾကာင္း ၂.၁.၂၀၂၂ ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ပန္းၿခံအနီးရွိ Royal Garden Restaurant ၌ က်င္းပျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေရွ႕ေန ဦးေအာင္ေဇာ္မ်ိဳးက ေျပာၾကားခဲ့ပါေၾကာင္း သိရွိရပါသည္။

Add a Comment

Your email address will not be published.