“လေထဲကအိမ်” သီချင်းလေးကို ကိုယ်တိုင်ဂစ်တာလေး တီးပြီး COVER ပြန်လည်သီဆိုခဲ့တဲ့ စံထိပ်ထားဦး…





Credit – CELE ZONE

Unicode
“လေထဲကအိမ်” သီချင်းလေးကို ကိုယ်တိုင်ဂစ်တာလေး တီးပြီး COVER ပြန်လည်သီဆိုခဲ့တဲ့ စံထိပ်ထားဦး…

ပရိသတ်ကြီးရေ စံထိပ်ထားဦးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ သမီးချောလေးဖြစ်ပြီး မေမေခိုင်သင်းကြည်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် မျိုးဆက်သစ်အနုပညာရှင်လေးလည်းဖြစ်ပါတယ်။

ထိပ်ထိပ်လေးကိုယ်တိုင်ကလည်း လက်ရှိမှာအနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ထိပ်ထိပ်လေးကတော့ အားတဲ့အချိန်တွေမှာလည်း သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး မနေ့က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကိုယ်တိုင် ဂစ်တာလေးတီးကာ သီချင်းလေးသီဆိုနေတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။

သီချင်းလေးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဘန်နီဖြိုးနဲ့ အမရာဘုန်းတို့ရဲ့ “လေထဲကအိမ်” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ထိပ်ထိပ်ရဲ့ ချိုသာပြီးဆွဲဆောင်မှုရှိလှတဲ့ အသံလေးနဲ့ သီချင်းလေးကို ပြန်လည်သီဆိုထားပုံလေးက တကယ်ကို နားထောင်ရတာ ကြိုက်နှစ်သက်ဖို့ကောင်းလွန်းလှပါတယ်။

ပရိသတ်ကြီးတွေလည်း ခံစားနိုင်ဆင်နိုင်ဖို့ ထိပ်ထိပ်လေးရဲ့ ဒီသီချင်းသီဆိုနေတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Credit – CELE ZONE

Be the first to comment

Leave a Reply

Your email address will not be published.


*