ခေတ်သစ် ကိုလိုနီတွေက ပြည်သူတွေ စည်းလုံးမှု ပြိုကွဲပြီး တိုင်းပြည်ကို ခြယ်လှယ်ဖို့ လုပ်နေတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ခေတ်သစ်ကိုလိုနီဝါဒီတွေက တိုင်းရင်းသားပြည်သူတွေ စည်လုံးမှုပြိုကွဲပြီး မြန်မာနိုင်ငံကို ခြယ်လှယ်လို့ ရအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ မအလ ကိုလိုနီခေတ်က တိုင်ရင်းသားတွေ စည်းရုံးညီညွတ်မှုပြိုကွဲအောင်လုပ်ပြီး

ကျွန်သက်ရှည်အောင် လုပ်ခဲ့သလို ခေတ်သစ်ကိုလိုနီဝါဒီတွေက တိုင်းရင်းသားပြည်သူတွေ စည်လုံးမှုပြိုကွဲပြီး မြန်မာနိုင်ငံကို လိုသလို ခြယ်လှယ်လို့ရအောင် လုပ်ဆောင်နေတယ်လို့

မင်းအောင်လှိုင်က ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားတာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကို ရင်ဆိုင်ကျော်ဖြတ်ရင်း နိုင်ငံ့လိုအပ်ချက်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ညီညွတ်စွာ

လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့လည်း ပြောကြားပါတယ်။ ပြည်သူတွေ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ NUG နဲ့ PDF တို့ရဲ့ လှုပ်ရှားမှုတွေကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ပြည်သူတွေနဲ့

ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို ဆင်ခြင်တုံတရားထားပြီး လက်ရှိ မိမိတို့ရရှိထားတဲ့ လွတ်လပ်ရေးတန်ဖိုးကို သိရှိနားလည်ကာ နိုင်ငံ့အကျိုးကို တတ်စွမ်းသမျှ ထမ်းဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Zawgyi

ေခတ္သစ္ကိုလိုနီဝါဒီေတြက တိုင္းရင္းသားျပည္သူေတြ စည္လုံးမႈၿပိဳကြဲၿပီး ျမန္မာႏိုင္ငံကို ျခယ္လွယ္လို႔ ရေအာင္ လုပ္ေဆာင္ေနတယ္ဆိုတဲ့ မအလ ကိုလိုနီေခတ္က တိုင္ရင္းသားေတြ စည္း႐ုံးညီၫြတ္မႈၿပိဳကြဲေအာင္လုပ္ၿပီး

ကြၽန္သက္ရွည္ေအာင္ လုပ္ခဲ့သလို ေခတ္သစ္ကိုလိုနီဝါဒီေတြက တိုင္းရင္းသားျပည္သူေတြ စည္လုံးမႈၿပိဳကြဲၿပီး ျမန္မာႏိုင္ငံကို လိုသလို ျခယ္လွယ္လို႔ရေအာင္ လုပ္ေဆာင္ေနတယ္လို႔

မင္းေအာင္လႈိင္က ေျပာပါတယ္။ ဒီေန႔ ဇန္နဝါရီ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ ၇၄ ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အခမ္းအနားကို မင္းေအာင္လႈိင္က ေပးပို႔တဲ့ သဝဏ္လႊာမွာ ထည့္သြင္းေျပာၾကားထားတာ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါကို ရင္ဆိုင္ေက်ာ္ျဖတ္ရင္း ႏိုင္ငံ့လိုအပ္ခ်က္ျဖစ္တဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ရမွာျဖစ္ၿပီး တိုင္းရင္းသားျပည္သူေတြရဲ႕ စစ္မွန္တဲ့ ျပည္ေထာင္စုစိတ္ဓာတ္ကို အေျခခံကာ ညီၫြတ္စြာ

လုပ္ေဆာင္ဖို႔ အထူးလိုအပ္တယ္လို႔လည္း ေျပာၾကားပါတယ္။ ျပည္သူေတြ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ထိခိုက္ေစတဲ့ NUG နဲ႔ PDF တို႔ရဲ႕ လႈပ္ရွားမႈေတြကို ထိေရာက္စြာ ဟန႔္တားႏိုင္ေရးအတြက္ ျပည္သူေတြနဲ႔

ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာၾကားထားပါတယ္။ မ်ိဳးဆက္သစ္ေတြအေနနဲ႔ အတိတ္က ျဖစ္ရပ္ေတြကို ဆင္ျခင္တုံတရားထားၿပီး လက္ရွိ မိမိတို႔ရရွိထားတဲ့ လြတ္လပ္ေရးတန္ဖိုးကို သိရွိနားလည္ကာ ႏိုင္ငံ့အက်ိဳးကို တတ္စြမ္းသမွ် ထမ္းေဆာင္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

Add a Comment

Your email address will not be published.